စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊ အောင်သာကုန်းကျေးရွာအနီးရှိ Mytel တာဝါတိုင်တစ်ခုကိုဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းအရာတော်မြို့နယ် တော်လှန်ရေးအင်အားစု ARA က ဗီဒီယိုဖိုင်ဖြင့် သတင်းထုတ်ပြန်သည်။
ယနေ့ (အောက်တိုဘာ ၂၁ ရက်) မွန်းလွှဲ ၃ နာရီကျော်တွင် ARA မှ ဗိုလ်ဘုန်းနိုင် အဖွဲ့နှင့် သပြေညို ပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်းဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟုဖော်ပြထားသည်။
အကြမ်းဖက်စစ်ကောင်စီကို တော်လှန်မှုတွင် စစ်ကောင်စီ၏ ဒေါက်တိုင်ဖြစ်သော Mytel တာဝါတိုင် ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖြိုလှဲနေသည်မှာ ရာနှင့်ချီရှိပြီဖြစ်သည်။
စက်တင်ဘာလ တစ်လတည်း၌ ပင် စစ်ကိုင်းတိုင်းရှိ စစ်ကောင်စီပိုင် Mytel တာဝါတိုင် ၄၀ ကျော်ကို ပြည်သူ့တပ်ဖွဲ့များက ဖောက်ခွဲခဲ့သည်။အောက်တိုဘာ ၂၀ ရက်ကလည်း ရေစကြိုမြို့နယ် မအူတောင်ရွာရှိ Mytelတာဝါတိုင်နှင့် ရွာသစ်ရွာ ရှိ မိုင်တဲတိုင်နှစ်ခုကို ဖျက်ဆီးခဲ့သည်။