Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ် စတာမာ ရာထူးကနေ နုတ်ထွက်ကြောင်း ကြေညာ

သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့တဲ့အတိုင်း ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာဟာ ရာထူးကနေ နုတ်ထွက်မယ်လို့ အတည်ပြု ကြေညာသွားခဲ့ပါတယ်။

ဓာတ်ပုံ - AP

သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့တဲ့အတိုင်း ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာဟာ ရာထူးကနေ နုတ်ထွက်မယ်လို့ အတည်ပြု ကြေညာသွားခဲ့ပါတယ်။

ဇွန်လ ၂၂ ရက်နေ့မှာ စတာမာက လန်ဒန်မြို့၊ ဒေါင်းနင်းလမ်းမှာရှိတဲ့ ဗြိတိန် ဝန်ကြီးချုပ် အိမ်တော်ရှေ့မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံရင်း ဝန်ကြီးချုပ်ရာထူးနဲ့ အာဏာရ လေဘာပါတီ အကြီးအကဲ တာဝန်တွေကနေ နုတ်ထွက်မယ့် အကြောင်းကို ထုတ်ပြန်သွားတာ ဖြစ်ပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ သူဟာ ပါတီကို ဦးဆောင်ဖို့ အသင့်တော်ဆုံး ဖြစ်နေပါ့မလားဆိုတဲ့ မေးခွန်းမျိုး သူ့ပါတီထဲမှာ တည်ရှိနေကြောင်း၊ အဲဒီအတွက် ပါတီဝင်တွေဆီက အဖြေကိုလည်း သူက ကြားသိထားပြီး ဖြစ်ကြောင်း၊ ပြီးတော့ အဖြေကိုလည်း သိက္ခာရှိရှိ လက်သင့်ခံခဲ့ကြောင်း စတာမာက ဆိုပါတယ်။

သူ့ရဲ့ ဆုံးဖြတ်ချက်တိုင်းဟာ သူချစ်မြတ်နိုးတဲ့ နိုင်ငံအတွက်ပဲ ဦးစားပေး ရွေးချယ်ခဲ့တာ ဖြစ်ကြောင်း၊ သူဟာ လေဘာပါတီ အကြီးအကဲ အဖြစ်ကနေ နုတ်ထွက်သွားမှာဖြစ်ကြောင်း စတာမာက ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူက ဇွန်လ ၂၂ ရက်နေ့ မနက်ပိုင်းမှာ ဗြိတိန်ဘုရင် ချားလ်စ်ဆီ ဖုန်းဆက်ခဲ့ပြီး ရာထူးက နုတ်ထွက်တော့မယ့် ကိစ္စကို တင်ပြခဲ့တယ်လို့ ပြောပါတယ်။ စတာမာက သူဟာ နိုင်ငံရေး၊ ဘဏ္ဍာရေးနဲ့ စိတ်ဓာတ်ရေးရာတွေမှာ လုံးဝ ပြိုကွဲနေခဲ့တဲ့ လေဘာပါတီကို ခေါင်းဆောင်အဖြစ် ဆက်ခံ တာဝန်ယူခဲ့ကြောင်း၊ လေဘာပါတီရဲ့ ပုံရိပ်က အဆုံးသတ်သွားပြီလို့ လူတိုင်း ယူဆနေချိန်မှာ အဲဒီ အတွေး မှားယွင်းတယ်ဆိုတာ သူက သက်သေပြခဲ့ကြောင်းလည်း စတာမာက ပြောကြားခဲ့ပါတယ်။

၂၀၂၄ ခုနှစ်မှာ လေဘာပါတီကို ကိုယ်စားပြုရင်း ဝန်ကြီးချုပ် ဖြစ်လာခဲ့ရတာကတော့ သူ့ဘဝမှာ ဂုဏ်အယူဆုံး ကိစ္စလို့လည်း စတာမာက ဖွင့်ဟခဲ့ပါတယ်။ သူ့ရဲ့ ဝန်ကြီးချုပ် အရိုက်အရာကို ဆက်ခံသူ ဘယ်သူပဲဖြစ်ဖြစ် အပြည့်အဝ အားပေး ထောက်ခံသွားမယ်လို့လည်း စတာမာက ကြေညာခဲ့ပါတယ်။ ပြီးတော့ ဝန်ကြီးချုပ်အဖြစ် သူတာဝန်ယူနေချိန် အတောအတွင်း ကူညီပေးခဲ့တဲ့ ဝန်ထမ်းတွေနဲ့ မိတ်ဆွေတွေကိုလည်း ကျေးဇူးတင်ကြောင်း ထည့်ပြောသွားပါတယ်။

စတာမာက လေဘာပါတီရဲ့ အမျိုးသား အမှုဆောင် ကော်မတီ အနေနဲ့ ပါတီ ခေါင်းဆောင် ဆက်ခံရေးဆိုင်ရာ လုပ်ငန်းစဉ်တွေအတွက် အချိန်ဇယား သတ်မှတ် ရေးဆွဲဖို့ တိုက်တွန်းခဲ့ပါတယ်။ ဝန်ကြီးချုပ် ရာထူးကို လွှဲယူမယ့် ပါတီခေါင်းဆောင်သစ်ကို ရွေးချယ်ပြီးချိန်ထိတော့ သူဟာ အိမ်စောင့် အစိုးရ ဝန်ကြီးချုပ် အနေနဲ့ ဆက်လက် တာဝန်ယူသွားမယ်လို့ စတာမာက ဆိုပါတယ်။

သူ့ရဲ့ ဆုံးဖြတ်ချက်ကို ကြေညာပြီးတဲ့နောက် စတာမာဟာ ဇနီးသည် ဗစ်တိုးရီးယားကို ပွေ့ဖက်ခဲ့ပြီး အဲဒီနောက်မှာတော့ ဝန်ကြီးချုပ် အိမ်တော်ထဲ ပြန်လည် ဝင်ရောက်သွားပါတယ်။

စတာမာဟာ ထိရောက်မှု မရှိတဲ့ အစိုးရ မူဝါဒတွေ ရွေးချယ်ခဲ့ကြောင်း ဝေဖန်ခံရသလို ပါတီတွင်းက အမာခံ မိတ်ဖက်တွေကိုလည်း ဆုံးရှုံးခဲ့ရပါတယ်။ ဒေသတွင်း ရွေးကောက်ပွဲတွေမှာ လေဘာပါတီရဲ့ ရလဒ်တွေ ဆိုးရွားခဲ့တဲ့ နောက်ပိုင်းမှာတော့ ပါတီဝင် အမတ်အများအပြားက စတာမာကို နုတ်ထွက်ပေးဖို့ ဖိအားပေးလာခဲ့ပါတယ်။

သူဟာ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ ရက်အတော်ကြာ သတင်းတွေ ပျံ့နှံ့နေခဲ့သလို ဇွန်လ ၂၁ ရက်နေ့မှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စတာမာ မကြာခင် နုတ်ထွက်လိမ့်မယ်လို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါသေးတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗြိတိန်နိုင်ငံ၊ ဝေးလ်စ်ပြည်နယ်က ဆေးရုံတစ်ခု ခေါင်မိုးပေါ်မှာ သေမင်းပုံစံ ဝတ်ဆင်ပြီး လူတွေ အထိတ်တလန့်ဖြစ်အောင် လုပ်ခဲ့တဲ့ လူငယ်ဟာ ဒဏ်ငွေတပ်ရိုက်တာ ခံလိုက်ရပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ မြန်မာတွေ စုပေါင်းပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်မှု၊ တွေ့ဆုံဆွေးနွေးမှုနဲ့ သံတမန်ဆက်ဆံရေးတွေ မပြုလုပ်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကို သြဂုတ် ၄ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။