Connect with us

Hi, what are you looking for?

သတင်း

ဒေါက်ဇော်မြင့်မောင် ယုံကြည်စွဲကိုင်ခဲ့သည့် ဒီမိုကရေစီစိတ်ဓါတ်ခွန်အားများသည် စစ်အာဏာရှင်ချေမှုန်းရေးစံနမူနာ တိုက်ပွဲအင်အားဖြစ်ဟု TNLA သဝဏ်လွှာပို့

ဒေါက်ဇော်မြင့်မောင် ယုံကြည်စွဲကိုင်လွှင့်ထူခဲ့သော ဒီမိုကရေစီစိတ်ဓါတ်ခွန်အားများသည် ယနေ့နွေဦး တော်လှန်ရေး၏ မြန်မာစစ် အာဏာရှင်အပြီးတိုင်ချေမှုန်းတိုက်ဖျက်ရေးအတွက် အကောင်းဆုံးစံနမူနာ တိုက်ပွဲအင်အား တစ်ရပ်ဖြစ်ကြောင်း ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)က ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့သည်။

ဟန်နွေ/People’s Spring

ဒေါက်ဇော်မြင့်မောင် ယုံကြည်စွဲကိုင်လွှင့်ထူခဲ့သော ဒီမိုကရေစီစိတ်ဓါတ်ခွန်အားများသည် ယနေ့နွေဦး တော်လှန်ရေး၏ မြန်မာစစ် အာဏာရှင်အပြီးတိုင်ချေမှုန်းတိုက်ဖျက်ရေးအတွက် အကောင်းဆုံးစံနမူနာ တိုက်ပွဲအင်အား တစ်ရပ်ဖြစ်ကြောင်း ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)က ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့သည်။

မန္တလေးတိုင်း ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်သည် စစ်ကောင်စီက ဖမ်းဆီးထားစဉ် အောက်တိုဘာ ၇ရက် မနက်အစော၌ ကွယ်လွန်ခဲ့ခြင်းဖြစ်ရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သည့် ပလောင်ပြည်နယ် လွတ်မြောက် ရေးတပ်ဦး(PSLF/TNLA)က ယနေ့ အောက်တိုဘာ ၈ရက် နေ့စွဲဖြင့် ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ သဝဏ်လွှာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ယနေ့မနက်က ဖော်ပြခဲ့ခြင်းဖြစ်သည်။

NLD၏ ဒုတိယဥက္ကဋ္ဌ (၂)ဖြစ်သူ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန် သွား သည်ဟု ကြားသိရသည့်အတွက် ဒီမိုကရေစီလိုလားမြတ်နိုးသည့် မြန်မာပြည်သူလူထုနှင့်အတူ ဒေါက်တာဇော်မြင့်မောင်၏မိသားစုများနှင့် ထပ်တူ ဝမ်းနည်းကြေကွဲကြောင်း သဝဏ်လွှာ၌ ပါရှိသည်။

မြန်မာ့စစ်အာဏာရှင်အဆက်ဆက်၏ ဖမ်းဆီးအကျဉ်းချခြင်း၊ ပုံစံအမျိုးမျိုးဖြင့် ညှင်းပမ်းနှိပ်စက်ခြင်းတို့ကို ဦးမညွတ်ပဲ ဒီမိုကရေစီတိုက်ပွဲအလံကို အသက်သေဆုံးသည်အထိ စွဲကိုင်လွှင့်ထူ ဦးဆောင်တိုက်ပွဲဝင်သည့် ဒေါက်တာ ဇော်မြင့်မောင်အား ဒီမိုကရေစီသူရဲကောင်းအဖြစ် အစဉ်အမြဲ ဂုဏ်ပြုအမှတ်ရနေမည်ဖြစ်ကြောင်း TNLA ၏ သဝဏ်လွှာ၌ ဖော်ပြသည်။

ဒေါက်တာဇော်မြင့်မောင်ကဲ့သို့ နိုင်ငံ့ပညာတတ်လူပုဂ္ဂိုလ်များကို နေ့စဉ်ဆက်တိုက် ဆုံးရှုံးကြရသည်မှာ တိုင်းပြည်အတွက် အင်မတန် ဝမ်းနည်းဖွယ်ရာဖြစ်ကြောင်း TNALက သဝဏ်လွှာပေးပို့သည်။

မြန်မာပြည်တိုင်းရင်းသား ပြည်သူလူထုတရပ်လုံး လိုလားတောင်းတသည့် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို မျက်ကွယ်ပြုခြင်း၊ လူမျိုးပေါင်းစုံနေထိုင်သည့် တိုင်းပြည်တွင် လူမျိုးအားလုံး၏တန်းတူညီမျှခွင့်ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်မည့် နိုင်ငံရေးအခင်းအကျင်းကို သွေဖယ်ခြင်း၊ အာဏာရှင်အပေါင်းအပါ လူတစ်စုကောင်းစားရေးအတွက် စစ်အာဏာရှင်စနစ်ပြုနေကြသည့် မြန်မာစစ်ခေါင်းဆောင်အဆက်ဆက်တို့၏ မိုက်မဲသော အာဏာရူးသွပ်မှုကို ဖယ်ရှားဖြုတ်ချခြင်းကို မဆောင်ရွက်နိုင်သေးခြင်း စသည်တို့ကြောင့် မြန်မာနိုင်ငံသည် ကျရှုံးနိုင်ငံ ဖြစ်လာရကြောင်း TNLAက ဆိုသည်။

မြန်မာ့စစ်အာဏာရှင်အား အပြီးတိုင်ချေမှုန်းတိုက်ဖျက်မည့် နွေဦးတော်လှန်ရေး အောင်မြင်ပါစေဟု PSLFက သဝဏ်လွှာပေးပို့ခဲ့ပြီးဒေါက်ဇော်မြင့်မောင် အေးချမ်းရာ သုခဘုံတွင် ခံစားနိုင်ပါစေဟု ဆုတောင်းပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။