Connect with us

Hi, what are you looking for?

သတင်း

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ​​တော်လှန်​ရေးအဖွဲ့က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကောင်စီဘက်မှ ၅ဦးသေ ၊ လေးဦးဒဏ်ရာရဟု BWM အဖွဲ့ပြော

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ​ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်​နေစဥ်။ဓါတ်ပုံ-BWM

သတိုး / People’s Spring

ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်မှ တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်‌နေသည့် တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ) ကို ‌၁၀၇ မမ ရှော့တိုက်ဒုန်း ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) မှတာဝန်ရှိသူကပြောသည်။

“ကျွန်တော်တို့ ရဲဘော်တွေက စစ်​ေးတွေလုံခြုံရေး ပတ်ပတ်လည်ချထားတဲ့ကြားထဲကဝင်ပစ်ခဲ့ရတာပါ။ တလမ်းလုံးနှုံးတွေကဒူးလောက်ရှိတယ်ဆိုတော့ပစ္စည်းတွေနဲ့ ဆိုတော့အတော်ရုန်းရတယ်။ ၃ လုံးတစ်ခါ ၂ လုံး တစ်ခါ ပစ်တယ် ။ပထမ ၃ လုံး မှာ အလယ် တစ်လုံးမထွက် နောက်ထပ် ၂ လုံးက ၂ လုံးလုံး ထွက်တယ် ” ဟု ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ၎င်းကပြောသည်။

အဆိုပါစစ်ဆင်​ရေးကို အောက်တိုဘာ ၅ ရက် နံနက် ၃နာရီခွဲခန့်တွင် Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် NSA31 မြို့ပြပြောက်ကျားအဖွဲ့နှင့် စစ်တောင်းမြစ်ဝှမ်း ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“တပခ မစ်ရှင်အတွင်း တပခ စခန်းရုံး ခေါင်မိုးပွင့်ပြီး အခြားအဆင့် ၃ ဦး သေကာ တပ်ရေးဗိုလ်ကြီးတစ်ဦး ဒဏ်ရာရှိကြောင်း၊ ကင်းတဲပွင့်၍ စစ်သည် နှစ်ဦး‌သေ ကြောင်း၊ အရာရှိနေအိမ်လိုင်းခန်းထိမှန်ပြီး အရာရှိ ၃ ဦးဒဏ်ရာရရှိကြောင်းကနဦးသတင်းရရှိထားသည်။ ” ဟု BWM ကတိုက်ခိုက်မှုတွင် ကနဦးသတင်းအရ စစ်​​ကောင်စီတပ်မှ ၅ ဦး​သေပြီး ၄ဦး​သေဆုံး​ကြောင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီဘက်မှ ထိခိုက်မှုနှင့်ပတ်သက်၍ လူထုနွေဦးအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

တပခ သည် ပဲခူးတိုင်း နှင့် ကရင်ပြည်နယ်မှတော်လှန် ရေး အင်အား စုများကို တိုက်ခိုက်နေသော ရန်သူစစ်စခန်းများအား အမိန့်ပေးကွပ်ကဲနေသည့် အဓိက တိုင်းစစ်ဌာနချုပ်တစ်ခု ဖြစ်သည့် အပြင် လတ်တလောတွင် စကစ ၏ drone အစင်း ၁၀၀ သည် တပခ သို့ ရောက်ရှိ နေကြောင်း ကြားသိရ၍ တော်လှန်ရေး ညီအစ်ကိုမောင်နှများကို ကူညီသည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ပစ်ခတ်ပြီးချိန်၌ စစ်ကောင်စီဘက်မှကင်းထောက် ဒရုန်းများ ချက်ချင်းရောက်ရှိလာသော်လည်း စစ်ဆင်ရေးလုပ်ဆောင်သည့် ရဲဘော်အားလုံး ဘေးကင်းရာသို့ရောက်ရှိပြီဖြစ်ကြောင်း အထက်ပါတာဝန်ခံကပြောသည်။

“​ေးပါတ်ချာလည်းဝိုင်းနေ၊ ကင်းပတ်နေတဲ့ကြားကနေ စွန့်စွန့်စားစားခက်ခက်ခဲခဲ ဝင်ရောက်ပစ်ခဲ့ကြတဲ့ ကျနော်တို့မြေပြင်ရဲဘော်တွေ၊ မဟာမိတ်အဖွဲ့တွေနဲ့ မစ်ရှင်တစ်လျှောက်အဘက်ဘက်ကကူညီပံ့ပိုးပေးခဲ့ကြတဲ့ ရဲဘော်တွေမဟာမိတ်တွေအားလုံးကို တကယ်ပဲ ဂုဏ်ယူလေးစားကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ခင်ဗျာ” ဟု ၎င်းကပြောသည်။

BWM အနေဖြင့် မဟာမိတ်အဖွဲ့များ နှင့်ပူးပေါင်း၍ စစ်ကောင်စီ၏ စစ်ဌာနချုပ်များ လေတပ်စခန်းများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့မစ်ရှင်သည် ၂၃ ကြိမ်မြောက် တိုက်ခိုက်မှုဖြစ်ကြောင်း အသိပေးထားသည်။

တပခကို ပထမဆုံးအကြိမ်တိုက်ခိုက်ခြင်းဖြစ်ပြီး စက်တင်ဘာလအတွင်းက စစ်ကောင်စီ၏အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအဖွဲ့တွေအချင်းချင်းပွတ်တိုက်မှု ပိုများလာတာကို အချိန်မီပြင်ဆင်ဖို့လိုပြီး ဘုံရန်သူ စစ်အာဏာရှင်ကိုမမေ့ဖို့ ကယန်းအမျိုးသားတပ်မတော်(KNA)ဥက္ကဌ ခွန်းဗဟန်းထန်က သတိပေးပြောလိုက်ပါတယ်။

သတင်း

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ရည်ရွယ်တဲ့ Blue Shirt ကမ်ပိန်းမှာ ပြည်သူတွေနဲ့အတူ မြေပြင်တော်လှန်ရေးအဖွဲ့တွေလည်း ပါဝင်နေကြပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ဖွဲ့စည်းတဲ့အပေါ် ထောက်ခံကြိုဆိုကြောင်းနဲ့ ကျန်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ ပါဝင်လာရေး ဆက်ကြိုးပမ်းဖို့ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရက ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမှာရှိတဲ့ ဘုရင့်နောင်တိုက်ခိုက်ရေး သင်တန်း‌ကျောင်းမှာပြုလုပ်တဲ့ စစ်တပ်ရဲ့ တပ်မတော်နေ့ အခမ်းအနားကို ၁၀၇ မမရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar -BWM အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။