Connect with us

Hi, what are you looking for?

သတင်း

ထောင်တွင်းကျန်းမာရေး စောင့်ရှောက်မှုမရလို့ ဒေါက်တာဇော်မြင့်မောင်ဆုံးပါးရတာလို့ NUG ဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဒုတိယဥက္ကဋ္ဌဖြစ်သူ ဒေါက်တာဇော်မြင့်မောင် ဆုံးပါးရဲ့အကြောင်းရင်း ဟာ အကျဉ်းထောင်ထဲမှာ ကင်ဆာရောဂါ နဲ့ကိုက်ညီတဲ့ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရတာကြောင့် ဖြစ်တယ်လို့ NUG အစိုးရက ထုတ်ပြန်ပါတယ်။

ဆိုင်းမင်း/People’s Spring

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဒုတိယဥက္ကဋ္ဌဖြစ်သူ ဒေါက်တာဇော်မြင့်မောင် ဆုံးပါးရဲ့အကြောင်းရင်း ဟာ အကျဉ်းထောင်ထဲမှာ ကင်ဆာရောဂါ နဲ့ကိုက်ညီတဲ့ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရတာကြောင့် ဖြစ်တယ်လို့ NUG အစိုးရက ထုတ်ပြန်ပါတယ်။

ကင်ဆာရောဂါခံစားနေမှန်းသိရက်နဲ့ ရောဂါအခြေအနေနဲ့ကိုက်ညီတဲ့လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရဘဲ ထောင်ထဲမှာ ပြင်းထန်စွာ ထိခိုက်ခံစားခဲ့ရပြီး ကွယ်လွန်သွားခဲ့ရတဲ့နိုင်ငံရေး သမားကောင်းတစ်ဦးဖြစ်တယ်လို့ NUG ကဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒေါက်တာဇော်မြင့်မောင် ဆုံးပါးရတာဟာ အကျဉ်းထောင်တွင်းမှာ ကျန်းမာရေး စောင့်ရှာက်မှု လုံလုံလောက်လောက်မရတာကြောင့် ဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က အသိပေးထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ ဖမ်းဆီးအကျဉ်းချတာကိုခံရတဲ့ သွေးကင်ဆာဝေဒနာရှင် အသက် ၇၃ နှစ်အရွယ် မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ဟာ မန္တလေး ဆေးရုံကြီးမှာ ကုသမှုခံယူရင်း ဒီနေ့ မနက်အစောပိုင်းက ကွယ်လွန်သွားခဲ့ပြီး စျာပန ကို မနက် ဖြန် အောက်တိုဘာလ ၈ ရက်မှာပြုလုပ်မယ်လို့သိရပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ အကျဉ်းထောင်တွင်း ကျန်းမာရေးဆိုးရွားလာတာကြောင့် ပြီးခဲ့တဲ့ဇွန်လ ၂၅ ရက်ကစတင်ပြီး ထောင်ဆေးရုံကနေ မန္တလေးဆေးရုံဆီ ပို့ဆောင်ကုသရာမှာ အောက်တိုဘာလ ၆ ရက် ညနေပိုင်းက စတင်ကာ သတိမေ့မြောသွားခဲ့တာပါ။

အဲဒီနောက် သတိပြန်မလည်လာတော့ဘဲ ဒီနေ့ အောက်တိုဘာ ၇ ရက် မနက် ၃ နာရီအချိန်မှာ ဆုံးပါးသွားတာပါ။

NLD ပါတီ ဒုဥက္ကဋ္ဌလည်းဖြစ် ၊ မန္တလေးတိုင်းဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ကို အာဏာသိမ်းတဲ့ရက်မှာ ပဲစစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် အမှုပေါင်းများစွာနဲ့စွပ်စွဲပြီး ထောင်ဒဏ် ၂၉ နှစ်ချထားတာပါ။

အကျဉ်းချထားအချိန်အတွင်း ကင်ဆာဝေဒနာသည်ကို လုံလောက်တဲ့ ဆေးဝါးကုသခွင့်မပေးခဲ့သလို မိသားစုနဲ့လည်း ထောင်ဝင်စာတွေ့ဆုံခွင့်မပေးခဲ့ဘူးလို့ သိရပါတယ်။

၂၀၁၉ ခုနှစ်ကတည်းက သွေးကင်ဆာဝေဒနာကြောင့် ဒေါက်တာဇော်မြင့်မောင်ဟာ ထိုင်းနိုင်ငံမှာ သွားရောက် ဆေးကုသခံခဲ့ရပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးအကျဉ်းချချိန်မှာတော့ ထောင်တွင်းမှာ ကျန်းမာရေးဆိုးရွားလာခဲ့ပြီး ကိုဗစ်လည်းကူးစက်ခံရကာ ထောင်ပြင်ပ ဆေးရုံမှာ ကုသမှု ခံယူခဲ့ရပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်က စိုးမိုးနယ်မြေတွေမှာရှိတဲ့ လူနာပေါင်း ၂၀၀ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေဟာ စစ်ဘေးရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်​ရှောက်မှု​ပေးတာ နဲ့ ရှေးဦးသူနာပြုစုနည်း သင်တန်းပေးတာတွေကို ဒီကနေ့ (မေ ၃)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ လေကြောင်းအန္တရာယ်အသိပေးတာနဲ့ စစ်ဘေးရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်ပေးတာတဲ့ လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၅) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်တပ်တကျော့ပြန် အာဏာသိမ်းထားတဲ့ ငါးနှစ်တာကာလအတွင်း နိုင်ငံတဝှမ်းက အကျဉ်းထောင်တွေမှာ လုံလောက်တဲ့ဆေးဝါးကုသခွင့်မရလို့ ဆုံးပါးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃၉ ဦး ရှိတယ်လို့ မြန်မာ့အကျဉ်းထောင် သက်သေ (MPW) က ဒီဇင်ဘာ၁၄ရက်မှာ ထုတ်ပြန်ပါတယ်။