Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသားဖြစ်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့်တွေ ထရမ့်ထပ်ထုတ်

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

ဓာတ်ပုံ - The New York TImes

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

အမေရိကန် တရားရုံးချုပ်က ပြည်တွင်းမှာ မွေးဖွားသူတွေရဲ့ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ် လျှော့ချမယ့် အစိုးရရဲ့ အစီအမံတွေကို တားဆီးထားပေမယ့် ထရမ့်က နောက်တစ်ကြိမ် အားထုတ်လာတဲ့ သဘောပါပဲ။

ထရမ့်ရဲ့ လူဝင်မှု ကြီးကြပ်ရေး မူဝါဒတွေထဲမှာ ပြည်တွင်း မွေးဖွားသူတိုင်းလိုလို အမေရိကန် နိုင်ငံသား ဖြစ်ခွင့် ရရှိသွားတယ်ဆိုတဲ့ အချက်ကို ပြင်ဆင် ပြောင်းလဲနိုင်ရေးဟာ အဓိက အကျဆုံး အခန်းကဏ္ဍ တစ်ခုကနေ ပါဝင်နေပါတယ်။

သူ့ရဲ့ အစိုးရ အဖွဲ့ဟာ အဲဒီလို ဖြစ်စဉ်တွေကို ကမ္ဘာလှည့်ခရီးသွား မီးဖွားမှုတွေလို့ သုံးနှုန်းလေ့ ရှိပါတယ်။ ကိုယ်ဝန်ဆောင် နိုင်ငံခြားသူတွေဟာ အမေရိကန်ကို အလည်အပတ်လာရောက်၊ အမေရိကန်မှာ မီးဖွားပြီးတဲ့နောက် ကလေးတွေက နိုင်ငံသား ဖြစ်ခွင့်ရတာမျိုးကို ဆိုလိုတာပါ။ ဒါ့အပြင် အမေရိကန်ကို ရောက်ရှိနေတဲ့ ရွှေ့ပြောင်း အခြေချသူတွေရဲ့ ပြည်တွင်းမှာ မွေးဖွားတဲ့ ကလေးတွေလည်း အမေရိကန် နိုင်ငံသား ဖြစ်လာတာမျိုးကို ထရမ့်က လုံးဝ မနှစ်မြို့ပါဘူး။

Public Service Announcement

Public Service Announcement

ဒီတော့ ပြည်တွင်းမှာ မွေးဖွားတဲ့ ကလေးတွေရဲ့ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ဆိုင်းငံ့စေဖို့ ထရမ့်က ကနဦး အထူးအမိန့်တစ်ရပ် ထုတ်ပြန်ခဲ့ပေမယ့် ဇွန်လ ၃၀ မှာတော့ တရားရုံးချုပ်က သူ့အမိန့်ကို ပယ်ချခဲ့ပါတယ်။ ထရမ့်ကတော့ ဒီကိစ္စကို ဥပဒေသစ်အဖြစ် ပြင်ဆင် ပြဋ္ဌာန်းနိုင်ဖို့ လွှတ်တော်ကို တောင်းဆိုခဲ့ပါတယ်။

ဩဂုတ် ၆ ရက်မှာတော့ ထရမ့်ဟာ လွှတ်တော်မှာ ဥပဒေသစ်ကိစ္စ ဆွေးနွေးကြမှာကိုတောင် မစောင့်ဘဲ သမ္မတ လုပ်ပိုင်ခွင့်ကို သုံးပြီး အထူးအမိန့် နှစ်ခုကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မညီဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ဖျက်ခံရတဲ့ သူ့ရဲ့ ကနဦး အမိန့်ဟာ အမေရိကန်ကို ယာယီဖြစ်စေ၊ တရားမဝင်ဖြစ်စေ ရောက်ရှိနေတဲ့ မိဘတွေကနေ မွေးဖွားတဲ့ ကလေးအားလုံးကို နိုင်ငံသား ဖြစ်ခွင့် ရုပ်သိမ်းဖို့ ရည်ရွယ်ထားခဲ့တာပါ။

အခု အသစ်ပြဋ္ဌာန်းလိုက်တဲ့ အမိန့်တွေကတော့ ကွဲပြားကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံသားဖြစ်ခွင့်ရဲ့ ကင်းလွတ်ခွင့် ပြုထားတဲ့ အချက်အလက်တွေကို သင့်တော်သလို ရည်ညွှန်းထားပြီး နိုင်ငံသား မဖြစ်ထိုက်ဘူးလို့ ယူဆသူတွေရဲ့ အခန်းကဏ္ဍတွေကို ပိုမို ချဲ့ထွင်ထားတာသာ ဖြစ်တာကြောင့် ပယ်ဖျက်ခံရတဲ့ အမိန့်နဲ့ ကွဲပြားကြောင်း အမေရိကန် အစိုးရက အကြောင်းပြချက် ပေးထားပါတယ်။

အိမ်ဖြူတော်မှာ ပြုလုပ်ခဲ့တဲ့ လက်မှတ်ရေးထိုးမှုတွေ အပြီးမှာတော့ ထရမ့်ရဲ့ အကြံပေး အရာရှိ စတီဖင် မီလာက သမ္မတရဲ့ အမိန့်သစ်တွေဟာ ကမ္ဘာလှည့် ခရီးသွား မီးဖွားမှုတွေကို တိုက်ဖျက်ဖို့ အဓိက ရည်ရွယ်ထားကြောင်း ပြောပါတယ်။

နောက်ပြီး အမေရိကန်ရောက် နိုင်ငံခြားသား အစိုးရ အရာရှိတွေနဲ့ ကျူးကျော်ဝင်ရောက်သူတွေလို့ သတ်မှတ်ခံထားရတဲ့ ရွှေ့ပြောင်းအခြေချသူတွေကနေ မွေးဖွားတဲ့ ကလေးတွေကိုလည်း နိုင်ငံသားဖြစ်ခွင့် ကန့်သတ်ထားပါတယ်။

တစ်ဖက်မှာတော့ တရားရုံးချုပ်ရဲ့ စီရင်ဆုံးဖြတ်မှုက တိတိကျကျ ရှိနှင့်နေပြီး ဖြစ်တာကြောင့် ထရမ့်ရဲ့ အထူးအမိန့် အသစ်တွေက ဘယ်လောက် ပမာဏထိ သက်ရောက်မှု ရှိစေမလဲ ဆိုတာက မရှင်းလင်းဘဲ ဖြစ်နေကြောင်း ဥပဒေရေးရာ ပညာရှင်တွေက မှတ်ချက်ပေးထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့် ပိုင်ဆိုင်တဲ့ ဂေါက်ကွင်းနားမှာ လက်နက်ကိုင်ပြီး မသင်္ကာစရာ လှုပ်ရှားနေသူ တစ်ဦးကို ဖမ်းဆီးထားကြောင်း အမေရိကန် အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။