Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်ရဲ့ Patriot အစား ဥရောပရဲ့ အကောင်းဆုံး လေကြောင်းကာကွယ်ရေး စနစ်ကို ဒိန်းမတ်ရွေးချယ်

အမေရိကန်ရဲ့ နာမည်ကျော် Patriot စနစ်အစား ဥရောပရဲ့ အကောင်းဆုံး လေကြောင်းကာကွယ်ရေး စနစ်လို့ သတ်မှတ်ခံရတဲ့ SAMP/T NGကို ဒိန်းမတ်က ရွေးချယ်လိုက်ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Getty

အမေရိကန်ရဲ့ နာမည်ကျော် Patriot စနစ်အစား ဥရောပရဲ့ အကောင်းဆုံး လေကြောင်းကာကွယ်ရေး စနစ်လို့ သတ်မှတ်ခံရတဲ့ SAMP/T NGကို ဒိန်းမတ်က ရွေးချယ်လိုက်ကြောင်း သိရပါတယ်။

ပြင်သစ် ကာကွယ်ရေးနဲ့ နည်းပညာ ကော်ပိုရေးရှင်း Thalesက ဒိန်းမတ်အတွက် ပထမဆုံး SAMP/T NG စနစ်ကို ၂၀၂၈ ခုနှစ်မှာ တင်ပို့သွားဖို့ ရည်ရွယ်ထားကြောင်း ဧပြီ ၂၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

SAMP/T NGဟာ ဥရောပတိုက်ရဲ့ ခေတ်အမီဆုံး မြေပြင်အခြေစိုက် တာလတ်ပစ် လေကြောင်းကာကွယ်ရေး စနစ်အနေနဲ့ သတ်မှတ် ခံထားရပါတယ်။ ပြီးတော့ Patriotရဲ့ အဓိက ပြိုင်ဘက် စနစ်တစ်ခုလို့လည်း ယူဆမှုတွေ ရှိနေပါတယ်။

ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့တဲ့ စစ်ပွဲနောက်ပိုင်း ဒိန်းမတ်ဟာ ကာကွယ်ရေးကဏ္ဍကို ပိုပြီး ထဲထဲဝင်ဝင် မြှင့်တင်ဖို့ အားထည့် လုပ်ဆောင်လာသလို လေကြောင်း ကာကွယ်ရေး စွမ်းရည်အတွက် SAMP/T NGနဲ့ Patriotတို့ကြားမှာ အလေးအနက် စဉ်းစား ရွေးချယ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြင်သစ်နဲ့ အီတလီတို့ ပူးပေါင်းတီထွင်ခဲ့တဲ့ အဲဒီ လေကြောင်းကာကွယ်ရေး စနစ်ဟာ ပဲ့ထိန်းဒုံးကျည်တွေ၊ ခရုစ်ဒုံးကျည်တွေ၊ လေယာဉ်တွေကို ထိထိရောက်ရောက် ခြေရာခံ ရှာဖွေပြီး ဟန့်တားနိုင်ပါတယ်။ SAMP/T NGဟာ မူလ SAMP/T စနစ်ကို အဆင့်မြှင့်တင်ထားတာဖြစ်ပြီး ကီလိုမီတာ ၁၅၀ လောက်က ပစ်မှတ်တွေကို အသံထက် ၄ ဆခွဲလောက်မြန်တဲ့နှုန်းနဲ့ ပစ်ချနိုင်မယ်လို့ သိရပါတယ်။

ဒိန်းမတ်ဟာ ပြင်သစ်နဲ့ အီတလီတို့ အပြီးမှာ အဲဒီ မျိုးဆက်သစ် လေကြောင်းကာကွယ်ရေး စနစ်ကို အသုံးပြုမယ့် တတိယမြောက် နိုင်ငံ ဖြစ်လာမှာပါ။ အီတလီနဲ့ ပြင်သစ်တို့ဟာ SAMP/T NG စနစ် ၈ ခုထိ ယူကရိန်းကို ရေရှည်မှာ ထောက်ပံ့ပေးပို့သွားဖို့လည်း ရည်ရွယ်ထားပါတယ်။

လက်ရှိမှာ အမေရိကန်ရဲ့ Patriot စနစ်ကို အသုံးပြုနေတဲ့ ဥရောပ သမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံ စုစုပေါင်း ၇ ခု ရှိနေကြောင်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

Facebook