Connect with us

Hi, what are you looking for?

LuduNwayOo

News

အကြမ်းဖက်စစ်တပ်က အရာတော်မြို့နယ်ရှိ ဘောင်းကျရွာ ဝင်စီးပြီးနောက် ညမထွက်ရအမိန့်ထုတ်

“ကျွန်တော်တို့ရဲ့ မိုင်းတွေကြောက်လို့ ပြည်သူတွေကို စတေးခိုင်းတာ။ယုတ်မာမှုတွေကတော့ အတိုင်းအထက် အလွန်ပဲ”ဟု အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု (ARA) မှ ဗိုလ်ပေါက်စီက ပြောသည်။

အကြမ်းဖက်စစ်တပ်သည် အရာတော်မြောက်နယ် ဘောင်းကျကျေးရွာသို့ လူသားဒိုင်းအသုံးပြု၍ ဝင်လာပြီး သေနတ်များပစ်ဖောက်တပ်စွဲပြီးနောက် ယနေ့ (အောက်တိုဘာ ၂၂)တွင် ညမထွက်ရအမိန့်ထုတ်ခဲ့ကြောင်း အဆိုပါကျေးရွာဒေသခံများက ပြောသည်။

ယနေ့(အောက်တိုဘာ၂၂) ‌နေ့လည် ၁၂ နာရီကျော်တွင် အရာတော်မြောက်လက် ‌ဘောင်းကျကျေးရွာသို့ အကြမ်း ဖက်စစ်ကောင်စီတပ်က အင်အား၁၀၀ကျော် ၊ဝက်လက်နယ် ပုလိုင်းရွာဘက်မှ စစ်ကြောင်းတစ်ခု နှင့် အရာတော်နယ် ငြိမ်းစံရွာဘက်မှ စစ်ကြောင်းတစ်ခုတို့ဖြင့် ဝင်ရောက်လာကာ လမ်းတလျှောက်မှ အရပ်သားပြည်သူ ၄၀ကျော်ကို ဖမ်းဆီးကာ ရှေ့မှသွားစေပြီး လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည်။

“ကျွန်တော်တို့ရဲ့ မိုင်းတွေကြောက်လို့ ပြည်သူတွေကို စတေးခိုင်းတာ။ယုတ်မာမှုတွေကတော့ အတိုင်းအထက် အလွန်ပဲ”ဟု အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု (ARA) မှ ဗိုလ်ပေါက်စီက ပြောသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်က သေနတ်များပစ်ဖောက်ကာ ဘောင်းကျရွာဘုန်းကြီးကျောင်းများဖြစ်သည့် အရှေ့ကျောင်းနှင့် မြောက်ကျောင်းတို့တွင် အင်အားခွဲဝေ၍ နေရာချတပ်စွဲထားသည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

“ရွာထဲမှ တစ်ယောက်မှမရှိတော့ပါဘူး။ ကျွန်တော် လည်း ပြေးနေတာပါ။ စစချင်းဖမ်းထားတာလူနည်းနည်းပဲထင်နေတာ အယောက် ၃၀ကျော်တယ်ဗျ။ ရှေ့ကနေ သွားခိုင်းတာဗျ။ အဲ့ထဲမှာ လူငယ်တွေရော၊ လူကြီးတွေရောပါတယ်။ အခုတော့ ဘုန်းကြီးကျောင်းတွေထဲမှာ တပ်စွဲထားတယ်။ အင်အားများလို့ နှစ်နေရာခွဲချထားရတယ်။ စောစောကပဲ မိုက်နဲ့ ည ၉ မနက် ၆ မာရှယ်လောလို့ အော်သွားတယ်”ဟု ဘောင်းကျကျေးရွာသား တစ်ဦးကပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ယနေ့ နံနက် အစောပိုင်းက အရာတော်မြို့ ဒေသခံပြည်သူ့ကာကွယ် ရေးတပ်စခန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး အပြစ်မဲ့ပြည်သူ ခြောက်ဦးထက် မနည်းသတ်ပြစ်ခဲ့သည်။

ထို့ကြောင့် စစ်ကောင်စီတပ်များ အပြန်လမ်းရှိ
ကံသုံးဆင့်ရွာအနီးတွင် အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု (ARA) ညီနောင်များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကားနှစ်စီး ထိခိုက်ပြီးစစ်ကောင်စီတပ်သား၁၀ ဦးထက်မနည်း ဒဏ်ရာရ၍ အကျအဆုံးရှိနိုင်သည်ဟု ARA မှ အတည်ပြုပေးထားသည်။

ညောင်ပင်ရွာအနီးတွင်လည်း စစ်ကောင်စီ၏
ကားတန်းကို ARA က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ဖြစ်စဥ် နှစ်ခုတွင် စစ်ကောင်စီတပ်သား ၃၀ ဦးခန့်ဒဏ်ရာရရှိကာ အသေအပျောက်လည်းရှိနိုင်သည်ဟု ARA က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ဗိုလ် တစ်ဦးနှင့် တပ်သား လေးဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရရှိသော တပ်သားအများအ​ပြားရှိသည်ဟု အတည်ပြုနိုင်ကြောင်း ၎င်းက ပြောသည်။

သတင်း

သြဂုတ် ၄ ရက် ကလည်းနောင်ချိုနှင့်ကျောက်မဲမြို့ကြား ဂုတ်တွင်းလမ်းပိုင်းတစ်​နေရာတွင် စစ်ကောင်စီတပ်ကားတစ်စီးတိုက်ခိုက်ခံခဲ့ရပြီး အရာရှိအပါအဝင် စစ်သား ၁၄ ဦးသေဆုံးခဲ့ပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း စစ်​ရေး အရင်းအမြစ်အချို့ကပြောသည်။

သတင်း

ဇူလိုင်လ( ၉ )ရက်နေ့ ညနေ ( ၄ ) နာရီခွဲခန့်က အရာတော်မြို့အခြေစိုက် အမှတ်( ၁၀) စစ်သားစုဆောင်းရေးတပ်အား​ ဒေသတွင်းတော်လှန်ရေးအင်အားစုများကလက်လုပ်(၁၀၇)မမဖြင့်သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ငွေတွင်းရွာသည် အရာတော်နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ ပျူအင်အားကောင်းရာ ကျေးရွာတစ်ရွာဖြစ်ပြီး စစ်တပ်က လက်နက်ပါ တပ်ဆင်ပေးထားသည်။