Connect with us

Hi, what are you looking for?

သတင်း

ဆိုင်းတောင်ရွာကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားနေသည့် ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာကို စစ်ကောင်စီက ယနေ့ လေကြောင်းမှ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးသည်။

ဆိုင်းတောင်ရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်နေစဉ်။

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားနေသည့် ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာကို စစ်ကောင်စီက ယနေ့ လေကြောင်းမှ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးသည်။

စက်တင်ဘာ ၂၇ရက် မွန်းလွဲ ၃နာရီခွဲဝန်းကျင် တွင် ဆိုင်းတောင်ရွာကို လေကြောင်း တိုက်ခိုက် လာခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယနေ့တွင် KIAနှင့် စစ်ကောင်စီတပ်အကြား ဆိုင်းတောင်ရွာတွင် ရံဖန်ရံခါ ပစ်ခတ်မှုရှိသော်လည်းတိုက်ပွဲအကြီးအကျယ်ဖြစ်ပွားမှု မရှိကြောင်း သတင်းရင်းမြစ်က ပြောသည်။

” ၃နာရီခွဲလောက်မှာ လေယာဉ်ပျံနဲ့လာပစ်သွားတာ။ သူတို့က ၆ခါ ၇ခါလောက်လာပစ်သွားတယ်လို့ အဲဒီလိုတော့ သတင်းရတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှု အခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။

ဆိုင်းတောင်ရွာရှိ စစ်ကောင်စီတပ်ကို KIA ပူးပေါင်းတပ်က စက်တင်ဘာ ၇ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ရာ စက်တင်ဘာ ၁၂ရက်တွင် ဆိုင်းတောင်ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီသည် ဆိုင်းတောင်ရှိ လက်ကီးမန်းဟိုတယ်ကို အခြေပြုပြီး ခုခံနေခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီက လေကြောင်းပစ်ကူပေး တိုက်ခိုက်ခြင်းအပြင် ဖားကန့် ဗျူဟာစခန်းမှ လက်နက်ကြီးပစ်ကူပေး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

စစ်ကောင်စီတပ်သည် ဆိုင်းတောင်ရွာရှိ ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့များ က လိုက်လံမီးရှို့ခြင်း၊ လေကြောင်း ပစ်ခတ်ခြင်းနှင့် လက်နက်ကြီး ပစ်ခတ်ခြင်းများကြောင့်

ဆိုင်းတောင်ရှိ ပြည်သူအများအပြား၏ နေအိမ်များ မီးလောင်ခဲ့ရကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

မိုးရာသီရောက်တိုင်းရေဘေးနဲ့မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ကချင်ပြည် နယ်၊ဖားကန့်မြို့နယ်မှာသုံးရက်ခန့်မိုးကြီးပြီးတဲ့နောက်ဒီကနေ့(ဇွန်လ ၁၄ရက်)မနက်ပိုင်းကစပြီး ရပ်ကွက်နဲ့ကျေးရွာအချို့ရေဘေးကြုံတွေ့နေရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။