Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လေဆိပ်နဲ့ စွမ်းအင် အဆောက်အအုံတွေ တိုက်ခိုက်ခံရမှုကို အပြင်းအထန် လက်တုံ့ပြန်မယ်လို့ ဆော်ဒီပြော

ဆော်ဒီအာရေးဘီးယား နိုင်ငံရဲ့ လေဆိပ်တွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို တိုက်ခိုက်ခဲ့တဲ့ ဟိုသီပြောက်ကျား တပ်ဖွဲ့တွေကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမယ်လို့ ဆော်ဒီအစိုးရ စွမ်းအင်ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ဆော်ဒီအာရေးဘီးယား နိုင်ငံရဲ့ လေဆိပ်တွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို တိုက်ခိုက်ခဲ့တဲ့ ဟိုသီပြောက်ကျား တပ်ဖွဲ့တွေကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမယ်လို့ ဆော်ဒီအစိုးရ စွမ်းအင်ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ယီမင်နိုင်ငံမှာ အခြေစိုက်ပြီး အီရန်က ထောက်ခံ အားပေးနေတဲ့ ဟိုသီတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဆော်ဒီနဲ့ စစ်ရေး ပဋိပက္ခတွေ အရှိန်မြင့်လာပြီး ဆော်ဒီ ပိုင်နက်ထဲက စွမ်းအင်နဲ့ အခြေခံ အဆောက်အအုံတွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေ အသုံးပြုပြီး တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ ဆော်ဒီရဲ့ မြို့တော် ရီယတ်ဒ်မှာရှိတဲ့ ဘုရင်ခါလစ်ဒ် နိုင်ငံတကာ လေဆိပ်ဟာ ဟိုသီတွေရဲ့ နှစ်ရက်ဆက်တိုက် တိုက်ခိုက်မှုတွေကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။ ပြီးတော့ လေဆိပ်ကိုလည်း ပိတ်ထားရပါတယ်။ ဟိုသီတွေက ဆော်ဒီ အစိုးရပိုင် Aramco ကုမ္ပဏီရဲ့ ရေနံသိုလှောင်ကန်တွေ၊ ရေနံချက် စက်ရုံတွေကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုထားပါတယ်။

ဒီတိုက်ခိုက်မှုတွေဟာ ယီမင်နိုင်ငံ အနောက်ပိုင်းမှာ ဟိုသီတွေ ထိန်းချုပ်ထားရာ ဒေသတွေမှာ ဆော်ဒီက ရက်စက်ကြမ်းကြုတ်တဲ့ ရန်လိုကျူးကျော်မှုတွေ ပြသလာလို့ လက်တုံ့ပြန်တာ ဖြစ်တယ်လို့လည်း ဟိုသီတွေက ထုတ်ပြန်ခဲ့ပါတယ်။ လတ်တလောမှာတော့ ဆော်ဒီက စစ်ရေးအရ ကူညီနေတဲ့ ယီမင်အစိုးရ တပ်တွေဟာ ဟိုသီတွေရဲ့ ထိန်းချုပ်နယ်မြေတွေကို ထိုးစစ်ဆင်နေပြီး ဆော်ဒီကတော့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အလုံးအရင်း ပံ့ပိုးကူညီပေးနေပါတယ်။

Public Service Announcement

Public Service Announcement

ဆော်ဒီ စွမ်းအင်ဝန်ကြီးဖြစ်သူ မင်းသား အက်ဘ်ဒူလ် အဇစ် ဘင်ဆယ်လ်မန်ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကြုံတွေ့ခဲ့တဲ့ အခြေအနေတွေက အတော်လေး ပြင်းထန်ကြောင်း၊ ဆော်ဒီဖက်က တုံ့ပြန်မှုကလည်း အလားတူ ပြင်းထန်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ ၁၂ ရက်နေ့ ညပိုင်းက ရီယတ်ဒ်မြို့ ကောင်းကင်ယံမှာ ပေါက်ကွဲသံတွေ ဆူညံနေခဲ့ပြီး ဆော်ဒီဦးဆောင်တဲ့ အာရပ်မဟာမိတ် အင်အားစုကတော့ ဟိုသီတွေရဲ့ ပဲ့ထိန်းဒုံးကျည် တစ်စင်းကို ကြားဖြတ် ပစ်ချခဲ့ကြောင်း ပြောပါတယ်။ ဟိုသီတွေကတော့ ပိတ်ထားတဲ့ ဘုရင်ခါလစ်ဒ် လေဆိပ်ကို နောက်တစ်ကြိမ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ခဲ့ပါတယ်။

အောက်တိုဘာ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတုန်းက ဆော်ဒီ အရှေ့မြောက်ဖက်၊ ဒမ်မမ်မြို့မှာရှိတဲ့ ဖားဒ်ဘုရင် လေဆိပ်ကိုလည်း တိုက်ခိုက်မှုတစ်ခု ကြုံတွေ့ခဲ့ပေမယ့် အသေအပျောက်တော့ မရှိခဲ့ပါဘူး။

ဆော်ဒီ စွမ်းအင်ဝန်ကြီးဖြစ်တဲ့ မင်းသား အက်ဘ်ဒူလ် အဇစ်က ဟိုသီတွေရဲ့ တိုက်ခိုက်မှုတွေဟာ ဆော်ဒီရဲ့ အခြေခံ အဆောက်အအုံ၊ ဌာနဆိုင်ရာ အစုအဖွဲ့တွေ၊ ပြည်သူလူထုရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို စမ်းသပ်နေတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီ စိန်ခေါ်မှုတွေကို ဆော်ဒီက အကောင်းဆုံး ကျော်လွှားနိုင်စေရမယ်လို့လည်း သူက ကတိပြုခဲ့ပါတယ်။

ဆော်ဒီဟာ အကြောက်တရား မရှိတဲ့၊ တိုက်ခိုက်လိုစိတ် ပြင်းထန်တဲ့၊ ဇွဲနဘဲကြီးတဲ့ ပြည်သူတွေ စုစည်းထားတာဖြစ်ကြောင်း၊ ဘယ်လို အခက်အခဲတွေနဲ့ ကြုံတွေ့နေပါစေ၊ ရင်ဆိုင်ကျော်လွှားနိုင်တယ် ဆိုတာကို ကမ္ဘာကြီးကို ပြသသွားမှာဖြစ်ကြောင်း အက်ဘ်ဒူလ် အဇစ်က ဆိုပါတယ်။

ဆော်ဒီဖက်က အပြင်းအထန် လက်တုံ့ပြန်မယ်ဆိုတဲ့ သတိပေးချက်နဲ့ ပတ်သက်လို့ ဟိုသီတွေကတော့ မတုံ့ပြန်သေးပါဘူး။ လေဆိပ်တွေကို တိုက်ခိုက်ခဲ့တဲ့ ဟိုသီရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာ ဝေဖန်ရှုတ်ချမှုတွေတော့ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

ဘာသာပြန်ဆောင်းပါး

ဆော်ဒီအာရေးဘီးယားနိုင်ငံရဲ့ မြို့တော် ရိယာဒ် (Riyadh) ဟာ (၃) ရက်ဆက်တိုက် ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရပြီး၊ ဒီဖြစ်ရပ်ဟာ ယီမင်စစ်ပွဲက ဆော်ဒီနိုင်ငံအတွင်း ပိုမိုနက်ရှိုင်းစွာ ရောက်ရှိလာတာကိုသာမကဒေသတွင်းလုံခြုံရေး၊ လေကြောင်းပို့ဆောင်ရေးနဲ့ စီးပွားရေးအပေါ်ပါ ကြီးမားတဲ့ သက်ရောက်မှုတွေ စတင်ပေါ်ပေါက်လာပြီဆိုတာကို ပြသနေပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားနိုင်ငံ၊ ရီယတ်ဒ်မြို့တော်က နိုင်ငံတကာ လေဆိပ်ကို ဟိုသီ ပြောက်ကျားတပ်ဖွဲ့တွေက နောက်တစ်ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး ၁ ဦးသေပြီး ၁၂ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့တဲ့ လေဆိပ် တိုက်ခိုက်မှုဟာ ဟိုသီ ပြောက်ကျားတွေရဲ့ စစ်ရာဇဝတ်မှု တစ်ခုဖြစ်ကြောင်း ဆော်ဒီအာရေးဘီးယားက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟိုသီ ပြောက်ကျားတပ်ဖွဲ့တွေအပေါ် အကြီးစား ထိုးစစ်ကြီးတစ်ခု စတင်ဆင်နွှဲ တိုက်ခိုက်နေပြီလို့ ယီမင်ရဲ့ နိုင်ငံတကာ အသိအမှတ်ပြု အစိုးရက ကြေညာခဲ့ပါတယ်။

Facebook