Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယား အခြေစိုက် ဒုံးကျည် ကာကွယ်ရေး စနစ်ကို အရှေ့အလယ်ပိုင်းဆီ အမေရိကန် မရွှေ့ခဲ့ဘူးလို့ဆို

တောင်ကိုရီးယားမှာ ဖြန့်ကျက်ထားခဲ့တဲ့ မဟာဗျူဟာ ဒုံးကျည်ကာကွယ်ရေး စနစ်တစ်ခုကို အီရန်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းဆီ အမေရိကန်က ပြောင်းရွှေ့ခဲ့ကြောင်း သတင်းတွေကို အမေရိကန် ထိပ်တန်း စစ်ဗိုလ်ချုပ် တစ်ဦးက ငြင်းဆိုခဲ့ပါတယ်။

ဓာတ်ပုံ - US Army

တောင်ကိုရီးယားမှာ ဖြန့်ကျက်ထားခဲ့တဲ့ မဟာဗျူဟာ ဒုံးကျည်ကာကွယ်ရေး စနစ်တစ်ခုကို အီရန်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းဆီ အမေရိကန်က ပြောင်းရွှေ့ခဲ့ကြောင်း သတင်းတွေကို အမေရိကန် ထိပ်တန်း စစ်ဗိုလ်ချုပ် တစ်ဦးက ငြင်းဆိုခဲ့ပါတယ်။

တောင်ကိုရီးယားမှာရှိတဲ့ အမေရိကန် စစ်ဆင်ရေး အစီအမံတွေကို ကွပ်ကဲရတဲ့ ဗိုလ်ချုပ်ကြီး ဇေဗီးယား ဘရန်ဆန်က THAAD လေကြောင်းကာကွယ်ရေး ဒုံးကျည်စနစ်ကို တောင်ကိုရီးယားကနေ ဖြုတ်သိမ်းပြီး အရှေ့အလယ်ပိုင်းဖက်ဆီ အမေရိကန်က ရွှေ့ပြောင်းခဲ့တယ်ဆိုတာ မမှန်ကန်ဘူးလို့ ဧပြီ ၂၁ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

မတ်လတုန်းက ဝါရှင်တန်ပို့စ် သတင်းစာဟာ အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်ထဲက သတင်းရင်းမြစ် နှစ်ခုကို ကိုးကားပြီး တောင်ကိုရီးယားမှာ ဖြန့်ကျက်ထားတဲ့ THAAD စနစ်ရဲ့ အစိတ်အပိုင်းတွေကို အအမေရိကန်စစ်တပ်က အရှေ့အလယ်ပိုင်းဆီ ပို့ဆောင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ အဲဒီတုန်းက အရှေ့အလယ်ပိုင်းမှာရှိတဲ့ အမေရိကန် စစ်စခန်းတွေဟာ အီရန်ရဲ့ ဒရုန်းနဲ့ ဒုံးကျည်တွေ အသုံးပြု တုံ့ပြန်တိုက်ခိုက်မှုတွေကို ဟန့်တားနေရတဲ့ အချိန်မျိုး ဖြစ်ပါတယ်။

တောင်ကိုရီးယား အစိုးရကလည်း တကယ်သာ အမေရိကန်က သူတို့ရဲ့ ဒုံးကျည်ကာကွယ်ရေး စနစ်တွေကို ဖြုတ်ယူသိမ်းဆည်းမယ်ဆိုရင် တားဆီးပိုင်ခွင့် မရှိဘူးလို့ အရိပ်အမြွက် မှတ်ချက်ပေးခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် အထက်လွှတ်တော်ရဲ့ ကြားနာမှု အစီအစဉ် တစ်ခုမှာတော့ THAAD စနစ် အစိတ်အပိုင်းတွေကို တောင်ကိုရီးယားကနေ ရွှေ့ပြောင်းလိုက်ခြင်းဟာ မြောက်ကိုရီးယား ဒုံးကျည် ခြိမ်းခြောက်မှုကို ကာကွယ်နိုင်စွမ်း လျော့မသွားစေဘူးလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့ ပြန်ဖြေခဲ့ပြီး အဲဒီ စနစ်ကို ရွှေ့ပြောင်းတာမျိုး မလုပ်ခဲ့ဘူးလို့ ပြောဆိုသွားပါတယ်။

THAAD စနစ်ကို ဖြုတ်ယူသိမ်းဆည်းတာမျိုး မရှိခဲ့တာကြောင့် ကိုရီးယားကျွန်းဆွယ်မှာပဲ ဆက်လက် ရှိနေဆဲဖြစ်ကြောင်း၊ ဒါပေမဲ့ အဲဒီစနစ်မှာ အသုံးပြုတဲ့ ခဲယမ်းမီးကျောက် တချို့ကိုတော့ သယ်ယူရွှေ့ပြောင်းတာ၊ ရွှေ့ပြောင်းဖို့ ပြင်ဆင်စေတာတွေ ရှိခဲ့ကြောင်း သူက ဆိုပါတယ်။

နောက်ပြီး ၂၀၂၅ နှစ်လယ်ပိုင်းတုန်းက အီရန် နျူကလီးယား စက်ရုံတွေကို အမေရိကန်က ဗုံးကြဲခဲ့တဲ့ Midnight Hammer စစ်ဆင်ရေး မတိုင်ခင် ကတည်းက ရေဒါတချို့ကို အရွှေ့အပြောင်း လုပ်ထားခဲ့ပြီး တချို့တွေက မူလနေရာ ပြန်ရောက်မလာသေးကြောင်း၊ ဒါပေမဲ့ THAAD စနစ်ကတော့ တောင်ကိုရီးယားမှာပဲ ဆက်ရှိနေကြောင်း ဘရန်ဆန်က တုံ့ပြန်ခဲ့ပါတယ်။

THAAD စနစ်ရဲ့ အစိတ်အပိုင်းတွေကို အမေရိကန်က ဖြုတ်ယူ ရွှေ့ပြောင်းနေကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့တုန်းက တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အဲဒီသတင်း မှန်မမှန် ဆိုတာကို တိုက်ရိုက် အတည်မပြုခဲ့ပေမယ့် အမေရိကန်ရဲ့ ဒုံးကျည်ကာကွယ်ရေး စနစ်တွေ ရွှေ့ပြောင်းသွားရင်တောင်မှ တောင်ကိုရီးယားဟာ မြောက်ပိုင်းမှာရှိတဲ့ ပြိုင်ဘက် နိုင်ငံဆီက ရောက်လာမယ့် ဘယ်လို ခြိမ်းခြောက်မှုကိုမဆို ဟန့်တားနိုင်စွမ်း အပြည့်ရှိတယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

Facebook