Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ ကျောင်းကားမီးလောင်လို့ မူကြိုကလေးငယ် ၁၀ ဦးထက်မနည်း သေဆုံး

ထိုင်းနိုင်ငံမှာ ကျောင်းကား မီးလောင်ရာက မူကြိုကလေးငယ် အနည်းဆုံး ၁၀ ဦးသေဆုံးပြီး နောက်ထပ် ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - ထိုင်းမီးသတ်တပ်ဖွဲ့

People’s Spring

ထိုင်းနိုင်ငံမှာ ကျောင်းကား မီးလောင်ရာက မူကြိုကလေးငယ် အနည်းဆုံး ၁၀ ဦးသေဆုံးပြီး နောက်ထပ် ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ အောက်တိုဘာ ၁ ရက်နေ့က ဘန်ကောက် မြို့တော်နားမှာရှိတဲ့ ပါသွန်သာနီမှာ ကျောင်းပြင်ပ လေ့လာရေး ခရီးစဉ်တစ်ခု သွားရောက်ရင်း ကျောင်းဘတ်စ်ကား မီးလောင်မှု ဖြစ်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ထိုင်းရဲ့ မီးသတ်နဲ့ ကယ်ဆယ်ရေး ဌာန Facebook စာမျက်နှာမှာ အဲဒီ ကျောင်းကား မီးလောင်မှု သတင်းကို စတင် ဖော်ပြခဲ့ပါတယ်။

ကနဦး ရရှိထားတဲ့ သတင်းတွေအရ အဲဒီ ကျောင်းကားဟာ ယူသိုင်ဌာနီမှာရှိတဲ့ ဝတ်ခွန်ဖရာ ဆန်ခါရမ်ကျောင်းရဲ့ အသက် ၄ နှစ်၊ ၅ နှစ်အရွယ် မူကြို ကျောင်းသူကျောင်းသားလေးတွေကို တင်ဆောင်လာတာလို့ သိရပါတယ်။

ကားပေါ်မှာ ကလေးတွေ၊ ယာဉ်မောင်းနဲ့ ဆရာဆရာမတွေ စုစုပေါင်း ၄၂ ဦး လိုက်ပါလာပြီး ၁၉ ဦးသာ မီးလောင်မှုကနေ အချိန်မီ ထွက်ပြေး လွတ်မြောက်ခဲ့ပါတယ်။

လက်ရှိ အသေအပျောက်က ၁၀ ဦးလို့ အတည်ပြုထားပေမယ့်လည်း အဲဒီထက် တိုးလာနိုင်ခြေ ရှိနေဆဲပါ။

အနီးမှာရှိတဲ့ မီးသတ်တပ်ဖွဲ့ဟာ အခင်းဖြစ်တဲ့ နေရာကို အမြန်ဆုံး သွားရောက်ပြီး ကျောင်းကားကိုယ်ထည်ကို စွဲလောင်နေတဲ့ မီးတွေကို အစွမ်းကုန် ငြှိမ်းသတ်ခဲ့ရပါတယ်။

ဒါပေမဲ့ လုံခြုံရေးကြောင့် အတွင်းပိုင်း အခြေအနေတွေကိုတော့ ချက်ချင်း စစ်ဆေးလို့ မရသေးဘူးလို့ ဆိုပါတယ်။

Khaosod သတင်းဌာနက ကလေး ၁၀ ဦးဟာ အခင်းဖြစ်တဲ့ နေရာမှာတင် သေဆုံးတယ်လို့ ရေးသားထားပြီး ဒဏ်ရာရသူတွေလည်း အများအပြား ရှိခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးတဲ့ ကလေးတွေ ဘယ်သူဘယ်ဝါ ဆိုတာကို မထုတ်ပြန်သေးပါဘူး။

ကျောင်းကားမှာ ဆိုးဆိုးရွားရွား မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ အကြောင်းရင်းကိုလည်း စုံစမ်းနေဆဲပါ။

ကနဦး အချက်အလက်တွေအရ တာယာ ကွဲထွက်သွားရာကနေ အနီးမှာရှိတဲ့ လမ်းအတားအဆီး တစ်ခုကို ဝင်တိုက်ပြီး ကျောင်းကားမှာ မီးစလောင်ခဲ့တာလို့ ယုံကြည်ရတယ်လို့လည်း သိရပါတယ်။

ကိုးကား – Thaiger

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူ့အသက်တွေ ဆုံးရှုံးနိုင်တဲ့ မြေအောင်း ဘက်တီးရီးယား ကူးစက်မှုတစ်ခု ဆိုးရွားလာတာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက အလေးအနက် သတိပေးထားပါတယ်။

နိုင်ငံတကာ

ပြည်တွင်းမှာ လောင်စာဆီ လက်ကျန် သိုလှောင်ထားနိုင်စွမ်းနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြန်ပေးဖို့ အစိုးရကို ထိုင်းအတိုက်အခံ ခေါင်းဆောင်က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အခုနှစ်အတွက် ခွေးရူးပြန်ရောဂါနဲ့ ပထမဆုံး သေဆုံးသူဟာ မြန်မာနိုင်ငံသားတစ်ဦး ဖြစ်ကြောင်း Straitstime သတင်းဌာနက​ဖော်ပြပါတယ်။

နိုင်ငံတကာ

ထိုင်းရွေးကောက်ပွဲရဲ့ မဲဆန္ဒနယ် တစ်ခုမှာ မဲရေတွက်မှု မူမမှန်တဲ့ ကိစ္စတွေ ရှိနိုင်ကြောင်း စွပ်စွဲမှုတွေကြောင့် မဲတွေ ပြန်ရေတွက်ပေးဖို့ တောင်းဆိုမှုတွေ မြင့်တက်နေပါတယ်။