Connect with us

Hi, what are you looking for?

နိုင်ငံတကာ

“ဗိုက်ကင်းတွေ လာပြီ” ဆိုတဲ့နော်ဝေးဘောလုံးအသင်း

နော်ဝေးလက်ရွေးစင်ဘောလုံးအသင်းဟာကမ္ဘာ့ဖလားပြိုင်ပွဲမှာပါဝင်ယှဉ် ပြိုင်ခွင့်ရတဲ့အမှတ်တရအဖြစ်ရှေးခေတ်ဗိုက်ကင်း စစ်သည်တွေလို ဓာတ်ပုံစုရိုက်ခဲ့ပါတယ်။

ဓာတ်ပုံ - နော်ဝေးဘောလုံးအဖွဲ့ချုပ်

ဇွန် – ၁၀၊၂၀၂၆

နော်ဝေးလက်ရွေးစင်ဘောလုံးအသင်းဟာကမ္ဘာ့ဖလားပြိုင်ပွဲမှာပါဝင်ယှဉ် ပြိုင်ခွင့်ရတဲ့အမှတ်တရအဖြစ်ရှေးခေတ်ဗိုက်ကင်း စစ်သည်တွေလို ဓာတ်ပုံစုရိုက်ခဲ့ပါတယ်။

အဲဒီရိုက်ကွင်းရဲ့ဓာတ်ပုံတွေကိုပြီးခဲ့တဲ့သီတင်းပတ်မှာနော်ဝေး ဘောလုံးအဖွဲ့ချုပ်က လူမှုကွန်ရက်ပေါ် မျှဝေခဲ့ပါတယ်။ ကစားသမားတွေဟာ ရှေးဟောင်း ဗိုက်ကင်းတွေ ကိုင်ဆောင်လေ့ရှိတဲ့ လေးမြားတွေ၊ ပုဆိန်တွေ၊ ဒိုင်းတွေနဲ့အတူ ဓာတ်ပုံရိုက်ထားကြတာပါ။

နောက်ခံမှာတော့ ရေပြင်နဲ့ တောင်တန်းတွေ ရှိနေပြီး ဗိုက်ကင်းတွေ အသုံးပြုလေ့ရှိတဲ့ ကိုယ်ထည်ရှည်လျားတဲ့ လှေသုံးစီးကိုလည်း တွေ့ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

တခြားအသင်းတွေက လေယာဉ်ပေါ် တက်သွားတဲ့ ဓာတ်ပုံမျိုးတွေကို သုံးပြီး ပြိုင်ပွဲအတွက် ထွက်ခွာသွားတဲ့ အကြောင်း သတင်းထုတ်ပြန်ချိန်မှာ နော်ဝေး ဘောလုံးအဖွဲ့ချုပ်ကတော့ ‘ဗိုက်ကင်းတွေ လာပြီ’ဆိုတဲ့ စာသားနဲ့အတူ အဲဒီဓာတ်ပုံကို ပြသခဲ့တာ ဖြစ်ပါတယ်။

နော်ဝေးတိုက်စစ်မှူးအာလင်းဟာလန်းကလည်းဓားရှည်တစ်လက်နဲ့ ဒိုင်းကို ကိုင်ရင်းအလယ်ခေတ်အစောပိုင်းကာလတုန်းကဗိုက်ကင်းစစ်သည်တော် တစ်ယောက်အဝတ်အစားတွေနဲ့ ရိုက်ထားတဲ့သူ့ရဲ့တစ်ဦးတည်းဓာတ်ပုံကို မျှဝေထားခဲ့ပါသေးတယ်။

ဟာလန်းဟာ လက်ရှိ ကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံး တိုက်စစ်မှူး တစ်ဦးအဖြစ် သတ်မှတ် ခံထားရသူပါ။

နော်ဝေးဟာကမ္ဘာ့ဖလားအုပ်စု(ဈ)မှာအီရတ်၊ ပြင်သစ်၊ ဆီနီဂေါတို့နဲ့အတူ ကျရောက်နေပါတယ်။ အဖွင့်ပွဲစဉ်ကိုတော့ ဇွန်လ ၁၆ ရက်နေ့ကျရင် အီရတ်နဲ့ ယှဉ်ပြိုင် ကစားသွားမှာပါ။

နော်ဝေးဟာအရင်ကကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာသုံးကြိမ်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ အခုတစ်ကြိမ်ကတော့ ၁၉၉၈ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားဆီ ပထမဆုံး ပြန်လည် ရောက်ရှိလာခြင်းလည်း ဖြစ်ပါတယ်။

ကိုးကား – CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တစ်ခုကို ကုမ္ပဏီပိုင် လုပ်ငန်းအဖြစ် ပြောင်းလဲပြီး ရှယ်ယာတွေ ရောင်းချမယ်ဆိုတဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ အစီအမံဟာ တရားဝင် အဆိုမပြုနိုင်ခင် အဆင့်မှာတင် အကြီးအကျယ် ဝေဖန်ခံရလို့ ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။

သတင်း

ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးမှာ ဖြစ်ပျက်ခဲ့တဲ့ အကျည်းတန်တဲ့ အခြေအနေတွေကြောင့် အာဂျင်တီးနား အသင်းအပေါ် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲပြီး ဆုဖလားကြီးကို သယ်ဆောင်လာတဲ့ စပိန်လက်ရွေးစင် ဘောလုံးအသင်းဟာ မက်ဒရစ် မြို့တော်ကို ပြန်ရောက်လာချိန်မှာ သူရဲကောင်းတွေလို သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခြင်း ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နိုင်ငံလက်ရွေးစင် အသင်းက ကမ္ဘာ့ချန်ပီယံ ဖြစ်လာတဲ့နောက် စပိန်နိုင်ငံမှာ ပြည်သူတွေ အကြီးအကျယ် အောင်ပွဲခံခဲ့ကြပါတယ်။