Connect with us

Hi, what are you looking for?

သတင်း

ကွယ်လွန်ချိန်အထိ စစ်အာဏာရှင်စနစ်ကိုတွန်းလှန်ခဲ့သည့် ဒေါက်တာဇော်မြင့်မောင်ကို အလေးပြုကြောင်း ယာယီသမ္မတပြော

ကွယ်လွန်ချိန်အထိ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်ပြီး မြန်မာ့ဒီမိုကရေစီရေးအတွက် တစိုက်မတ်မတ် ထမ်းရွက်ခဲ့သည့် ဒေါက်တာဇော်မြင့်မောင်ကို အလေးပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ ပြောကြားသည်။

နေပြည်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ၂ဝ၂ဝ ရွေးကောက်ပွဲအကြိုညီလာခံတွင် မိန့်ခွန်းပြောနေသော ဒေါက်တာဇော်မြင့်မောင်။ ဓာတ်ပုံ - EPA

ဟန်နွေ/People’s Spring

ကွယ်လွန်ချိန်အထိ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်ပြီး မြန်မာ့ဒီမိုကရေစီရေးအတွက် တစိုက်မတ်မတ် ထမ်းရွက်ခဲ့သည့် ဒေါက်တာဇော်မြင့်မောင်ကို အလေးပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ ပြောကြားသည်။

စစ်အာဏာရှင်စနစ်အမြစ်ပြတ်တွန်းလှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီအရေး အောင်ပွဲရသည်အထိ မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သန္နိဋ္ဌာန်ပြုသည်ဟု ယာယီသမ္မတ ဒူဝါလရှီးလက ဆိုသည်။

Public Service Announcement

Public Service Announcement

ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရက ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလလည်း အထူးဝမ်းနည်းကြောင်း သဝဏ်လွှာ ထပ်မံပေးပို့ခဲ့ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ၏ ဒုတိယဥက္ကဋ္ဌ (၂)၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားသည့်အတွက် လွန်စွာစိတ်ထိခိုက်ဝမ်းနည်းရကြောင်း ယာယီသမ္မတ၏ သဝဏ်လွှာ၌ ဖော်ပြပြီး ဒေါက်တာဇော်မြင့်မောင်သည် မြန်မာ့ဒီမိုကရေစီအရေး၊ တိုင်းပြည်နှင့် လူထုအကျိုးအတွက် တစိုက်မတ်မတ်ထမ်းရွက်ခဲ့သူဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် စစ်အာဏာရှင်များ၏ ခေတ်အဆက်ဆက်နှစ်ရှည်လများ ဖမ်းဆီးအကျဉ်းချခံရသော်လည်း ကွယ်လွန်ချိန်အထိ မိမိယုံကြည်ချက်ပေါ် အခိုင်အမာရပ်တည်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်ခဲ့သူ ဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။

ဒေါက်တာဇော်မြင့်မောင်သည် ရှင်သန်ခဲ့သည့် ဘဝတလျှောက်လုံး ခေတ်ကပေးအပ်လာသည့် သမိုင်းပေး တာဝန်မှန်သမျှကို မြဲမြံစွာထမ်းရွက်ကာ ၎င်း၏တန်ဖိုးကို ပြသခဲ့သည့် စံနမူနာထားစရာ လူသားတစ်ဦးဖြစ်ကြောင်း ဂုဏ်ပြုမှတ်တမ်းတင်အပ်သည်ဟုလည်း သဝဏ်လွှာ၌ ဖော်ပြသည်။

ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားခြင်းသည် တိုင်းပြည်နှင့် လူမျိုးအတွက် ကြီးစွာသော ဆုံးရှုံးမှုတခုဟု မှတ်ယူကြောင်းလည်း သဝဏ်လွှာတွင် ရေးသားထားသည်။

ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်မှု အပေါ် ချင်းပြည်လွှတ်တော်ကိုယ်စားလှယ်များကလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ရာ စစ်ကောင်စီက လိုအပ်သောဆေးဝါးကုသမှုကို ခွင့်မပြုခဲ့၍ ဒေါက်တာဇော်မြင့်မောင်၏ကျန်းမာရေး ပိုမိုဆိုးရွားစွာခံစားခဲ့ရကြောင်း ရေးသားထားကာ ကျန်ရစ်သူ မိသားစုနှင့် ထပ်တူ စိတ်ထိခိုက်ဝမ်းနည်းရကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်မယ့် အဓိကလက်နက်မှာ ပြည်သူလူထုရဲ့ ညီညွတ်မှုအင်အားသာ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

သတင်း

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူလူထုထဲမှမွေးဖွားပေါ်ပေါက်လာခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)-MDY PDF ဟာ တော်လှန်ရေးရဲ့ အနိမ့်အမြင့် အတက်အကျ လောကဓံတရားကို ကြံ့ကြံ့ခံ ဖြတ်သန်းရင်း ဒီကနေ့ ဖေဖော်ဝါရီ ၂၅ရက်မှာ တပ်ဖွဲ့စည်းမှု ၅နှစ်ပြည့်ပြီဖြစ်ကြောင်း မန္တလေး PDFက အသိပေးပြီး စစ်အာဏာရှင် စနစ် အမြစ်ပြတ်တဲ့အထိ ဦးလည်မသုန် တိုက်ပွဲဝင်သွားမယ်လို့...

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်စနစ်နဲ့ စစ်ကောင်စီ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၂၆) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ကိုအမြစ်ဖြတ်တိုက်ထုတ်ရန်ကရင်အမျိုးသားအစည်း အရုံး(KNU) မြိတ်-ထားဝယ်ခရိုင် ဥက္ကဋ္ဌ ပဒိုစောဖလိုစိုးဝင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်မဟာမှူးဗိုလ်မှူးချုပ်စောလေးထောက ယနေ့ ဩဂုတ် ၁၂ရက်က မြိတ်-ထားဝယ်ခရိုင်၌ ကျင်းပသည့် ကရင်အာဇာနည်နေ့ အခမ်းအနား၌ ပြောကြားခဲ့သည်။