Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်မှာ မဂ္ဂနီကျု ၆.၃ ငလျင်လှုပ်၊ ၁ ဦးသေပြီး ၈ ဦးဒဏ်ရာရ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဓာတ်ပုံ - Xinhua

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

တိဘက်ကုန်းမြင့်ဒေသနဲ့ ဆက်စပ်တည်ရှိရာ ကွင်ဟိုင်မှာ ဇွန်လ ၁၆ ရက် ညနေပိုင်းက ငလျင်လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု တချို့နဲ့ သေကြေ ဒဏ်ရာရမှုတွေ ရှိခဲ့ကြောင်း ဒေသခံ အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

ငလျင်ဟာ မြေအနက် ၁၀ ကီလိုမီတာလောက်ကို ဦးတည်ခဲ့တဲ့ မြေတိမ်ငလျင် ဖြစ်တာကြောင့်လည်း မြေမျက်နှာပြင်ပေါ် ထိခိုက်သက်ရောက်မှုတွေက ပိုပြီး သိသာခဲ့ပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေဟာ ဒဏ်ရာရသူတွေကို ဆေးရုံ အမြန်ဆုံး ပို့ဆောင်ပေးခဲ့ပြီး အများစုကတော့ အပေါ်ယံ ဒဏ်ရာတွေသာ ဖြစ်တာကြောင့် ဆေးရုံ ပြန်ဆင်းခွင့် ရခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ငလျင် လှုပ်ခတ်မှုကြောင့် ကွင်ဟိုင်မှာရှိတဲ့ ကျောင်းတွေနဲ့ မူကြိုတွေက ကလေးတွေကို ဘေးကင်းရာဆီ ယာယီ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ အလားတူ ကမ္ဘာလှည့် ခရီးသွား ဇုန်တွေမှာ ရှိနေတဲ့ နိုင်ငံခြားသား ဧည့်သည်တွေကိုလည်း ကူညီ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ငလျင်ဗဟိုချက်နဲ့နီးတဲ့ နေရာတစ်ခုမှာ ရှိနေတဲ့ ကျောက်မီးသွေး မိုင်းတွင်းထဲက အလုပ်သမားတွေကိုလည်း ကယ်ထုတ်ပေးခဲ့ရပါတယ်။

အစောပိုင်းတုန်းကလည်း အင်ဒိုနီးရှားနိုင်ငံရဲ့ ဆူလာဝေဆီ ကျွန်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သေးတာကြောင့် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ကိုးကား: Xinhua

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။