Connect with us

Hi, what are you looking for?

ဗီဒီယို

အရာ​တော်မြို့နယ်မှ Mytel တာဝါတိုင်ကို ARA မိုင်းခွဲဖျက်ဆီး

အကြမ်းဖက်စစ်ကောင်စီကို တော်လှန်မှုတွင် စစ်ကောင်စီ၏ ဒေါက်တိုင်ဖြစ်သော Mytel တာဝါတိုင် ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖြိုလှဲနေသည်မှာ ရာနှင့်ချီရှိပြီဖြစ်သည်။

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊ အောင်သာကုန်းကျေးရွာအနီးရှိ Mytel တာဝါတိုင်တစ်ခုကိုဖောက်ခွဲဖျက်ဆီးခဲ့​ကြောင်းအရာတော်မြို့နယ် တော်လှန်ရေးအင်အားစု ARA က ဗီဒီယိုဖိုင်ဖြင့် သတင်းထုတ်ပြန်သည်။

ယနေ့ (အောက်တိုဘာ ၂၁ ရက်) မွန်းလွှဲ ၃ နာရီကျော်တွင် ARA မှ ဗိုလ်ဘုန်းနိုင် အဖွဲ့နှင့် သပြေညို ပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်း​ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု​ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီကို တော်လှန်မှုတွင် စစ်ကောင်စီ၏ ဒေါက်တိုင်ဖြစ်သော Mytel တာဝါတိုင် ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖြိုလှဲနေသည်မှာ ရာနှင့်ချီရှိပြီဖြစ်သည်။

စက်တင်ဘာလ တစ်လတည်း၌ ပင် စစ်ကိုင်းတိုင်းရှိ စစ်ကောင်စီပိုင် Mytel တာဝါတိုင် ၄၀ ကျော်ကို ပြည်သူ့တပ်ဖွဲ့များက ဖောက်ခွဲခဲ့သည်။အောက်တိုဘာ ၂၀ ရက်ကလည်း ရေစကြိုမြို့နယ် မအူတောင်ရွာရှိ Mytelတာဝါတိုင်နှင့် ရွာသစ်ရွာ ရှိ မိုင်တဲတိုင်နှစ်ခုကို ဖျက်ဆီးခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ARSA၊RSO၊ARAတို့ရဲ့ ပြည်သူတွေကို သတ်ဖြတ်တာ၊ ပြန်ပေးဆွဲတာ၊ ချောင်းမြောင်းတိုက်ခိုက်တာတို့ ရှိနေတဲ့အတွက်ကြောင့် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့အတွင်း နေထိုင်တဲ့ပြည်သူတွေအနေနဲ့ ညဘက်အ ပြင်မထွက်ကြဖို့ အာရက္ခတပ်တော်(AA)က ညမထွက်ရအမိန့်တရပ် ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ညသန်းခေါင်အချိန် ပေါ်တာဆွဲခံရမှာစိုးရိမ်လို့ စိတ်ဝင်စားမှုနည်း

သတင်း

ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ထုတ်လွှင့်ခွင့်ရရှိထားတဲ့ စစ်တပ်ပိုင် စီးပွါးရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Mytel က အွန်လိုင်းကနေ ကမ္ဘာ့ဖလားပွဲစဉ်တွေ ထုတ်လွှင့်ပြသတာမျိုးတွေရှိရင် တည်ဆဲဥပဒေတွေအပါအဝင် နိုင်ငံတကာဥပ‌ဒေတွေနဲ့ အရေးယူမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ ကမ္ဘာ့ဖလားထုတ်လွှင့်ခွင့်ရရှိထားတဲ့ အာဏာသိမ်းစစ်တပ် နဲ့ ဗီယက်နမ်စစ်တပ် ပူး​ပေါင်းပိုင်တဲ့ Mytel ရဲ့ TV360 စာမျက်နှာကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar-JFM က အသိပေးထားပါတယ်။

Trending

Facebook