Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နီပေါမှာမြို့လယ်ခေါင်တက်ပြီးရန်ဖြစ်ကြတဲ့ ကြံ့ကြီးတွေ

နီပေါနိုင်ငံရဲ့လူနေဧရိယာတစ်ခုမှာအချင်းချင်းအငြှိုးတကြီးတိုက်ခိုက်နေတဲ့ ကြံ့ကြီးနှစ်ကောင်ရဲ့ဗီဒီယိုဟာလူမှုကွန်ရက်သုံးစွဲသူတွေကြားမှာလူပြောများခဲ့ပါတယ်။

မေ – ၁၆ ၊၂၀၂၆

နီပေါနိုင်ငံရဲ့လူနေဧရိယာတစ်ခုမှာအချင်းချင်းအငြှိုးတကြီးတိုက်ခိုက်နေတဲ့ ကြံ့ကြီးနှစ်ကောင်ရဲ့ဗီဒီယိုဟာလူမှုကွန်ရက်သုံးစွဲသူတွေကြားမှာလူပြောများခဲ့ပါတယ်။

အဲဒီဖြစ်စဉ်ဟာမေလ ၁၁ ရက်နေ့တုန်းကချစ်တ်ဝမ်အမျိုးသား သဘာဝ ဘေးမဲ့ဥယျာဉ်နားက ဆူဟာရာဆိုတဲ့ မြို့လေးမှာ ပေါ်ပေါက်လာခဲ့တာပါ။

ဆူဟာရာမြို့ဟာသဘာဝပတ်ဝန်းကျင်ကိုချစ်ခင်တဲ့ ကမ္ဘာလှည့် ခရီးသွားတွေကြားမှာ ရေပန်းစားပြီး တောတွင်း ဆာဖာရီ ခရီးစဉ် အစပြုနိုင်မယ့် ဝင်ပေါက်နေရာလည်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ချိုတစ်ချောင်းကြံ့နက်ကြီးနှစ်ကောင်ကမြို့လယ်ဟိုတယ်ဇုန် အပြင်ဖက်က ဆိုင်ခန်းတွဲတွေနား ကားလမ်းပေါ်မှာ အကြိတ်အနယ် ရန်ဖြစ်နေကြတဲ့ မြင်ကွင်းဟာ ဒေသခံတွေကိုရော၊ ကမ္ဘာလှည့် ခရီးသွားတွေကိုပါ အံ့ဩ မင်သက်သွားစေခဲ့ပါတယ်။

မြို့ထဲကို မျက်စိလည်လာတဲ့ တောရိုင်းတိရစ္ဆာန်တွေကို တွေ့ရမြင်ရတာမျိုးက ဆူဟာရာမှာတော့ မဆန်းတော့ပါဘူး။ ပြီးတော့ အဲဒီ တိရစ္ဆာန် အများစုက လူကိုလည်း အန္တရာယ် မပေးကြပါဘူး။ ဒါပေမဲ့ ကြီးမားကြံ့ခိုင်တဲ့ ကြံ့နက်ကြီးနှစ်ကောင် မြို့ထဲထိဝင်ပြီး ရန်ဖြစ်နေတာကတော့ မြို့ခံတွေကိုယ်တိုင် ပါးစပ်အဟောင်းသား ဖြစ်သွားစေတဲ့ အတွေ့အကြုံလို့ ဆိုနိုင်ပါတယ်။

လူတွေကလည်း ကြံ့နှစ်ကောင်ရဲ့ ရန်ပွဲကိုပေအနည်းငယ်လောက် အကွာကနေ စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ကြပတယ်။ အများအပြားကလည်း ဖုန်းတွေနဲ့ ဗီဒီယို ရိုက်နေကြပါတယ်။

မျက်မြင်တွေရဲ့ အဆိုအရ အသက်ပိုကြီးတဲ့ ကြံ့ကြီးက ဟိုတယ်တွေ တဝိုက်မှာ အေးအေးလူလူ လှည့်လည် သွားလာနေတုန်း သူ့ရဲ့ ပိုင်နက်နယ်မြေကိုလုဖို့အတွက် ကြံ့ပျိုတစ်ကောင်က စတင် စိန်ခေါ်ခဲ့တာလို့ သိရပါတယ်။

အဲဒီနောက် ကြံ့နှစ်ကောင်ဟာ ဟိုတယ်ဝင်းထဲကနေ ထွက်သွားပြီး ကားလမ်းပေါ်မှာ မာန်ဖီအော်ဟစ် တိုက်ခိုက်ကြတော့တာ ဖြစ်ပါတယ်။ သူတို့တွေဟာ ခွန်အားကိုသုံးပြီး တစ်ကောင်ကိုတစ်ကောင် ဖိနှိပ် အနိုင်ယူဖို့ ကြိုးစားနေခဲ့တာကို တွေ့ရပါတယ်။

နိုင်ငံခြားသား တစ်ဦးကတော့ ကြံ့နှစ်ကောင်ရဲ့ ဗီဒီယိုကို Instagramမှာ မျှဝေထားပြီး သူဟာ သားရိုင်း တိရစ္ဆာန်တွေရဲ့ သဘာဝကို ကြည့်ရှုဖို့ ချစ်တ်ဝမ်ကို လာခဲ့တာ ဖြစ်ကြောင်း၊ မမျှော်လင့်ဘဲ အင်မတန် ထူးကဲတဲ့ မြင်ကွင်းကို အနီးကပ် ကြည့်ရှုခွင့် ရခဲ့ကြောင်း ရေးသားထားခဲ့ပါတယ်။

အခုဖြစ်စဉ်မှာ လူတွေ ထိခိုက်မှု မရှိခဲ့သလို ကြံ့နှစ်ကောင်စလုံးလည်း ကြီးကြီးမားမား ဒဏ်ရာ မရခဲ့ဘူးလို့ သိရပါတယ်။

ဆူဟာရာ မြို့ထဲမှာတော့ လမ်းတွေနဲ့ ဟိုတယ်ဝင်းတွေထဲမှာ ကြံ့တွေနဲ့ တခြား တောရိုင်းတိရစ္ဆာန်တွေ အေးအေးလူလူ သွားလာနေတာဟာ ပုံမှန်မြင်ကွင်းဖြစ်ပြီး လူတွေနဲ့ တောရိုင်းတိရစ္ဆာန်တွေကြား သဟဇာတရှိရှိ ယှဉ်တွဲ နေထိုင်လေ့ရှိကြောင်း ဒေသခံတွေက ပြောကြားခဲ့ပါတယ်။

ကိုးကား – Indian Express

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်-နီပေါနယ်စပ် တောင်ပေါ်ရေကြီးမှုတွေအပြီး ရွှံ့တွေအောက်မှာ ၁၀ ရက်နီးပါးလောက် ပိတ်မိနေခဲ့တဲ့ ရေအားလျှပ်စစ်စက်ရုံ ဝန်ထမ်းနှစ်ဦးကို နီပေါ ကယ်ဆယ်ရေး အဖွဲ့တွေက အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ ထိစပ်ရာ နီပေါပိုင်နက်ထဲက ရေဘေးသင့် တောင်ပေါ်ဒေသတွေဆီ အကူအညီ ပစ္စည်းတွေ ပေးပို့ရေးဟာ အရမ်း ခက်ခဲနေတယ်လို့ ကုလသမဂ္ဂ (UN)က ပြောကြားခဲ့ပါတယ်။

Facebook