Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် PDF စခန်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားပြီး ထိခိုက်မှုရှိ၍ ပြန်လည်ဆုတ်ခွာသွားကြောင်း သတင်းရရှိသည်။

စစ်ကောင်စီစစ်ကြောင်းအား တိုက်ခိုက်နေသော PDF ရဲဘော်များအား တွေ့ရစဥ်။

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် PDF စခန်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားပြီး ထိခိုက်မှုရှိ၍ ပြန်လည်ဆုတ်ခွာသွားကြောင်း သတင်းရရှိသည်။

ယနေ့(စက်တင်ဘာ၂၇ရက်) နံနက် ၅ နာရီခန့်က မြင်းခြံမြို့နယ် ခြေဆေးရွာအနီးရှိ Myingyan Black Tiger (MBT)တပ်ဖွဲ့၏ စစ်ကြောင်း (၃)အခြေချရာ တပ်စခန်းများအား အင်အား ၁၂၀ ခန့်ပါ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည်။

Public Service Announcement

Public Service Announcement

MBTတပ်ဖွဲ့ ရဲဘော်များက တန်ပြန်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ဆုတ်ခွာခဲ့ကြောင်း၊ နံနက် ၇နာရီခန့်တွင် မဟာမိတ်တပ်များကပါ တပ်ကူလာဖြည့်ခဲ့ရာ စစ်ကောင်စီတပ်အား ခြေဆေးချောင်းအတွင်း ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့၏ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

စစ်ကောင်စီဘက်က ဒရုန်း ၅စီးနှင့် ဂျက်ဖိုက်တာ၂ စီးဖြင့် အကြိမ်ပေါင်းများစွာ လာရောက်ပစ်ခတ်မှုကြောင့် ကာကွယ်ရေးအဖွဲ့များ အနည်းငယ်ဆုတ်ခွာပေးခဲ့ပြီး နံနက် ၁၁နာရီကျော်အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၎င်းက ပြောသည်။

ထို့နောက် စစ်ကောင်စီတပ် အထိအခိုက်များဖြင့် ပြန်လည်ဆုတ်ခွာသွားပြီး ထိခိုက်သေဆုံးသူများအား သယ်ဆောင်သွားသည်ကို မျက်မြင်တွေ့ရှိခဲ့သည်ဟု ဗိုလ်မိုက်ခဲက ဆိုသည်။

စစ်ကောင်စီစစ်ကြောင်းအား တိုက်ခိုက်နေသော PDF ရဲဘော်များအား တွေ့ရစဥ်။

“မြင်းခြံက စစ်တပ်၊ရဲ၊ပျူတွေပါတယ်။ အဓိကက ခြေဆေးချောင်းနားမှာ ဒီကောင်တွေထွက်ပြေးရင်းနဲ့ပိတ်မိသွားတာ။ အဲအချိန်မှာ လေယာဥ်သာမရောက်လာခဲ့ရင် အားလုံးပြုတ်မှာပဲ ဒီကောင်တွေ။”ဟု ဗိုလ်မိုက်ခဲက ပြောသည်။

တိုက်ပွဲသံများမှာ မြို့နှင့်နီးကပ်၍ အတိုင်းသားကြားခဲ့ရကြောင်း မြင်းခြံမြို့ခံများက ပြောသည်။

“လေယာဥ်ပေါ်ကချတဲ့ ဗုံးသံပါကြားရတယ်။ မြို့အစွန်ကအိမ်တွေတောင်တုန်တယ်။ မနေ့ကညနက်ပိုင်းကတည်းက လက်နက်ကြီးတွေလှမ်းထုတာ။”ဟု မြင်းခြံမြို့ခံတစ်ဦးက ပြောသည်။

Myingyan Black Tiger (MBT)တပ်ဖွဲ့နှင့်အတူ မြင်းခြံခရိုင် အမှတ် (၁၊၂၊၃၊၇၊၈)တပ်ရင်းများ၊မြင်းခြံခရိုင် ပကဖ၊စွန်ရဲပြောက်ကျားတပ်ဖွဲ့၊ရဲခေါင်ပြောက်ကျားတပ်ဖွဲ့၊အမှတ် (၈၁၅)တပ်ရင်း (PLA) တပ်ဖွဲ့များမှ တပ်ကူများလာရောက်ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ခြေဆေးကျေးရွာကို စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းကလည်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်တိုင်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ယာခင်းထဲပေါင်းနှုတ်နေသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ၄ ဦး ဒဏ်ရာရရှိခဲ့သည့်အနက် အမျိုးသမီး တစ်ဦးသေဆုံးခဲ့သေးသည်။

စက်တင်ဘာ ၉ ရက်ကလည်း မြင်းခြံမြို့နယ်၏ မြောက်ပိုင်းရှိ Myingyan Black Tiger (MBT)တပ်ဖွဲ့၏ စစ်ကြောင်း (၁) နယ်မြေအတွင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်ကို ရဲကွန်မန်ဒိုဆိုပြီး စစ်ကြောင်းထိုးလာတဲ့စစ်တပ်လက်​အောက်ခံလက်နက်ကိုင်အဖွဲ့​တွေဟာ ပြည်သူ​တွေရဲ့နေအိမ်တွေက အင်္ကျီ၊လုံချည်၊ထဘီ တွေကိုပါခိုးယူနေတာမို့ စစ်ဘေးရှောင်ပြည်သူတွေအခက်အခဲဖြစ် နေတယ်လို့ ​ဒေသခံပြည်သူ​တွေ နဲ့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ် ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၂၃ ရက်နေ့က မြင်းခြံမြို့ထဲက အဓိကလမ်းမကြီးပေါ်မှာ ဆိုင်ကယ်တွေ၊ ကားတွေနဲ့အတူ လူတွေ လှိုင်းလုံးထ စည်ကားနေတယ်။ ယာဥ်တွေရဲ့ရှေ့ဆုံးပေါ်မှာတော့ ဖျော်ဖြေရေးယာဥ်တွေ။ တီးဝိုင်းတွေ၊ အဆိုတော်တွေနဲ့ လှည့်လည်နေတယ်။ ကိုဗစ်ကတည်းက ရပ်နားလိုက်တဲ့ မြင်းခြံမြို့ရဲ့အထင်ကရ သုံးဆူဘုရားပွဲကို ဒီနှစ်မှာ ပြန်လည် ကျင်းပနေတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook