Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှူကို ဆန့်ကျင်ရန် ရန်ကုန်သပိတ်အင်အားစုများတိုက်တွန်း

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်စစ်ဘေး ရေဘေး ကြုံရချိန်တွင် အာဏာတည်မြဲရန်အတွက် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရန် ကြိုးပမ်းနေသည့် စစ်ကောင်စီကို ဆန့်ကျင်ရန် ရန်ကုန်အခြေစိုက် လူထုသပိတ် အစုအဖွဲ့များ က တိုက်တွန်းလိုက်သည်။

စစ်​ကောင်စီ​၏သန်​ခေါင်းစာရင်​ကြော်ညာဘုတ်။ ဓါတ်ပုံ-People's Spring)

သတိုး / People’s Spring

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်စစ်ဘေး ရေဘေး ကြုံရချိန်တွင် အာဏာတည်မြဲရန်အတွက် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရန် ကြိုးပမ်းနေသည့် စစ်ကောင်စီကို ဆန့်ကျင်ရန် ရန်ကုန်အခြေစိုက် လူထုသပိတ် အစုအဖွဲ့များ က တိုက်တွန်းလိုက်သည်။

“စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူရန် ကြိုးပမ်းမှုကို ပြည်သူလူထုတရပ်လုံး အနေဖြင့် မိမိတို့ တော်လှန်ရေး အင်အားစုများနှင့် အတူတကွ ရနိုင်သမျှ နည်းလမ်းမျိုးစုံသုံး၍ ဆန့်ကျင်ကြရန် လိုအပ်သည်” ဟု ရန်ကုန်သပိတ်အင်အားစုများက တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ပြည်သူများအနေဖြင့် သန်းခေါင်စာရင်းကောက်ယူမှု လုပ်ငန်းစဥ်များ ပျက်ပြားစေရန် ဆောင်ရွက်ခြင်း၊ ယင်စာရင်းကောက်ယူရာတွင် ပါဝင်သူများကို ဖိအားပေးခြင်း၊ ဖယ်ကျဥ်ခြင်း၊ လူမှုရေးပြစ်ဒဏ်ခတ်ခြင်း၊ သန်းခေါင်စာရင်းကောက်ယူမှုကို မပူးပေါင်းခြင်း၊ မဖြေဆိုခြင်း၊ မလွှဲရှောင်သာ၍ ဖြေဆိုရပါက အချက်အလက်များ လွဲမှားဖြေဆိုခြင်း ၊ပြည်သူလူထုအချင်းချင်းနှင့် တော်လှန်ရေးရဲဘော်များကို လိုအပ်သလို အကာအကွယ်ပေးခြင်းစသည်တို့ ကို လုပ်ဆောင်နိုင်ကြောင်း တိုက်တွန်းထားသည်။

စစ်ကောင်စီက အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အတွင်း ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမည်ဖြစ်ကြောင်း ကြေညာထားသည်။

နိုင်ငံတစ်နိုင်ငံ၏ နှစ်ကာလအပိုင်းအခြားတစ်ခုအတွင်း ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် စသည့် လူမှုစီးပွားဆိုင်ရာ ဖွံ့ဖြိုးမှုကို လေ့လာသုံးသပ်နိုင်ရန် သန်းခေါင်စာရင်းကောက်ယူမှုသည် ပုံမှန် လုပ်ရိုးလုပ်စဥ်ဖြစ်သော်လည်းစစ်ကောင်စီသည် နိုင်ငံ၏ လူမှုစီးပွားထောက်တိုင်များကို ကိုယ်တိုင် ဖျက်စီးနေသူ ဖြစ်ပြီး သန်းခေါင်စာရင်းမှ ရရှိနိုင်သော ပြည်သူလူထု၏ ကိုယ်ရေး အချက်

အလက်များကိုလည်း နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးမှုထက် ၎င်းတို့ အာဏာတည်မြဲရေး၊ စစ်အနိုင်ရရေး၊ လူထု၏ တော်လှန်အုံကြွမှုများကို ဖိနှိပ်ရေးအတွက်သာ အသုံးချမည်မှာ မလွဲဧကန်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် လူထုသပိတ်အစုအဖွဲ့များက ထုတ်ပြန်ထားသည်။

ထို့ပြင် သန်းခေါင်စာရင်းကောက်ယူခြင်းသည် ၎င်းတို့ကျင်းပမည့် ‌ဟန်ပြရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ခြင်းဖြစ်ပြီး မြို့နယ်၊ ရပ်ကွက်များအလိုက် စစ်မှုထမ်းနိုင်သည့် လူငယ်များ၏ အရေအတွက်များ၊ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ကြသည့် ကျောင်းသားလူငယ်များနှင့် ပြည်သူ့ဝန်ထမ်းများ၏ အခြေအနေများ၊ မြို့ပြနေ သပိတ်ရဲဘော်များနှင့် တော်လှန်ရေး အင်အားစုများ၏ အချက်အလက်များကို ရှာဖွေဖော်ထုတ်ရန် ကြံစည်မှုဖြစ်သည်ဟုလည်း အသိ​ပေးထားသည်။

“အဘက်ဘက်မှ ပြိုလဲပျက်စီး ကျရှုံးလာသော အကြမ်းဖက် စစ်ကောင်စီသည် စစ်မှုထမ်း၊ သန်းခေါင်စာရင်း၊ ဟန်ပြရွေးကောက်ပွဲ စသည့် ကြိုး

ပမ်းမှုများကို ကောက်ရိုးတမျှင်ပမာ ဆွဲကိုင်၍ အသက်ဆက်ရန် ကြံစည်လျက်ရှိသည်။ ဤကဲ့သို့ စစ်ကောင်စီ၏ ကောက်ရိုးတမျှင်ပမာ ကြိုးပမ်းမှုများကို ပြည်သူလူထုတရပ်လုံးနှင့်အတူ တော်လှန်ရေးအင်အားစုများ၊ လူထုဘက်သား ဝန်ထမ်းများ၏ စုပေါင်းအင်အားဖြင့် အတူတကွ ဆန့်ကျင်ဖြိုဖျက်ကြရမည် ဖြစ်ကြောင်း မိမိတို့ လူထုသပိတ်အင်အားစုများမှ တိုက်တွန်းနှိုးဆော်အပ်ပါသည်။” ဟု ယင်းအဖွဲ့များကတိုက်တွန်းထားသည်။

ရန်ကုန်အခြေစိုက် သပိတ်ရဲဘော် ကိုစောညိမ်းက “ကျနော်တို့ စာထဲမှာလဲ ပါသလို စကစဟာ ရေနစ်နေသူတယောက်လို အပြင်းအထန် ရုန်းကန်ပြီး အသက်ဆက်ဖို့ ကြိုးပမ်းနေပါတယ်၊‌ သေခါနီးလေ ပိုပြင်းထန်လာလေပေါ့ဗျာ၊ ဒါကြောင့် ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုတွေ အတူတကွ ဒီရုန်းကန်ကြိုးပမ်းမှုတွေကို ဖီဆန်ကြဖို့ အာခံကြဖို့ ဆန့်ကျင်ကြဖို့လိုအပ်ပါတယ်၊ ဒီလို ရုန်းကန်ရင်းနဲ့ပဲ စကစဟာ ဆုံးဆုံးမြုပ်သွားပါလိမ့်မယ်၊ ဒါပါပဲ” ဟုပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။