Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

“၁၇၀၀”

လက်ထဲမှာ ၁၇၀၀ရှိတယ်။ ဒါပေမယ့် အဲ့အကြွေအတိုအစလေးတွေက အခုအချိန်မှာ ဘာမှအသုံးမ၀င်နေခဲ့ပါဘူး။ အိမ်မှာသာဆို ရေခဲမုန့် (၅) ခွက်လောက်၀ယ်စားမိမယ် ထင်တယ်။ ဒါမှမဟုတ် အာလူးကြော်ပဲဖြစ်ဖြစ် ဒါမှမဟုတ် ၀က်သားဒုတ်ထိုးလေးပဲဖြစ်ဖြစ်ပေါ့။

■ အိမ့်ဘုန်းစစ်သော်

လက်ထဲမှာ ၁၇၀၀ရှိတယ်။ ဒါပေမယ့် အဲ့အကြွေအတိုအစလေးတွေက အခုအချိန်မှာ ဘာမှအသုံးမ၀င်နေခဲ့ပါဘူး။ အိမ်မှာသာဆို ရေခဲမုန့် (၅) ခွက်လောက်၀ယ်စားမိမယ် ထင်တယ်။ ဒါမှမဟုတ် အာလူးကြော်ပဲဖြစ်ဖြစ် ဒါမှမဟုတ် ၀က်သားဒုတ်ထိုးလေးပဲဖြစ်ဖြစ်ပေါ့။

အခုတော့ အဲ့စားချင်စိတ်တွေကို မြိုသိပ်ရင်း ကောင်းကင်ကြီးကို မော့ကြည့်လိုက်တယ်။ တောက်လျှောက်ဝဲနေတဲ့ လေယာဉ်၊ ဘယ်တော့ပစ်ချမလဲမသိတဲ့စိတ်။ မသေခင်လေးတော့ အဘွားချက်ကြွေးတဲ့ ထမင်းနဲ့ဟင်းလေး စားချင်မိသား။ အကယ်၍ အဘွားနဲ့သာအတူရှိခဲ့ရင်ရော (၁၇၀၀) လေးကိုင်လို့ လမ်းထိပ်မုန့်ထွက်၀ယ်တဲ့အခါ “မတည့်တာတွေမစားနဲ့နော်” လို့ ပြောလောက်မလား။

အတူရှိတုန်းက လုံး၀မသင့်မြတ်ခဲ့ပေမယ့် ကြောင်နဲ့ကြွက်လို ရယ်စရာကောင်းတဲ့ မြေးအဘွားဆက်ဆံရေးမျိုး။ အဘွားက ကျွန်တော့်သူငယ်ချင်း၊ အမတယောက်၊ အမေတယောက်၊ အဖေတယောက်။ အဘွားက ကျွန်တော့်ရဲ့အရာရာ ဖြစ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပထမဆုံးကျောင်းတက်ရက်တွေမှာ လက်ကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ပြီး ဆရာမတွေနဲ့အသေချာ‌အပ်လေ့ရှိတယ်။ သူစားနေကျ ရွှေပုစွန်ကကိတ်မုန့်တွေထည့်ပေးပြီး မုန့်ဖိုးမပေးတဲ့အခါ ‌မုန့်ဈေးတန်းက ရေခဲထုပ်လေးကိုသိပ်စားချင်ခဲ့မှန်း ဘွားဘွားကသိပ်သိခဲ့ပါတယ်။ ချိုလိုက်၊ ငန်လိုက်နဲ့ အဘွားရဲ့ လက်ရာမမှန်တဲ့ဟင်းတွေမှာ အစပ်တော့လုံး၀မပါခဲ့ဘူးလေ။

အခုရော အဘွားမြေးလေးက နိုင်ငံတော်သစ်နဲ့လူထုလွတ်မြောက်ရေးအတွက် တိုက်ပွဲ၀င်နေရတာပေါ့။ ခဏခဏချော်လဲတတ်တဲ့ ခြေမခိုင်လက်မခိုင် မြေးမလေးအတွက် အဘွားက စိတ်ပူနေလောက်မှာပါလေ။ အခုလဲ အဘွားကိုသိပ်သတိရတာပဲ သမီးကအခုချိန်ထိ ခဏခဏချော်လဲနေတုန်းပါ ဘွားဘွားရဲ့။ “ဘုရားဆေး၊တရားဆေး၊သံဃာပေးတဲ့ဆေး” လို့ အဘွားတိုက်နေကျ မြန်မာဆေးလေးလဲသောက်ချင်တယ်။ ခန္ဓာကိုယ်ပေါ်ကဒဏ်ရာတွေသိပ်များနေမှန်းသာ အဘွားသိရင် ဘယ်စိတ်ကောင်းပါ့မလဲနော်။

ဆယ်ကျော်သက်အရွယ်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောထားကွဲလွဲမှုတွေကို ဘွားဘွား နားလည်ပေးဖို့တော့ သင့်ခဲ့ပါတယ်လေ။ ဒါဆိုရင် အဘွားအကြောင်းတွေးတဲ့အခါ စိတ်ဒဏ်ရာတွေလဲမပါလောက်ဘူးပေါ့။ အခုချိန်သမီးလက်ထဲမှာ (၁၇၀၀) ရှိနေတာသိလားဘွားဘွား။ ငယ်ငယ်ကသာဆိုရင် သိပ်များလွန်းတဲ့ပိုက်ဆံတွေ ဖြစ်နေမှာ။ ဆံပင်ဖြူနှုတ်ပေးပြီးရတဲ့ ပိုက်ဆံ (၂၀၀) နဲ့ ၀ယ်စားရတဲ့ ရေခဲမုန့်လေးကို သိပ်လွမ်းတာ။ အခုတော့ ဘွားဘွားက ဖုန်းဆက်လိုက်တိုင်းမှာ တုန်တုန်ယင်ယင်အသံလေးနဲ့လေ သူ့ရဲ့ပင်စင်လစာလေးကို အကုန်အစင်လွှဲပေးရှာတာပါပဲ။ ဒါက ငယ်ငယ်ကလို သမီး၀မ်းနည်းမှာကို မကြည့်ရက်လို့ပဲလား ဘွားဘွားရေ။

တောင်အဆင်းလမ်းမှာ ကျွန်တော်အများကြီးငိုခဲ့တယ်။ ခြေထောက်ပေါ်ကိုပြုတ်ကျတဲ့ အနာက အသားနာရုံပါ။ အဘွားသာရှိခဲ့ရင်ဆိုတဲ့စိတ်ကတော့ အသည်းနာ‌တာပေါ့။ သမီးလေးက ကလေးလေးပဲရှိသေးတာပါလို့ပြောရင် သမီးကရင့်ကျက်နေပါပြီလို့ အမြဲပြောလေ့ရှိတယ်။ အမှန်တကယ်တော့ သမီးက ကလေးပဲရှိသေးတာပါပဲ။ ဘွားဘွားရင်ခွင်ထဲမှာလေ ဒီလိုမျိုးမိုးတွေရွာနေတဲ့အချိန်မှာလေ ဖက်ပြီးအိပ်ချင်တာ။ အခုတော့ တစ်ကိုယ်လုံးရေတွေစိုရွှဲနေခဲ့တာပါပဲ။ ဒီပုံစံနဲ့ဒီညတော့ အိပ်ပျော်မယ်မထင်ပါဘူး ဘွားဘွားရေ။

ရုတ်တရပ်မိုးတွေက သည်းလာသလိုပဲအဘွားရေ။ ဘောင်းဘီအိတ်ကပ်ထဲက အကြွေ (၁၇၀၀) လေးတော့ မိုးရေတွေ စိုကုန်ပါပြီကွယ်။ အကယ်၍ ဒီစစ်ပွဲကြီးပြီးလို့ အဘွားနဲ့ပြန်တွေ့တဲ့အခါ အဘွားဆီက မုန့်ဖိုးတောင်းပြီး မုန့်တွေ၀ယ်စားချင်တယ်။ ဒီတစ်ခါတော့‌ မတည့်တဲ့မုန့်တွေ၀ယ်စားမိလို့ ဘွားဘွားမဆူတော့ရင်ကောင်းပါရဲ့။

မိုးကနည်းနည်းတော့စဲလာပြီ။ မိုးရွာပြီးကာစ တောင်ထိပ်ပေါ်မှာ ရောင်စုံသက်တန့်လေးကိုခပ်ရေးရေးတွေ့လိုက်ရတယ်။ ကျွန်တော့်ဘ၀ကြီးမှာ အရောင်အသွေးမစုံခဲ့တာ ကြာရောပေါ့လေ။ နောက်ခံကောင်းကင်ကြီးကတော့ ခဲရောင်မှိုင်းမှိုင်းလေးဖြစ်နေတုန်းပါပဲ။ ကြည့်ရတာ ကျွန်တော်က နောက်ကကောင်းကင်ကြီး ဖြစ်ပုံပေါ်တာပါပဲ။

သမီးသိပ်သဘောကျတဲ့ အနုပညာနဲ့တော်လှန်ရေးမှာပါ၀င်ခွင့်နေကြောင်း အဘွားကိုပြောပြတိုင်း သိပ်နောင်တရနေသလို အသံလေးကိုကြားရတယ်။ အဘွားသာ အစောထဲကလက်ခံပေးခဲ့ရင်အကောင်းသား။

အိမ်မက်တွေက ဈေးကြီးတယ် ဘွားဘွားရဲ့။ ဒီနေ့က ကျွန်တော့်နေ့ရက်တွေထဲက အဘွားကိုလွမ်းမိတဲ့နေ့တစ်နေ့ဖြစ်ရုံလေးပါပဲ။ ၅၀၀တန်ခပ်နွမ်နွမ်း၃ရွက်၊ နှစ်ရာတန်အသစ်ကလေး ၁ရွက်က စခဲ့တဲ့ စကားလုံးတွေဖြစ်ခဲ့ရုံလေးပါပဲ။

ပြီးတော့လဲ ဒီတိုင်းလေးပါပဲ။ ဇာတ်သိမ်းမရှိပေမယ့် နောက်ထပ်အပိုင်းအဆက်တွေက ခပ်များများရယ်နဲ့။ အဘွားမသိအောင် ဆေးလိပ်လေးတော့ ဖွာလိုက်မိပါရဲ့။ အနူးအညွတ်တောင်းပန်အပ်ပါတယ်။ ။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘အိမ့်ဘုန်းစစ်သော်’ ရဲ့ “၁၇၀၀” ရသစာတမ်းငယ်ကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

မောင်တင်သစ် လည်တိုင်ရှည်ရှည် ဗျိုင်းဖြူတွေ ပြန်လာကြပြီတမိုးလုံးပျောက်နေတဲ့ ကောင်တွေရွှံ့ပေနေတဲ့ ကျွဲတကောင်ကို အဖော်ပြုဖို့မြစိမ်းကမ္ဗလာပေါ်နေရောင်အောက်မှာ ကခုန်ဖို့သူတို့ ပြန်လာကြပြီ။ ။ ၂၀၂၆ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​မောင်တင်သစ်’​ ရေးဖွဲ့တဲ့ “ဗျိုင်းဖြူ​တွေ”ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call –...

ကဗျာ

နေမိုးဝေး – ရေဆင်း မင်းတို့မှာ ဆိုစရာဆိုလို့ခွန်အားဖြည့်မိငယ်၊ သွေးသစ္စာ၊ ဆယ်လ်မွန်ငါးတို့အပြန်၊ အမေ့အိမ်၊ အဖေ၊ မိုးခါးရေနဲ့ ရောင်နီသာရှိသလားညတိုင်းကြားပေမယ့်ငါလည်းမရိုးအီနိုင်ပါဘူးလေဆိုချိန်တန်လို့မကြားရင်နားတစွင့်စွင့်၊ မျှော်တလင့်လင့်အိပ်ယာဝင်ဖို့ခက်ပေါ့။ တော်လှန်ညများရဲ့ခါးသက်မှုတွေအကြောင်းပြန်ပြောင်းပြောဆိုခွင့်ဟာရှင်ကျန်ခဲ့သူတို့မှာသာရှိမယ်ငါပြောခွင့်ရှိချင်မှရှိမယ်မင်းပြောခွင့်ရှိချင်မှရှိမယ်ဒီအရပ်မှာ အသက်ဟာဖြစ်ဖို့ခက်ပေမယ့်ပျက်ဖို့ လွယ်လွန်းတယ်။ မင်းရှင်ကျန်ခဲ့သော်ငါမကောင်းကြောင်းတော့ပြောချင်မှာမဟုတ်ငါရှင်ကျန်ခဲ့သော်မင်းမကောင်းကြောင်းတော့မပြောချင်ဒီတော့ပြောချင်၊ နှမြောချင်၊ လွမ်းချင်အောင်တော့နေကြရအောင်လေ။ ။ Public Service Announcement (The Call...

ရသစာတမ်းငယ်

●ထွင် စစ်အာဏာရှင်၏လက်ထက်တွင်အဖြစ်အပျက်တို့သည်ကသောင်းကနင်း၊ ကပြောင်းကပြန် ဖြစ်ကုန်သည်။ မျက်စိတမှိတ်အတွင်းမှာပင် လက်မောင်းပေါ် လာကိုက်သော ခြင်တကောင်ကဲ့သို့ မရိုက်မီမှာပင် ဖျတ်ကနဲ့ ပျောက်ကွယ်သွားတတ်သည်။ မနေ့က ဘေးချင်းယှဥ်ထိုင်ပြီး ဂိမ်းအတူဆော့ခဲ့သော ထွန်းပြည့်စုံဆိုသည့် ပီဒီအက်ဖ်ကလေးက ရန်သူ့ဒရုန်းထိမှန်ပြီး မနေ့ညကပဲ မြေအောက်ထဲ ရောက်သွားခဲ့ပြီ။ ယခုပဲ မိသားစုလက်ဆုံ စားနေသည့် ထမင်းဝိုင်းကလေးဟာ...

ရသစာတမ်းငယ်

အသက် အမျက်အငြိုးပြည့်နှက်နေသော ကမ္ဘာမြေကြီးပါလား။မိုးကော၊ ပိတောက်ကော နောက်ကျသည်။ သည်ကြားထဲ မုန်တိုင်းများက ဝင်ရန်ရှိကြောင်း သတင်းထွက်လာသေး၏။ မတတ်နိုင်တော့… ဒီကာလများ၌ ငါပျော်ခဲ့ဖူးတာ အရက်ဝိုင်းတခုသာရှိသည်။ အတွေးများသည့်၊ စကားလုံးတွေလျှံထွက်နေသည့်အပြင် မျက်နှာများစုံသည့်နေရာလည်းဖြစ်ပြန်သည်။ ငါ့မှာ ပိုက်ဆံမရှိပေ။ ဝိုင်းထဲ လူခြောက်ယောက်ရှိပြီး ငါးယောက်မှာ ဟိုခြစ်ခြစ်ဒီခြစ်ခြစ်နဲ့ မျက်နှာငယ်များဖြင့်တောင်းခံနေရသည်။ ကျန်တဦးကား...

Trending

Facebook