Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟောမုဇ်ကို အကြာကြီး ပိတ်ဆို့ထားနိုင်ကြောင်း အီရန်ကို အမေရိကန် ကာကွယ်ရေးဝန်ကြီး သတိပေး

ဟောမုဇ် ရေလက်ကြားမှာ အီရန် ဆိပ်ကမ်းတွေကို အချိန်အကြာကြီး ဆက်လက် ပိတ်ဆို့ထားနိုင်စွမ်း ရှိနေကြောင်းနဲ့ လိုအပ်လာရင် အီရန်ရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်ဖို့လည်း အသင့်ရှိနေကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ခြိမ်းခြောက် ပြောကြားလိုက်ပါတယ်။

ဟောမုဇ် ရေလက်ကြားမှာ အီရန် ဆိပ်ကမ်းတွေကို အချိန်အကြာကြီး ဆက်လက် ပိတ်ဆို့ထားနိုင်စွမ်း ရှိနေကြောင်းနဲ့ လိုအပ်လာရင် အီရန်ရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်ဖို့လည်း အသင့်ရှိနေကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ခြိမ်းခြောက် ပြောကြားလိုက်ပါတယ်။

ဧပြီ ၁၆ ရက်နေ့မှာ ပိထ်ဟက်ဂ်ဆက်သ်က လက်ရှိ အီရန်နဲ့ ရယူထားတဲ့ နှစ်ပတ်ကြာ အပစ်ရပ်မှုဟာ ဆက်လက် တည်တံ့နေကြောင်း အတည်ပြုခဲ့ပေမယ့် အီရန်အပေါ် တင်းမာတဲ့ သဘောထားမျိုးတွေနဲ့ သတိပေး ပြောဆိုလာတာ ဖြစ်ပါတယ်။

အပစ်ရပ် ကာလအတောအတွင်း ပါကစ္စတန်မှာ အမေရိကန်နဲ့ အီရန်တို့ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အဲဒီနောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်နဲ့ အဆက်အစပ်ရှိတဲ့ သင်္ဘောမှန်သမျှ ဟောမုဇ် ရေလက်ကြားက ဖြတ်သန်းခွင့်ကို စစ်အင်အားသုံးပြီး ပိတ်ချထားဖို့ အမေရိကန် စစ်တပ်ကို အမိန့်ပေးထားခဲ့တာ ဖြစ်ပါတယ်။

အခုသီတင်းပတ် အစောပိုင်းမှာ စတင်ခဲ့တဲ့ အမေရိကန်ရဲ့ ပိတ်ဆို့မှုဟာ လိုရင်လိုသလောက် အကြာကြီး ဆက်ရှိနေနိုင်ကြောင်း ဟက်ဂ်ဆက်သ်က ပြောပါတယ်။ အမေရိကန်ဟာ အရင်ကထက် အများကြီးပိုပြီး အင်အား ဖြည့်တင်းနေကြောင်း၊ ပိုအရေးကြီးတာက အရင်ကထက် အများကြီး ပိုကောင်းတဲ့ ထောက်လှမ်းရေး အရင်းအမြစ်တွေကို အသုံးပြုနေကြောင်း ဝန်ကြီးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လောလောဆယ် အပစ်ရပ်ထားပေမယ့် အီရန်ရဲ့ စစ်ရေး လှုပ်ရှားမှုတိုင်းကို အမေရိကန်က မျက်ခြေမပြတ် စောင့်ကြည့်နေပြီး အီရန်ရဲ့ အရပ်ဖက်-စစ်ဘက် နှစ်မျိုး အသုံးပြုနိုင်တဲ့ အခြေခံ အဆောက်အအုံတိုင်းကို ပစ်မှတ်ထား ချိန်ရွယ်ထားကြောင်း၊ အဲဒီထဲမှာ အီရန်ရဲ့ လက်ကျန် ဓာတ်အားပေး စက်ရုံတွေနဲ့ စွမ်းအင်ဆိုင်ရာ စက်မှုလုပ်ငန်းတွေပါ ပါဝင်နေကြောင်း ဟက်ဂ်ဆက်သ်က ပြောကြားသွားပါတယ်။

အီရန် ခေါင်းဆောင်တွေ အနေနဲ့ အမေရိကန်ရဲ့ ဆက်လက် ဖိအားပေးမှုကို မလိုချင်ဘူးဆိုရင် ပါးနပ်တဲ့ ရွေးချယ်မှုကို ရွေးချယ်ဖို့ လိုလိမ့်မယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။

အီရန်အနေနဲ့ သာယာဝပြောတဲ့ အနာဂတ် တစ်ခုကို ရွှေလမ်းငွေလမ်းဖောက်ပြီး ရွေးချယ်ခွင့် ရှိနေကြောင်း၊ အီရန် ပြည်သူတွေအတွက် အစိုးရက အဲဒီလို ရွေးချယ်မှုမျိုး လုပ်ဖို့လည်း အမေရိကန်က မျှော်လင့်ကြောင်း ဟက်ဂ်ဆက်သ်က ဆိုပါတယ်။

တခြားတစ်ဖက်မှာတော့ အမေရိကန် အနေနဲ့ လက်ရှိ ရေလမ်းကြောင်း ပိတ်ဆို့မှုတွေကို အောင်အောင်မြင်မြင်နဲ့ အချိန်အကြာကြီး လိုရင်လိုသလောက် ဆက်လက် ထိန်းသိမ်းထားနိုင်စွမ်း ရှိနေကြောင်း၊ အီရန်ဖက်က ဆိုးရွားမိုက်မဲတဲ့ ရွေးချယ်မှုတွေ ရှိလာရင်တော့ ပိတ်ဆို့မှု သက်သက်တင် မကဘဲ နိုင်ငံရဲ့ အခြေခံ အဆောက်အအုံတွေ၊ စွမ်းအင်နဲ့ ဓာတ်အားပေး စနစ်တွေအပေါ် ဗုံးတွေ ကျလာတာကိုပါ ကြုံရမှာဖြစ်ကြောင်း ဟက်ဂ်ဆက်သ်က ပြောကြားသွားပါတယ်။

ဧပြီ ၁၅ ရက်နေ့တုန်းက ပါကစ္စတန် ကိုယ်စားလှယ် အဖွဲ့တစ်ခုဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ နောက်တစ်ကျော့ ပြန်စနိုင်ရေးအတွက် အီရန်ရဲ့ မြို့တော် တဟီရန်ဆီကို သွားရောက်ခဲ့ပါတယ်။ ကနဦးအဆင့် ဆွေးနွေးမှုတွေ ပျက်ပြယ်ခဲ့တဲ့တိုင် နောက်တစ်ကြိမ် ဆွေးနွေးမှုတွေ ပြန်စဖို့ အလားအလာတွေ ရှိနေဆဲလို့ အမေရိကန်နဲ့ အီရန် နှစ်ဖက်စလုံးက အသီးသီး အတည်ပြုထားပါတယ်။

ကိုးကား: Al Jazeera

ဓာတ်ပုံ – AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ဘနွန်မှာ အစ္စရေးက တိုက်ခိုက်မှုတွေ မရပ်တဲ့အတွက် ဟောမုဇ် ရေလက်ကြားကို ပြန်ပိတ်လိုက်ကြောင်း အီရန်စစ်တပ်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။