Connect with us

Hi, what are you looking for?

သတင်း

အရာတော်မြို့အဝင် စစ်ကောင်စီတပ်ဂိတ်စခန်းတိုက်ခိုက်ခံရပြီး ငါးဦးသေ

တိုက်ခိုက်မှုကြောင့် စစ်ဗိုလ် တစ်ဦးနှင့် တပ်သား လေးဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရရှိသော တပ်သားအများအ​ပြားရှိသည်ဟု အတည်ပြုနိုင်ကြောင်း ၎င်းက ပြောသည်။

အရာတော်မြို့မစခန်းရှိ စစ်ကောင်စီအဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ-အရာတော်ပို့စ်
အရာတော်မြို့မစခန်းရှိ စစ်ကောင်စီအဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ-အရာတော်ပို့စ်

▪️ဘန်ကာအား မီးရှို့ ဖျက်ဆီးနိုင်ခဲ့ဟုဆို

စစ်ကိုင်းတိုင်း၊ အရာတော်မြို့အဝင် စစ်ကောင်စီဂိတ်စခန်းတိုက်ခိုက်ရာ ငါးဦးသေဆုံးပြီး ဘန်ကာအား မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း Danger Force LPDF အဖွဲ့၏ ​ပြန်ကြားရေးတာဝန်ခံ ကိုမာန်ဟုန်က ပြောကြားသည်။

နိုဝင်ဘာ ၃ရက် နံနက် ၅နာရီကျော်က အရာတော်မြို့အဝင်ရှိ စက်မှုလယ်ယာဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန(လဝက)ရုံးတို့၌ တပ်စွဲထားသော စစ်ကောင်စီတပ်ဂိတ်စခန်းကို ဒေသတွင်း PDFများက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုကြောင့် စစ်ဗိုလ် တစ်ဦးနှင့် တပ်သား လေးဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရရှိသော တပ်သားအများအ​ပြားရှိသည်ဟု အတည်ပြုနိုင်ကြောင်း ၎င်းက ပြောသည်။

“အချိန်က တစ်နာရီခွဲလောက်ကြာတယ်။ ကပ်တဲ့အချိန်ရော ဆုတ်တဲ့အချိန်ရော။ အနီးဆုံးအထိကပ်တာ။ အပြင်ဘန်ကာတွေအထိ ရောက်အောင်ကပ်တာ။အပြင်ဘန်ကာတွေအထိ မီးရှို့နိုင်ခဲ့တယ်။ အတွင်းထဲကနေ ခံပစ်နေတော့ အတွင်းထဲထိမဝင်နိုင်ဘူး။လက်နက်တွေဘာတွေတော့ မရဘူး”ဟု Danger Force LPDF အဖွဲ့၏ ​ပြန်ကြားရေးတာဝန်ခံ ကိုမာန်ဟုန်က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဂိတ်စခန်းရှိ ဘန်ကာတစ်ခုကိုပါ မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ဒေသတွင်း PDFအဖွဲ့များက အသိပေးသည်။

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကူရောက်လာ၍ ပြန်ဆုတ်ခွာခဲ့ရကြောင်း ၎င်းတို့က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Danger Force LPDF ၊ လင်းယုန်တပ်ဖွဲ့ ၊ မြင်းမူလျှပ်စီးပြောက်ကျားတပ်ဖွဲ့ ၊ သပြေညို ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုအပြီးတွင် အရာတော်မြို့ အဝင်၊ အထွက်အား စစ်ကောင်စီတပ်က ယမန်နေ့အထိ ပိတ်ဆို့ထားဆဲဖြစ်ပြီး ခရီးသွားယာဥ်များမှာ နီးစပ်ရာကျေးရွာများ၌ ညအိပ်တည်းခိုနေရကြောင်း ဒေသခံအချို့က ပြောသည်။

နိုဝင်ဘာ ၃ ရက်ကလည်း အရာတော်မြို့အပြင် အမှတ် (၁)စစ်ဒေသအတွင်း စစ်ကိုင်းတိုင်းရှိ ဟုမ္မလင်း၊ တမူး၊ ကလေး၊ ကလေးဝ၊ ကောလင်း၊ ဝန်းသို၊ ကျွန်းလှနှင့် မကွေးတိုင်း ဂန့်ဂေါမြို့နယ်တို့တွင် တပ်စွဲထားသော ရန်သူ့တပ်အထိုင်စခန်းများ၊ ရဲစခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDFများနှင့် မဟာမိတ်တိုင်းရင်းသား အဖွဲ့အစည်းများက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း PDF စစ်ရုံးချုပ်က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။