Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လေဆာ အမွေးရိတ်စက်ကြောင့် ဩစတြေးလျမှာ လေဆိပ်ယာယီပိတ်၊ ဗုံးရှင်းလင်းရေး အဖွဲ့ကိုပါ ခေါ်ယူခဲ့ရ

လေဆာ အမွေးရိတ်စက် တစ်ခုကို ဗုံးလို့ သံသယရှိရာက ဩစတြေးလျမှာ လေဆိပ်တစ်ခု ယာယီပိတ်ခဲ့ရပြီး ဗုံးရှင်းလင်းရေး အဖွဲ့တွေကိုပါ ခေါ်ယူခဲ့ရပါတယ်။

ဓာတ်ပုံ - WAtoday

လေဆာ အမွေးရိတ်စက် တစ်ခုကို ဗုံးလို့ သံသယရှိရာက ဩစတြေးလျမှာ လေဆိပ်တစ်ခု ယာယီပိတ်ခဲ့ရပြီး ဗုံးရှင်းလင်းရေး အဖွဲ့တွေကိုပါ ခေါ်ယူခဲ့ရပါတယ်။

မေလ ၂၁ ရက်နေ့ မနက်ပိုင်းက ဝိတိုရိယ ပြည်နယ်ရဲ့ အက်ဗလွန် လေဆိပ်ထဲက အထုပ်အပိုးတွေ စစ်ဆေးတဲ့ နေရာမှာ scanဖတ်ရင်း သံသယ ဖြစ်စရာ ကိရိယာကို ထောက်လှမ်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အကျိုးဆက် အနေနဲ့ လေဆိပ်ရဲ့ အစိတ်အပိုင်း တစ်ခုမှာ ရှိနေသူတွေကို အရေးပေါ် ရွှေ့ပြောင်းစေခဲ့ပြီး ဗုံးရှင်းလင်းရေး အဖွဲ့ကိုလည်း ခေါ်ယူခဲ့ရပါတယ်။

နောက်တော့ ဗုံးရှင်းလင်းရေး အဖွဲ့တွေ ရောက်လာပြီး သေချာ စစ်ဆေးကြည့်တဲ့နောက် လေဆာ အမွေးရိတ်စက်မှန်း အတည်ပြုပေးခဲ့တယ်လို့ ပြည်နယ် ရဲတပ်ဖွဲ့က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အစောပိုင်းတုန်းက လေဆိပ်ဝန်ထမ်းတွေဟာ အဲဒီ သံသယဖြစ်စရာ ပစ္စည်းကို ပိုင်ရှင်ဖြစ်သူ ယူဆောင်လာတဲ့ ချော့ကလက်တောင့်နဲ့အတူ ဝန်စည်စလယ်တွေ ရွှေ့ပြောင်းပေးတဲ့ ရွေ့လျားစက်ပေါ်မှာ ထားရှိပြီး ရဲတွေကို ဆက်သွယ် အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

ပစ္စည်းရဲ့ ပိုင်ရှင်ကလည်း လေဆိပ် အမှုထမ်းတွေ စုံစမ်းမေးမြန်းတာကို ကောင်းကောင်း ပြန်မဖြေခဲ့ကြောင်း၊ ဒါကြောင့်လည်း အခြေအနေတွေက ဖြစ်သင့်တာထက် ပိုပြီး ရှုပ်ထွေးသွားကြောင်း ဝိတိုရိယ ရဲတပ်ဖွဲ့ရဲ့ စုံထောက် အရာရှိ နစ်ခ်ယူဘာဂျန်က ပြောပါတယ်။

အဲဒီ ခရီးသည်ကို တစ်စုံတရာ အရေးယူတာမျိုး မရှိခဲ့သလို နောက်ပိုင်းမှာတော့ လေဆိပ်ကိုလည်း ပုံမှန် ပြန်ဖွင့်ခဲ့ကြောင်း သူက အတည်ပြုခဲ့ပါတယ်။

လေဆာ အမွေးရိတ်စက်ဟာ မုတ်ဆိတ်လို အမွေးအမင်တွေကို ဖယ်ရှားပြီး ပြန်ပေါက်နှုန်းကိုလည်း နှေးအောင် တီထွင်ထားတာ ဖြစ်ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေရဲ့ မြို့ သုံးမြို့မှာ တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို ဒီနေ့ (စက်တင်ဘာ၁၂) ပြုလုပ်မှာ ဖြစ်ပါတယ်။

နိုင်ငံတကာ

မီးတောင်ချော်ပြာတွေကြောင့် ပိတ်ထားရတဲ့ နိုင်ငံရဲ့ အဓိက လေဆိပ်အပါအဝင် လေဆိပ်တချို့ကို အင်ဒိုနီးရှားမှာ ပြန်လည် ဖွင့်လှစ်ထားခဲ့ပြီ ဖြစ်ပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်အပေါ် အရေးယူမှုတွေ မြှင့်တင်ပေးဖို့ ဩစတြေးလျအစိုးရကို ကမ္ဘာလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (UNI Global Union)အဖွဲ့ဝင်ဖြစ်တဲ့ ဘဏ္ဍာရေးကဏ္ဍအလုပ်သမားသမဂ္ဂ (FSU)က တောင်းဆိုလိုက်ပါတယ်။

သတင်း

ဆော်ဒီအာရေးဘီးယား နိုင်ငံက လေဆိပ်တစ်ခုနဲ့ ရေနံသိုလှောင်ရုံတစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း ယီမင် အခြေစိုက် ဟိုသီ လက်နက်ကိုင် ပြောက်ကျားတပ်ဖွဲ့က အတည်ပြု ကြေညာခဲ့ပါတယ်။

Facebook