Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲဖြစ်နေသည့် သီပေါ ခလရ(၂၃)တပ်ရင်းကို စစ်ကောင်စီ လေယာဉ်ဖြင့်လက်နက်ခဲယမ်းဖြည့်တင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် စစ်ကောင်စီတပ်စခန်း ခလရ(၂၃)တပ်ရင်း၌ ယနေ့ အောက်တိုဘာ ၈ရက်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း တအာင်းတပ်မတော်(TNLA) က သတင်းထုတ်ပြန်သည်။

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် စစ်ကောင်စီတပ်စခန်း ခလရ(၂၃)တပ်ရင်း၌ ယနေ့ အောက်တိုဘာ ၈ရက်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း တအာင်းတပ်မတော်(TNLA) က သတင်းထုတ်ပြန်သည်။

၁၀၂၇စစ်ဆင်ရေးအပိုင်း(၂) ၁၀၆ရက်မြောက် အောက်တိုဘာ ၈ရက် စစ်ရေးသတင်းများကို TNLA က ထုတ်ပြန်ခဲ့ရာ သီပေါနှင့် နောင်ချိုမြို့နယ်စစ်ရေး အခြေအနေများကို ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

TNLAက ထိုးစစ်ဆင်နေသည့် သီပေါမြို့ရှိ လက်ကျန်စခန်းတစ်ခုဖြစ်သော ခလရ(၂၃)တပ်စခန်းနေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်က ခလရ(၂၃)တပ်စခန်းနေရာတွင် ထောက်ပို့ယာဉ် Y12 ဖြင့် တစ်ကြိမ် လက်နက်ခဲယမ်းများ(၁၂)ထုပ် လာရောက်ကြဲချခဲ့ကြောင်း ဖော်ပြသည်။

နောင်ချိုမြို့နယ် စစ်ကောင်စီအမြောက်တပ် (၃၅၄)တပ်စခန်းနှင့် တောင်ခမ်းကျေးရွာနေရာကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ၁၃ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

တိုက်ပွဲဖြစ်စဉ် အသေးစိတ်နှင့် ထိခိုက်ကျဆုံး အခြေနေများကိုထုတ်ပြန်ချက်၌ဖော်ပြမထားပေ။

TNLAအနေဖြင့် သီပေါရှိစစ်ကောင်စီတပ်စခန်းများဖြစ်သော ခမရ(၅၀၃)နှင့် ခမရ(၅၀၄) တပ်ရင်းများ သိမ်းပိုက်ပြီးဖြစ်ကြောင်း စစ်မြေပြင် သတင်းရင်းမြစ်အချို့က ပြောထားသော်လည်း တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

စစ်ကောင်စီ အနေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေပြီး ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ ဖြစ်နေကြောင်းလည်း TNLA၏ ထုတ်ပြန်ချက်၌ ထည့်သွင်းဖော်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့အနီး တနေရာ ဒီနေ့ မေလ ၂၄ရက် ညနေပိုင်းက ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပြီး ပြင်းထန်တဲ့ပေါက်ကွဲမှု ၂ကြိမ်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။