Connect with us

Hi, what are you looking for?

သတင်း

ဒေါက်တာဇော်မြင့်မောင် ရဲ့ ကျန်းမာရေး ဆိုးရွားပြီး စိုးရိမ်ရတဲ့အခြေအနေဖြစ်နေ

စစ်ကောင်စီကဖမ်းဆီးအကျဉ်းချထားတဲ့ NLD ပါတီ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ရဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်ရပြီး မန္တလေး ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်ဆီမှာ ကုသမှု ခံယူနေရတယ်လို့ မန္တလေးတိုင်း NLD ပါတီနဲ့ နီးစပ်သူထံကသိရပါတယ်။

ဆိုင်းမင်း/People’s Spring

စစ်ကောင်စီကဖမ်းဆီးအကျဉ်းချထားတဲ့ NLD ပါတီ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ရဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်ရပြီး မန္တလေး ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်ဆီမှာ ကုသမှု ခံယူနေရတယ်လို့ မန္တလေးတိုင်း NLD ပါတီနဲ့ နီးစပ်သူထံကသိရပါတယ်။

သွေးကင်ဆာဝေဒနာသည် အသက် ၇၃ နှစ်အရွယ် ဒေါက်တာဇော်မြင့်မောင်ဟာ လက်ရှိအချိန်မှာ သတိ မေ့မြောနေပြီး စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ အဲဒီသတင်းရင်းမြစ်က အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

မနေ့ အောက်တိုဘာလ ၅ ရက်ညနေပိုင်းကစပြီး မေ့မြောနေတာဖြစ်ပြီး ဒီနေ့အထိ သတိပြန်လည်ရရှိတာမရှိဘူးလို့ သိရပါတယ်။

ဒေါက်တာဇော်မြင့်မောင်ရဲ့မိသားစုဝင်နဲ့ NLD ပါတီ ဝင် အချို့ရဲ့ ဖေ့ဘွတ်ခ် Profile တွေမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ အနက်ရောင်ချိန်းထားတာတွေ့ရပါတယ်။

People’s Spring က ဖတ်ရှုရတဲ့ ကြေးနန်းမှာတော့ စစ်ကောင်စီက ဒေါက်တာဇော်မြင့်မောင်ကို ဒီနေ့ အောက်တိုဘာလ ၆ ရက်နေ့ခင်း ၂ နာရီမှာ လွတ်ငြိမ်းပေးလိုက်တယ်လို့ ပါရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရုံးတစ်ဆူဖြစ်ပြီး မန္တလေးတိုင်းဝန်ကြီးချုပ်လည်းဖြစ်သူ ဒေါက်တာဇော်မြင့်မောင်ကို အာဏာသိမ်းတဲ့နေ့မှာ ပဲ စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။

အဲဒီနောက် စစ်ကောင်စီက အမှုပေါင်းများစွာနဲ့ စွပ်စွဲပြီး မန္တလေး အိုးဘိုထောင်မှာ ထောင်ဒဏ် ၂၉ နှစ်ချထားတာပါ။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဒုဥက္ကဋ္ဌ၊ မန္တ​လေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်အား ရည်စူးသည့် ရက်လည်အလှူကို ယနေ့ အောက်တိုဘာ ၁၃ရက် တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)ဗဟိုဌာနချုပ် ဒေါင်းတမန်စခန်း၌ ကျင်းပခဲ့ကြောင်း ABSDFက ထုတ်ပြန်သည်။

ဆောင်းပါး

မြန်မာ့ဒီမိုကရေစီအရေးအတွက် စစ်အာဏာရှင်စနစ်ကို ဖီဆန်ကာ အရှည်ကြာဆုံးအကျဥ်းကျခံရသူများတွင် တစ်ဦးပါဝင်သည့် ဒေါက်တာဇော်မြင့်မောင်သည် နောက်ဆုံးထွက်သက်အထိ စစ်အာဏာရှင်ကို ဦးမညွှတ်ခဲ့​ပေ။ ထို​ကြောင့်ပြည်သူများက ​ဒေါက်တာ​ဇော်မြင့်​မောင်ကို မြန်မာ့ဒီမိုက​ရေစီအ​ရေးအတွက်တာဝန်​ကျေသူဟု နှလုံးသားဝယ်ဂုဏ်ပြုမှတ်တမ်းတင်ခဲ့ကြသည်။

ဆောင်းပါး

သီတင်းကျွတ်လဆန်းရက်ပေမယ့် မန္တလေးမြို့ရဲ့ မနက်ခင်းဟာ နွေရာသီလိုပဲ ပူလောင်နေတယ်။ ချွေးပြိုက်ပြိုက်ကျရတဲ့ မနက်ခင်းမှာပဲ ထောင်ချီများပြားလှတဲ့ ဆိုင်ကယ်တွေဟာ မန္တလေးမြို့ထဲကနေ အုပ်လိုက်ကြီး ထွက်လာခဲ့ကြတယ်။

သတင်း

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ နာရေးအပြန်ဆိုင်ကယ်များအား စစ်အု​ပ်စုက စောင့်ဆိုင်းဖမ်းဆီးခဲ့ကြောင်း အဆိုပါမာရေးလိုက်ပါပို့ဆောင်သော မြို့ခံများက ပြောသည်။