Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိမ်ဖြူတော်ရှေ့မှာ ပါလက်စတိုင်းအရေး တက်ကြွ လှုပ်ရှားသူတစ်ဦး ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြ

ပါလက်စတိုင်းအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက အမေရိကန် သမ္မတ ရုံးစိုက်ရာ အိမ်ဖြူတော်ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့ပြီး ဆန္ဒပြဖို့ ကြိုးစားခဲ့ပါတယ်။

ပါလက်စတိုင်းအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက အမေရိကန် သမ္မတ ရုံးစိုက်ရာ အိမ်ဖြူတော်ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့ပြီး ဆန္ဒပြဖို့ ကြိုးစားခဲ့ပါတယ်။

အောက်တိုဘာ ၅ ရက်နေ့တုန်းက ဖြစ်စဉ်မှာ ဆမ်မြူရယ်လ် မီနာ ဂျူနီယာက ဂါဇာမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရတဲ့ ကလေးတွေအတွက် ဆန္ဒပြတဲ့ အနေနဲ့ သူ့ရဲ့ ဘယ်ဖက်လက်ကို စတေးခံရဲတယ်လို့ ကြွေးကြော်ပြီး မီးရှို့ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံနဲ့ ဗီဒီယို မှတ်တမ်းတွေမှာတော့ လက်ကို မီးစွဲလောင်နေတဲ့ အဲဒီ အမျိုးသားကို ဘေးမှာ ရှိနေသူတွေက ဝိုင်းကူပြီး မီးငြှိမ်းသတ်ပေးနေခဲ့တာကို တွေ့ရပါတယ်။ ဓာတ်ပုံ သတင်းထောက် တစ်ဦးလို့ အမေရိကန် မီဒီယာတွေက ဖော်ပြခဲ့တဲ့ မီနာဟာ ဘယ်ဖက်လက်မှာ မီးလောင်ဒဏ်ရာတွေ အတော်လေး အပြင်းအထန် ရရှိခဲ့တဲ့နောက် ဆေးရုံကို တင်ပို့ခဲ့တယ်လို့ ဝါရှင်တန်ဒီစီ ရဲတပ်ဖွဲ့ အကြီးအကဲ ပါမာလာ စမစ်သ်က ပြောပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဒဏ်ရာတွေက အသက်အန္တရာယ် စိုးရိမ်စရာတော့ မရှိဘူးလို့လည်း စမစ်သ်က အတည်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၅ ရက်နေ့ ညနေပိုင်းက ဝါရှင်တန်ဒီစီမှာရှိတဲ့ အိမ်ဖြူတော် ရှေ့နားမှာ လူပေါင်း ၁၀၀၀ လောက် စုဝေးပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတဲ့ အချိန်မှာ မီနာက ကိုယ့်ကိုယ်ကိုယ် မီးရှို့ဖို့ ကြိုးစားခဲ့တာပါ။

သူက အဲဒီလို လွန်လွန်ကဲကဲ ဆန္ဒပြတဲ့ နည်းလမ်းကို မရွေးချယ်ခင် တစ်ရက်အလိုမှာ အမေရိကန်ရဲ့ ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလစ်ကန် နိုင်ငံရေး အင်အားစု နှစ်ခုစလုံးကို အပြင်းအထန် ဝေဖန် ရှုတ်ချခဲ့ပါသေးတယ်။ မီနာက သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဒုတိယ သမ္မတ ကာမာလာ ဟားရစ်တို့ဟာ ဂါဇာမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရချင်ပါတယ်လို့ တဖွဖွ ပြောနေပေမယ့် အစ္စရေးကို စစ်ရေး အထောက်အပံ့တွေ အလုံးအရင်း ဆက်လက် ကူညီပေးနေတာဟာ အပြောနဲ့ လက်တွေ့ ထပ်တူ မကျဘူးလို့လည်း စွပ်စွဲသွားခဲ့ပါတယ်။

မီနာက ဂါဇာစစ်ပွဲကြောင့် ပါလက်စတိုင်း ကလေးငယ် ၁၀၀၀၀ ကျော် ခြေလက် ဆုံးရှုံးခဲ့ကြောင်း၊ ဒီနာကျင်မှုတွေကို တတ်နိုင်သလောက် မျှဝေပြသဖို့ ရည်ရွယ်ထားကြောင်း ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြမှု မတိုင်ခင် သူ့ကိုယ်ပိုင် blogမှာ ဖော်ပြထားခဲ့ပါသေးတယ်။ သူ့ရဲ့ ဘယ်ဖက်လက်ကို အဆုံးရှုံးခံမယ်ဆိုရင် မမျှမတ ခံစားနေရတဲ့ ဂါဇာ ကလေးငယ်တွေအတွက် ထိုက်တန်တဲ့ အသံတစ်ခု ဖန်တီးပေးနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း မီနာက ရေးသားထားခဲ့ပါတယ်။

ကိုးကား: Telegraph

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော် မြက်ခင်းပြင်မှာ ကျင်းပခဲ့တဲ့ ကိုယ်ခံပညာ တိုက်ခိုက်ရေးပေါင်းစုံ (MMA) အားကစား ပြိုင်ပွဲကို ပစ်မှတ်ထားခဲ့တဲ့ လက်နက်ကိုင် အဖွဲ့တစ်ခုကို ဖော်ထုတ် တားဆီးနိုင်ခဲ့ကြောင်း အမေရိကန် ထောက်လှမ်းရေး ဗျူရို (FBI)က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန် အစိုးရ ရုံးစိုက်ရာ အိမ်ဖြူတော် ဝင်းထဲမှာ ကျင်းပနေတဲ့ ကိုယ်ခံပညာ ပေါင်းစုံ တိုက်ခိုက်ရေး (MMA) ပြိုင်ပွဲကို စတင်နေပြီ ဖြစ်ပါတယ်။