Connect with us

Hi, what are you looking for?

သတင်း

အုတ်ဖိုမြို့ဂမုန်းရေလှောင်တမံအနီး တိုက်ပွဲစစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံး

ပဲခူးတိုင်း၊အုတ်ဖိုမြို့နယ်အပိုင် ၊ပဲခူးရိုးမအတွင်းရှိ ဂမုန်းရေလှောင်တမံအနီး၌အောက်တိုဘာလ ၄ ရက်က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ လေးဦး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း(၃၈၀၂) တပ်ခွဲ(၄)ကသတင်းထုတ်ပြန်သည်။

ဂမုန်း​ရေ​လှောင်တမံတွင် လုံခြုံ​ရေး​ဆောင်ရွက်​နေ​သော PDF များ။ဓါတ်ပုံ-သာယာဝတီခရိုင်တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၄

လူအေး ၊​ကျော်စွာ /People’s Spring

ပဲခူးတိုင်း၊အုတ်ဖိုမြို့နယ်အပိုင် ၊ပဲခူးရိုးမအတွင်းရှိ ဂမုန်းရေလှောင်တမံအနီး၌အောက်တိုဘာလ ၄ ရက်က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ လေးဦး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း(၃၈၀၂) တပ်ခွဲ(၄)ကသတင်းထုတ်ပြန်သည်။

ဂမုန်းရေလှောင်တမံအနီး ဝိုင်းကျေးရွာရဲစခန်းမှ အင်အား (၁၂) ဦးပါ စစ်ကောင်စီ ရှေ့ပြေးစစ်ကြောင်းကို အောက်တိုလာလ ၄ ရက် နံနက် ၉ နာရီခန့်၌ မိုင်းဆွဲ တိုက်ခိုက်ပြီး တိုက်ပွဲစတင်ဖြစ်ခဲ့သည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ပွဲ၌ စစ်ကောင်စီဘက်မှ တစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ(၄)နှင့် နီးစပ်သူက ပြောသည်။

ထိုအပြင် ညနေ ၃နာရီခန့်တွင် ဂမုန်းရေလှောင်တမံသို့ အရပ်ဝတ်ဖြင့် ကင်းထောက်ရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးအားထပ်မံတိုက်ခိုက်ရာ သုံးဦးလုံးသေဆုံးသွားပြီး ထပ်မံရောက်ရှိလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက အလောင်းကောက်၍ တပ်ဆုတ်သွားကြောင်းသာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ(၄)ကသတင်းထုတ်ပြန်ထားသည်။

“ခုနေ့(အောက်တိုဘာ ၆ ရက်)တောင် ထပ်ဖြစ်မလားမသိဘူး။ စခဘက်က ဝိုင်းရဲစခန်းရောက်နေတာ အင်အား၂၀၀ နီးနီးရှိတယ်။ မင်းလှဘက်က စခဒရုန်းအဖွဲ့လည်းရောက် လာတယ်။ အလစ်အငိုက်စစ်ကြောင်းထိုးမလားမသိ။ သတိတော်တော်ထားနေရတယ်” ဟု တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက နောက်ဆက်တွဲအခြေအနေကို People’s Spring သို့ ပြောသည်။

ဂမုန်းရေလှောင်တမံသည် ကာကွယ်ရေးတပ်ဖွဲ့ ထိန်းချုပ်ဒေသ၌ရှိပြီး ပြီးခဲ့သည့် စက်တင်ဘာလ ရေဘေးကာလကလည်း ရေလှောင်တမံ၏ ကြံ့ခိုင်မှုကို ကာကွယ်ရေးတပ်ဖွဲ့များက စစ်ဆေးခဲ့သည်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ ရဲဘော်များသည် အုတ်ဖိုမြို့နယ်၊ အေးမြသာယာရဲစခန်းမှ

စခန်းမှူး ရဲအုပ်‌ဇော်ဝင်းနှင့် ရဲသတင်းပေးတဦးကိုစက်တင်ဘာလ ၁၆ရက်တွင် ရဲစခန်းအနီး၌ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။

မြို့နယ်အတွင်း၌ တိုက်ပွဲဆက်ဖြစ်နိုင်၍ ပြည်သူများအနေဖြင့် စစ်ရေးသတိပြုကြရန်သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)တပ်ခွဲ(၄)က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။