Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်ကို မကျေနပ်လို့ အထက်အရာရှိကို ထိုင်းစစ်သား ပစ်သတ်

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Army Military Force Facebook

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

ဇွန်လ ၁၇ ရက်နေ့တုန်းက အသက် ၅၉ နှစ်အရွယ် ဒုဗိုလ် တီနာကွန် ဗတ်ချာကာမာဟာ သူ့ရဲ့ အထက်အရာရှိကို ကာလာဆင်မှာရှိတဲ့ ရုံးခန်းထဲမှာ ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။ တီနာကွန်ဟာ မူယန်ခရိုင် စစ်မှုရေးရာရုံးမှာ တာဝန်ချ ခံထားရသူဖြစ်ပြီး ရုံးရဲ့ အကြီးအကဲ ဗိုလ်မှူးကြီးကို ကော်ဝီကာနွန် ဝန်ဆိုနိုကို ပစ်သတ်ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။ သူတို့နှစ်ဦးဟာ သက်တူရွယ်တူတွေပါ။

သေဆုံးသူဟာ သေနတ်ဒဏ်ရာ အချက်ရေ တော်တော်များများ ရထားတာကို တွေ့ခဲ့ရပါတယ်။ တီနာကွန်က အခင်းဖြစ်တဲ့ နေရာမှာ လူသတ်လက်နက်ကို ကိုင်လျက်သား ရပ်နေခဲ့ပြီး ရဲတွေဆီ အသာတကြည်ပဲ အဖမ်းခံခဲ့ပါတယ်။ သူ့ကို ရဲစခန်းဆီ ခေါ်သွားပြီး စစ်ဆေးမေးမြန်းမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

ကနဦး ထွက်ချက်တွေအရ အခုပစ်ခတ်မှုဟာ အလုပ်ခွင် အငြင်းပွားမှု တစ်ခုကနေ အစပြုခဲ့ကြောင်း အတည်ပြု တွေ့ရှိခဲ့ပါတယ်။ တီနာကွန်က သူ့ကို ကာလာဆင်မှာရှိတဲ့ ကာမာလာဆိုင် စစ်မှုရေးရာရုံးဆီ ရွှေ့ပြောင်းစေတဲ့ အထက်အမိန့်အပေါ် မကျေနပ်ခဲ့ပါဘူး။ အဲဒီလို နေရာရွှေ့ပြောင်း တာဝန်ချတဲ့ အမိန့်တွေကို ဒေသဆိုင်ရာ စစ်မှုရေးရာရုံး အကြီးအကဲတွေက အဓိက ဆုံးဖြတ်ခွင့် ရှိပါတယ်။

Public Service Announcement

Public Service Announcement

တီနာကွန်က သူ့ကို ပြောင်းရွှေ့ဖို့ အမိန့်ပေးခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကော်ဝီကာနွန်ကို ရုံးခန်းထဲမှာ သွားရောက် မေးမြန်းခဲ့ပါတယ်။ အဲဒီနောက် သူတို့နှစ်ဦးရဲ့ ပြောဆိုမှုဟာ အခြေအတင် စကားများတဲ့ အဆင့်ထိ ရောက်လာခဲ့ပြီး တီနာကွန်က သေနတ်ကို ဆွဲထုတ်ရင်း ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

သံသယ တရားခံဟာ သူ့အထက်အရာရှိကို ပစ်ခတ်ခဲ့တယ်လို့ ရဲတွေဆီ ချက်ချင်း ဝန်ခံခဲ့ကြောင်းလည်း ခရိုင်ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေကိုတော့ ဆက်လက် လုပ်ဆောင်နေဆဲပါ။

တီနာကွန်ဟာ ကြိုတင် ကြံစည်ထားတဲ့ လူသတ်မှု၊ ခွင့်ပြုချက် မရှိဘဲ ကန့်သတ်နေရာဆီ လက်နက် ယူဆောင်သွားမှု၊ အများနဲ့ဆိုင်တဲ့ နေရာတစ်ခုမှာ သေနတ်ပစ်ခတ်မှု စွပ်စွဲချက်တွေနဲ့ ကနဦး ရင်ဆိုင်နေရပါတယ်။

အခင်းဖြစ်တဲ့ နေရာကို ကိုယ်တိုင် သွားရောက် စစ်ဆေးခဲ့တဲ့ ကာလာဆင် အုပ်ချုပ်ရေးမှူး ဆူဝတ် ခမ်သာနာဖတ်က မှုခင်းကို ကိုယ်တိုင် တွေ့ကြုံခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်တုန်လှုပ်ခဲ့တဲ့ မျက်မြင်တွေအတွက် လိုအပ်တဲ့ အကူအညီတွေ ပေးဖို့လည်း ညွှန်ကြားထားကြောင်း သိရပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နေ့ကလေးထိန်း ကျောင်းအဆောက်အအုံကို ကားတစ်စီးက ဝင်တိုက်မိပြီး လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် အန်နုတင် ချန်ဗီရာကူလ်က နွန်သဘူရီမြို့ကျောင်းတွင်းပစ်ခတ်မှုကြောင့် လူသေဆုံးခဲ့ရတဲ့ဖြစ်ရပ်အပေါ် အလွန်အမင်း ဝမ်းနည်းကြောင်းပြောကြားပြီး၊ ဒီဖြစ်ရပ်ဟာအလွန်ဆိုးရွားတဲ့ထိတ်လန့်ဖွယ် ဖြစ်ရပ်လို့​ပြောပါတယ် ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော် မြောက်ပိုင်းနားမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ သေနတ်သမား အပါအဝင် အနည်းဆုံး ၃ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။