Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရူးမိုက်တဲ့ ထိပါးတိုက်ခိုက်မှုတိုင်းကို တုံ့ပြန်မယ်လို့ NATO ထိပ်တန်း စစ်ဗိုလ်ချုပ် သတိပေး

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ ထိပ်တန်း ဗိုလ်ချုပ်ကြီး တစ်ဦးက ရုရှားအနေနဲ့ NATOရဲ့ ပိုင်နက်ကို ရူးမိုက်တဲ့ ထိပါးတိုက်ခိုက်မှုမျိုး လုံးဝမလုပ်ဖို့ သတိပေး ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ ထိပ်တန်း ဗိုလ်ချုပ်ကြီး တစ်ဦးက ရုရှားအနေနဲ့ NATOရဲ့ ပိုင်နက်ကို ရူးမိုက်တဲ့ ထိပါးတိုက်ခိုက်မှုမျိုး လုံးဝမလုပ်ဖို့ သတိပေး ပြောကြားခဲ့ပါတယ်။

NATO ပိုင်နက်ကို တိုက်ခိုက်ရဲလောက်အောင် ရုရှားက အဆင်ခြင်မဲ့ခဲ့မယ်ဆိုရင် တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်သမျှ အားလုံးကို သူ့တပ်တွေက ဖျက်ဆီးပစ်မှာ ဖြစ်တယ်လို့ အမေရိကန် လေတပ် ဗိုလ်ချုပ်ကြီး အလက်ရှက်စ် ဂရန်ကီဝစ်ချ်က ပြောကြားခဲ့ပါတယ်။ သူဟာ NATOရဲ့ ဥရောပ စစ်ဆင်ရေးတွေကို ကွပ်ကဲနေသူလည်း ဖြစ်ပါတယ်။

အောက်တိုဘာ ၁၂ ရက်နေ့တုန်းက ပိုလန်နိုင်ငံ၊ ဝါဆောမြို့တော်မှာ ကျင်းပခဲ့တဲ့ လုံခြုံရေး ဖိုရမ်မှာတော့ ဂရန်ကီဝစ်ချ်က NATOဟာ ကာကွယ်ရေးဆိုင်ရာ မဟာမိတ် အဖွဲ့အစည်း တစ်ခုသာဖြစ်တယ်ဆိုတဲ့ အချက်ကို အလေးထား ထပ်လောင်း ပြောဆိုသွားခဲ့ပါတယ်။

ဒါပေမဲ့ တစ်ယောက်ယောက်က NATOကို ထိပါးဖို့လောက်ထိ ရူးမိုက်ခဲ့မယ်ဆိုရင် NATOက တုံ့ပြန်တိုက်ခိုက်မှာ ဖြစ်ကြောင်း၊ အတိုချုပ် ပြောရရင် မဟာမိတ် အဖွဲ့အပေါ် ဘယ်လို တိုက်ခိုက်မှုမျိုးမဆို အချည်းနှီး ဖြစ်သွားမယ်ဆိုတာ သက်သေပြမှာဖြစ်ကြောင်း ဂရန်ကီဝစ်ချ်က ဆိုပါတယ်။ သူ့ရဲ့ မှတ်ချက်ထဲမှာ ရုရှားကိုတော့ တိုက်ရိုက် နာမည်တပ်မထားခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

ရန်သူက တိုက်ခိုက်လာမယ်ဆိုရင် ရန်သူရဲ့ စစ်ဆင်ရေး စနစ်တစ်ခုလုံးကို NATOက ဖျက်ဆီးပစ်မှာ ဖြစ်ကြောင်း၊ ရန်သူရဲ့ တိုက်ခိုက်ရေး တပ်တွေသာ မကဘဲ ထောက်ပို့နဲ့ ကွပ်ကဲရေး ယူနစ်တွေကိုပါ ပစ်မှတ်ထား တုံ့ပြန်မှာဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။

ရုရှားနဲ့ NATO အဖွဲ့ဝင် ဥရောပ နိုင်ငံတွေကြား တင်းမာမှုတွေ မြင့်တက်လာနေသလို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ NATOနဲ့ ပတ်သက်ပြီး ကတိတည်ကြည်မှု ရှိမရှိ ဆိုတာကို အဖွဲ့ဝင် နိုင်ငံတွေကြား သံသယတွေ ဖြစ်ပေါ်နေချိန်မှာ ဂရန်ကီဝစ်ချ်ဆီက အခုလို စကားမျိုး ထွက်ပေါ်လာတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထရမ့်ဟာ ရုရှားဆီက ဒီဇယ်ဆီတွေ တင်သွင်းဝယ်ယူရေး သဘောတူညီမှု တစ်ခုကို ရယူခဲ့သလို NATOရဲ့ မဟာမိတ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကိုလည်း လူသိရှင်ကြား ဝေဖန် ထိုးနှက်ခဲ့ပါတယ်။

ဥရောပနိုင်ငံတွေရဲ့ အစိုးရတွေက ရုရှားဟာ NATO ပိုင်နက်ထဲမှာ ခိုးကြောင်ခိုးဝှက် ဖျက်ဆီးမှုတွေ၊ ဒရုန်းတွေနဲ့ လေပိုင်နက် ကျူးကျော်တာတွေ၊ ဆိုက်ဘာတိုက်ခိုက်မှုတွေ တိုးမြှင့် လုပ်ဆောင်လာနေကြောင်းလည်း စွပ်စွဲထားပါတယ်။

စက်တင်ဘာ လတုန်းကတော့ ရုရှားက တကယ်လို့သာ NATOဟာ ဘောလ်တစ်ဒေသထဲက ရုရှားရဲ့ သီးခြားပိုင်နက် နယ်မြေဖြစ်တဲ့ ကာလင်နင်ဂရက် ဒေသကို ပိတ်ဆို့တာမျိုး လုပ်လာမယ်ဆိုရင် နျူကလီးယား လက်နက်တွေကိုပါ ထုတ်သုံးပြီး တုံ့ပြန်နိုင်ခြေရှိကြောင်း အတိအလင်း ခြိမ်းခြောက်ခဲ့ပါတယ်။

ဂရန်ကီဝစ်ချ်က ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း NATO အဖွဲ့ဝင် နိုင်ငံတွေမှာ တမင်နှောင့်ယှက် ဖျက်ဆီးခံရမှု၊ မီးရှို့မှုတွေ ပိုမိုကြုံတွေ့လာလို့ စိုးရိမ်မှုတွေ မြင့်တက်လာတဲ့အတွက် NATOက ဘာတွေ စီစဉ်ထားသလဲ ဆိုတာကို လူသိရှင်ကြား ထုတ်ပြောဖို့ သူဆုံးဖြတ်ခဲ့တာဖြစ်ကြောင်းလည်း ပြောပါတယ်။

NATO နိုင်ငံတွေထဲမှာ နေထိုင်တဲ့ ပြည်သူပေါင်း ၁ ဘီလီယံလောက်ကို ပေးချင်တဲ့ သတင်းစကားကတော့ အခြေအနေတွေကို NATOက ကိုင်တွယ်နိုင်ကြောင်း၊ NATOဟာ ဘာလုပ်ရမလဲ ဆိုတာကို သိသလို ဘယ်လို လုပ်ဆောင်မလဲ ဆိုတာကိုလည်း တွေးထားပြီးဖြစ်ကြောင်း ဂရစ်ကီဝစ်ချ်က ဆိုပါတယ်။

အမေရိကန် ဗိုလ်ချုပ်ကြီးက NATOအဖွဲ့ရဲ့ လုံခြုံရေးအတွက် အမေရိကန်ရဲ့ ကတိကဝတ်တွေ လျော့ပါးသွားမလားဆိုတဲ့ စိုးရိမ်မှုတွေကိုလည်း ပယ်ချခဲ့ပါတယ်။ ဇူလိုင်လတုန်းက တူရကီနိုင်ငံ၊ အန်ကာရာမြို့မှာ ကျင်းပတဲ့ NATO ထိပ်သီးညီလာခံမှာ ထရမ့်က NATOနဲ့ ပတ်သက်ပြီး အကောင်းမြင်တဲ့ စကားတွေ ပြောဆိုခဲ့တာကို သူက ပြန်လည် ကိုးကားပြခဲ့ပါတယ်။ အဲဒီတုန်းက ထရမ့်က သူဟာ NATO အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေနဲ့ တစ်ခန်းတည်း အတူထိုင်ရင်း ချစ်ခြင်းမေတ္တာ ပြည့်ဝမှုတွေကို ခံစားခဲ့မိကြောင်း ပြောကြားခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဥရောပ သမဂ္ဂ (EU)ကနေ ဗြိတိန် ခွဲထွက်ခဲ့တဲ့ ၂၀၁၆ ခုနှစ် Brexit မဲခွဲဆုံးဖြတ်မှုတွေမှာ ရုရှားက ကျိန်းသေပေါက် ဝင်စွက်ဖက်ခဲ့ကြောင်း ဗြိတိန် ဝန်ကြီးချုပ် အန်ဒီ ဘန်ဟမ်းက ပြောကြားခဲ့ပါတယ်။

သတင်း

စစ်​ကောင်စီအရာရှိအချို့နဲ့နီးစပ်တဲ့​အေဂျင်စီ​တချို့ပါဝင်

နိုင်ငံတကာ

ယူကရိန်း နိုင်ငံဟာ တခြားခေါင်းဆောင်တစ်ဦးကို ရရှိသင့်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဝေဖန် ပြောကြားသွားပါတယ်။

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICC)ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဂျပန်တရားသူကြီး တိုမိုကို အက်ကာနီနဲ့ နောက်ထပ် ICC အရာရှိ ၈ ဦးကို လွှဲပြောင်းပေးဖို့ ရုရှားအစိုးရရဲ့ တောင်းဆိုမှုအပေါ် ဂျပန်အစိုးရက အပြင်းအထန် ဝေဖန် ကန့်ကွက်လိုက်ပါတယ်။

Facebook