Connect with us

Hi, what are you looking for?

သတင်း

မင်းဘူးခရိုင်အတွင်း သန်းခေါင်စာရင်းကောက်မည့် စစ်ကောင်စီထောက်တိုင်များအား ထိရောက်စွာအရေးယူမည်ဟု အမှတ်(၁)တပ်ရင်း သတိပေး

မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်း သန်းခေါင်စာရင်းကောက်မည့် စစ်ကောင်စီထောက်တိုင်များအား ထိရောက်စွာအရေးယူမည်ဟု မကွေးတိုင်း၊ မင်းဘူးခရိုင် အမှတ်(၁)တပ်ရင်းက သတိပေးသည်။

သန်းခေါင်းစာရင်းကောက်ယူမည့် စစ်ကောင်စီထောက်တိုင်ဝန်ထမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - စကစ

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်း သန်းခေါင်စာရင်းကောက်မည့် စစ်ကောင်စီထောက်တိုင်များအား ထိရောက်စွာအရေးယူမည်ဟု မကွေးတိုင်း၊ မင်းဘူးခရိုင် အမှတ်(၁)တပ်ရင်းက သတိပေးသည်။

မင်းဘူးခရိုင်အတွင်းတွင် စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲ ဖြစ်မြောက်စေရန် အားပေးထောက်ခံမှုများ မပြုလုပ်ကြရန်နှင့် ရွေးကောက်ပွဲပြုလုပ်နိုင်ရန် သန်းခေါင်စာရင်းကောက်ယူမည့် စစ်ကောင်စီထောက်တိုင်များအား ထိရောက်စွာအရေးယူသွားမည်ဟု မကွေးတိုင်း၊ မင်းဘူးခရိုင် အမှတ်(၁)တပ်ရင်းက သတိပေးကြေညာသည်။

Public Service Announcement

Public Service Announcement

“မင်းဘူးခရိုင်အတွင်းမှာ သန်းခေါင်စာရင်းကောက်ဖို့ ပြင်ဆင်နေတယ်လို့ စကစအသိုင်းအဝိုင်းက သတင်းရထားပါတယ်။”ဟု မင်းဘူးခရိုင် အမှတ်(၁)တပ်ရင်း၏ တာဝန်ရှိသူက ပြောသည်။

ထို့အပြင် ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်နေသော စစ်ကောင်စီတပ်က ပြုလုပ်မည့် ပြည်သူ့ဆန္ဒမပါသော ရွေးကောက်ပွဲကို လုံးဝလက်မခံဘဲ ပြင်းထန်စွာကန့်ကွက်ကြောင်း အမှတ်(၁)တပ်ရင်းက ဆိုသည်။

ယမန်နေ့(စက်တင်ဘာ၂၆ရက်)က ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူရေး ပါဝင်နေသူ ရာအိမ်မှူး မင်းမင်းထွန်းဆိုသူ ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီသည် လာမည့် အောက်တိုဘာ ၁ ရက်တွင် အိမ်တိုင်ရာရောက် သန်းခေါင်စာရင်းကောက်ယူရန် အောက်ခြေ Non CDM ဝန်ထမ်းများအား ဖိအားပေးနေသည်။ သို့သော် မြေပြင်တွင်မူ Non CDM ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီထိန်းချုပ်ထားသည့် မြို့ပေါ်များ၌ပင် မကောက်ရဲဘဲ နေအိမ်များထံ စာရွက်လိုက်ဝေ၍ ဖြည့်ခိုင်းထားသည်ဟု သတင်းရရှိသည်။

သန်းခေါင်စာရင်းကောက်ယူမှု လုပ်ငန်းစဉ်များ ပျက်ပြားစေရန် ဆောင်ရွက်ခြင်း၊ ကောက်ယူရာတွင် ပါဝင်သူများကို ဖိအားပေးခြင်း၊ ဖယ်ကျဉ်ခြင်း၊ လူမှုရေးပြစ်ဒဏ်ခတ်ခြင်း၊ သန်းခေါင်စာရင်း ကောက်ယူမှုကို မပူးပေါင်းခြင်း၊ မဖြေဆိုခြင်း၊ မလွှဲရှောင်သာ၍ ဖြေဆိုရပါက အချက်အလက်များ လွဲမှားဖြေဆိုခြင်း၊ ပြည်သူလူထုအချင်းချင်းနှင့် တော်လှန်ရေးရဲဘော်များကို လိုအပ်သလို အကာအကွယ်ပေးခြင်း၊ စသည်တို့ကို လုပ်ဆောင်နိုင်ကြောင်း ရန်ကုန်သပိတ် အင်အားစုများက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

လက်နက်ခဲယမ်း​တွေသိမ်းဆည်းရရှိပြီး ၊စစ်ကားတစ်စီးကိုဖျက်ဆီး

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ တိုက်ပွဲတွေဖြစ်နေလို့ ကျေးရွာ ၁၀ရွာထက်မနည်း ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း သတင်းရရှိပါတယ်။