Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ ​ကောလင်းမြို့နယ်အတွင်းဗုံးကြဲ ဒေသခံပြည်သူ ၇ ဦးသေဆုံး

စစ်​ကောင်စီက ကောလင်းမြို့နယ်အတွင်းသို့ စက်တင်ဘာလ ၃၀ရက်​နေ့က တိုက်​လေယာဥ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှု​ကြောင့် ​ဒေသခံပြည်သူ ခုနစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရှိခဲ့သည်။

ဗုံးကြဲတိုက်ခိုက်ပြီး​နောက် အပျက်အစီးများကို​တွေရစဥ်။ ဓါတ်ပုံ-​ပေးပို့

လူအေး/People’s Spring

စစ်​ကောင်စီက ကောလင်းမြို့နယ်အတွင်းသို့ စက်တင်ဘာလ ၃၀ရက်​နေ့က တိုက်​လေယာဥ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှု​ကြောင့် ​ဒေသခံပြည်သူ ခုနစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရှိခဲ့သည်။

ကောလင်းမြို့နယ်၊ ဥက္ကံကျေးရွာ အရှေ့အိုင်ကြီးလမ်းခွဲနေရာကို စက်တင်ဘာလ ၃၀ ရက် နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံး လေးလုံးကြဲချတိုက်ခိုက်ခြင်းဟု ဒေသခံအချို့ကပြောသည်။

Public Service Announcement

Public Service Announcement

“ကောလင်းနဲ့ ကျွန်းလှကြားမှာ တိုက်ပွဲဖြစ်နေတာပါ။ဥက္ကံရွာနဲ့ အဝေးကြီးပါ။ ဒီနေ့မနက်အထိ ရရှိထားတဲ့သတင်းတွေအရ သေဆုံးသူ ခုနစ်ဦး ရှိနေပါပြီ။ ဒဏ်ရာရသူလေးဦးလည်း စိတ်ပူရပါတယ်” ဟု ကောလင်းမြို့ခံတစ်ဦးကပြောသည်။

ဥက္ကံကျေးရွာသည် အရပ်သားပြည်သူများ သာ နေထိုင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များလုံးဝမရှိဟု Kawlin Revolution-KRက သတင်းထုတ်ပြန်ထားသည်။ ​လေ​ကြောင်းတိုက်ခိုက်မှုတွင် ပြည်သူ ၆ ဦး​သေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကာ ထိုသို့ဗုံးကြဲတိုက်ခိုက်မှုအ​ပေါ် ပြည်သူများထိတ်လန့်​နေကြ​ကြောင်း KR က စက်တင်ဘာ ၃၀ ညပိုင်း၌ ထုတ်ပြန်သည်။

ကောလင်းမြို့ကို အမှတ် (၁) စစ်ဒေသ၊ကောလင်းခရိုင်ကွပ်ကဲရေး၏ကွပ်ကဲမှုဖြင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၃ နိုဝင်ဘာလ ၃ရက်မှ စတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၆ ရက်နေ့တွင် သိမ်းပိုက်ခဲ့သည်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် ကောလင်းမြို့ကို စစ်ကောင်စီတပ်က ၂၀၂၄ ဖေဖော်ဝါရီ ၄ရက်နံနက်မှ၍ စစ်ကြောင်းထိုးခဲ့ပြီး ရက်အနည်းငယ်အကြာတွင် မြို့ကိုပြန်လည်တပ်စွဲနိုင်ခဲ့သည်။

ယခုအခါ ကောလင်းမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ရေးဖော်ဆောင်ခြင်းမရှိဘဲ စစ်ကောင်စီက ဒေသခံများကို လေကြောင်းမှလာ​ရောက်တိုက်ခိုက်ခြင်းဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်။

စစ်ကောင်စီသည် ရှမ်းပြည်နယ်၊စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ ကရင်နီပြည်နယ်တို့မှ မြို့နယ်အချို့ကိုလေကြောင်းမှမကြာခဏဗုံးကြဲတိုက်ခိုက်နေပြီး ​ဒေသခံပြည်သူများ​သေဆုံး ဒဏ်ရာရမှုများ မကြားခဏဖြစ်ပွား​နေသည်။

အရပ်သားပြည်သူများကိုပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်နေသည့် စစ်ကောင်စီ၏လုပ်ရပ်သည် ရိုင်းစိုင်းသောလူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ကြောင်း အာရက္ခတပ်‌တော်(AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) ကထုတ်ပြန်ထားသည်။

ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့်အမျိုးသမီးများအပါအဝင် အရပ်သားများအား အကြမ်းဖက်လုပ်ရပ်များ နေ့စဉ်ကျူးလွန်နေသောစစ်ကောင်စီအား လေယာဉ်ဆီ နှင့် လက်နက်ခဲယမ်းရောင်းချခြင်းများ ရပ်တန့်ပေးရန် အရပ်ဖက်အဖွဲ့အစည်းများနှင့်တော်လှန်ရေးအင်အားစု စုစုပေါင်း ၃၁၆ဖွဲ့က စက်တင်ဘာလ၁၂ ရက်နေ့တွင်ထုတ်ပြန်တောင်းဆိုခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နဲ့ ရှမ်းပြည်နယ် မဘိမ်းမြို့တို့ကို ဒီနေ့ မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး နောက်ထပ်လေယာဉ်ပျံသန်းမှုတွေရှိနေတာကြောင့် ဒေသခံတွေ လုံခြုံရေးသတိပြုကြဖို့ တော်လှန်ရေးရဲဘော်တွေက သတိပေးထားပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook