Connect with us

Hi, what are you looking for?

သတင်း

မြ၀တီမြို့နယ် ဖလူးကြီးရွာစာသင်ကျောင်းကို စစ်ကောင်စီ လက်နက်ကြီးဖြင့်ပစ်ခတ်၊ ပြည်သူနှစ်ဦး ဒဏ်ရာရ

ကရင်ပြည်နယ် မြ၀တီမြို့နယ် ဖလူးကြီးကျေးရွာ စာသင်ကျောင်းအား စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်ရာ စာသင်ကျောင်းထိခိုက်ပျက်စီးပြီး အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူ ၂ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ယနေ့(အောက်တိုဘာ ၂ရက်) ထုတ်ပြန်သည်။

စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်၍ မြ၀တီမြို့ ဖလူးကြီးရွာစာသင်ကျောင်း ထိမှန်ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - KNU - Dooplaya District

ဟန်နွေ/People’s Spring

ကရင်ပြည်နယ် မြ၀တီမြို့နယ် ဖလူးကြီးကျေးရွာ စာသင်ကျောင်းအား စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်ရာ စာသင်ကျောင်းထိခိုက်ပျက်စီးပြီး အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူ ၂ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ယနေ့(အောက်တိုဘာ ၂ရက်) ထုတ်ပြန်သည်။

အောက်တိုဘာ ၁ရက် နေ့လည်ပိုင်းတွင် လေးကေကော်မြို့သစ်အနီး စွယ်တော်ကုန်း အမြောက်တပ်စခန်းမှ ၁၂၀ မမ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်ရာ ဒေါနအရှေ့ခြမ်း ဖလူးကြီးကျေးရွာစာသင်ကျောင်းဆောင်သို့ ကျရောက်ပေါက်ကွဲပြီး စာသင်ကျောင်းဆောင် (၂) ဆောင် ထိမှန်ပျက်စီးခဲ့ရဟု ဆိုသည်။

Public Service Announcement

Public Service Announcement

KNU ပူးပေါင်းတပ် ကော်ဘရာစစ်ကြောင်း စစ်ကြောင်း(၁) စစ်ကြောင်းမှူး ဗိုလ်စောကော်က စာသင်ကျောင်းတိုက်ခိုက်ခံရမှု အခြေအနေကို ယမန်နေ့တွင်လူမှုကွန်ရက်၌ ရုပ်သံမှတ်တမ်း ဖော်ပြထားသည်။

” ဘာမှ မဆိုင်တဲ့ စာသင်ကျောင်းကို ဒီကောင်တွေလက်နက်ကြီးနဲ့ ပစ်တော့ ကံကောင်းလို့ ကလေးတွေမရှိလို့။ တော်သေးတာပေါ့ ကလေးတွေ ပြန်ပြေးတာမြန်လို့။ တော်သေးတာပေါ့ ကလေးတွေ ပြေးတာမြန်လို့”ဟု ဗိုလ်စောကော်က ရုပ်သံတွင် ပြောကြားထားသည်။

ပစ်ခတ်ခံရချိန် ကျောင်းသား၊ ကျောင်းသူကလေးများနှင့် ဆရာ၊ဆရာမများ ထိခိုက်မှု မရှိသော်လည်း ဖလူးလေး ကျေးရွာအနီးသို့ ကျရောက်ပေါက်ကွဲသော လက်နက်ကြီးကြောင့် ဒေသခံ အမျိုးသမီး တစ်ဦး နှင့် အမျိုးသား တစ်ဦးထိမှန် ဒဏ်ရာရခဲ့ရသည်ဟု KNUက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ အဓိကကျသော တပ်စခန်းများအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲလျက်ရှိရာ စစ်ကောင်စီတပ်များမှလည်း လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ သော်လည်းကောင်း၊ ရမ်းသမ်း၍ သော်လည်းကောင်း ပစ်ခတ်လျှက်ရှိနေသည်ဟု KNUက ထုတ်ပြန်သည်။

ထို့ပြင် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်ဟုလည်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မနေ့ညက နေရာ ၃ခုမှာ ကားမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ထိုင်း-မြန်မာနယ်စပ်အနီးရှိ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ကျောက်ခက်ဒေသထဲကို ဦးတည်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ KNU ပူးပေါင်းတပ်တို့အကြားသဲဖြူချောင်းရွာအနီးမှာတိုက်ပွဲတွေဆက်ရှိနေပြီး အာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook