Connect with us

Hi, what are you looking for?

ကဗျာ

“ချစ်ခြင်းအားဖြင့် လွတ်မြောက်ပါစေ”

တခါက …
စာကြည့်တိုက် ပြတင်းပေါက်ကိုငေး
ပြည်သူတွေအကြောင်းတွေးနေခဲ့ဖူးတဲ့ … သူမ
တခါက …
ခြံစည်းရိုး အပြင်ဘက်ကိုလက်ကမ်း
ပြည်သူတွေနဲ့ မမောမပမ်း စကားတွေပြောခဲ့ဖူးတဲ့ … သူမ
ပြည်သူတွေအတွက် အမြဲလိုအပ်နေပေမယ့် …
သူမကိုမလိုတော့ဘဲ
ပြည်သူတွေဆက်သွားနေတာကို မြင်ချင်ခဲ့တဲ့ … သူမ
အခု … ဘယ်နေရာမှာရှိနေလဲ
အခု … ဘယ်မြင်ကွင်းကိုငေးနေမလဲ
အခု … ဘာအကြောင်းတွေတွေးနေလဲ
အခု … ဘယ်သူနဲ့ စကားပြောနေမလဲ
အခု … ဘာတွေများလိုအပ်နေမလဲ
အခု … နေရောကောင်းရဲ့လား
အဖြေမရှိသော မေးခွန်းများနဲ့
အလွမ်းသက်သက် တောင်းဆုများ …
အဲဒီ့ ချစ်ခြင်းမေတ္တာတရားတွေ
လွတ်မြောက်ခြင်းကို ယူဆောင်လာနိုင်စေ။ ။

နေဘုန်းလတ်
၁၃ ၊ဇွန် ၊၂၀၂၅

ဆက်စပ်သတင်းများ

သတင်း

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကမ္ဘာသိပုဂ္ဂိုလ်ကို စစ်အုပ်စုဖျောက်ဖျက်ထားဝံ့လို့ သောင်းချီတဲ့ နိုင်ကျဉ်းတွေ အလွန်အန္တရာယ်ကြီးဟု သတိပေး

ကဗျာ

-​အောင်​စေ​နွေဦး အမေအို ကနိုင်ငံတော်ကိုနောက်တွဲဆံထုံးလေးလုပ်ပြီးထုံးထားတယ်၊အဲဒီ နောက်တွဲ ဆံထုံးလေးကိုပန်းလေးတွေ ချိတ်တွဲ ပန်ဆင်ပေးထားတယ်၊လှလှပပ မွှေးမွှေးပျံ့ပျံ့ သေသေသပ်သပ်နီနီရဲရဲ တင့်တင့်တယ်တယ် ကြွကြွရွရွသူမကျန်းမာပါစေသက်ရှည်ပါစေအနာကင်းပါစေမသူတော်ဘေး ဝေးပါစေ။ ၁၉၊ ဇွန်၊ ၂၀၂၆ Views: 106

ဆောင်းပါး

ကဖေး/People’s Spring သန့်ရှင်းသော ထိုဝန်းကျင်တွင် ပန်းရနံ့တို့ပိုသင်းပျံ့နေသည်။ ရွာဦးထိပ်က ယာယီစာသင်ကျောင်းဆီလှမ်းလာနေသော ကျောင်းဆရာမလေး၏ ဦးခေါင်းထက်မှာ နှင်းဆီပန်းနီနီရဲရဲက ဟန်ကျပန်ကျ လှပနေသည်။ ရွာလမ်းတလျှောက်တွေ့မြင်နေရသူတိုင်း၏ ဦးခေါင်းထက်မှာလည်း နှင်းဆီပန်းနှင့်အခြားသော အလျဉ်းသင့်ရာပန်းတွေ ပန်ဆင်ထားကြသည်။ ကြိုးသိုင်းလွယ်အိပ်လေးတွေ အဆင်ပြေသလိုလွယ်ထားကြသောကျောင်းသားကျောင်းသူလေးတွေလက်ထဲမှာလည်း နှင်းဆီပန်းလေးတွေ ကိုင်ထားကြပြန်သည်။ ပန်းရနံ့တို့သင်းထုံနေသောရွာလမ်းလေးအတိုင်းကျောင်းဆရာမလေး ဒေါ်နှင်းဆီ(အမည်လွှဲ)က ကျောင်း...