Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုတိုက်ပွဲ နှစ်ဘက်ထိခိုက်မှုရှိ

သံဃာတော်တစ်ပါးနှင့် ပြည်သူ၂ဦးအား စစ်တပ်က သတ်ဖြတ်

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၈ ဦးသေဆုံးကာ PDF ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး သံဃာတော်တစ်ပါးနှင့် ပြည်သူနှစ်ဦးအား စစ်ကောင်စီတပ်က သတ်ဖြတ်သွားကြောင်း သတင်းရရှိသည်။

ယမန်နေ့ (အောက်တိုဘာ ၁၁ရက်) နံနက်ပိုင်းက ရေစကြိုမြို့၊ အမှတ်(၂၅၆)ခြေလျင်တပ်ရင်းမှ လာသော အင်အား၇၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းအား ဇီးကုန်းနှင့်ဇီးကုန်းကျွန်းကျေးရွာကြားအရောက်တွင် ရေစကြိုပကဖက တိုက်ခိုက်ခဲ့သည်။

၁နာရီကျော်ကြာတိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၈ဦး သေဆုံးကာ MA3​ သေနတ်တစ်လက်နှင့် ကျည်များ သိမ်းဆည်းရမိခဲ့ကြောင်း ရေစကြိုပကဖက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် တိုက်ပွဲအတွင်း ရေစကြိုပကဖမှ ရဲဘော်နွေဦး ကျဆုံးခဲ့ပြီး အခြား ရဲဘော် ၂ဦးလည်း မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း ရေစကြိုပကဖက အသိပေးသည်။

“အရင်ဆုံး ဇီးကုန်းကျေးရွာထဲကိုဝင်တယ်။ ကျွန်တော်တို့ရဲဘော်တွေလည်း အဲရွာထဲမှာရှိတယ်။ ကျွန်တော်တို့လည်း ရွာအရှေ့ဖျားကိုဆုတ်ပေးတဲ့အချိန် ဇီးကုန်းနဲ့ဇီးကုန်းကျွန်းရွာကြားမှာ တိုက်ပွဲဖြစ်တာ။ ရွာထဲက ဘုန်းကြီးတစ်ပါးနဲ့ လူငယ်အမျိုးသားနှစ်ယောက်ကို သတ်သွားတယ်။”ဟု ရေစကြိုပကဖပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့ အောက်တိုဘာ၁၂ရက်နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် ဇီးကုန်းကျေးရွာသို့ နယ်မြေရှင်းလင်းခဲ့ရာ ဇီးကုန်းကျေးရွာ ဘုန်းကြီးတစ်ပါးနှင့်ပြည်သူ၂ဦးအား စစ်ကောင်စီတပ်က သတ်ဖြတ်သွားခဲ့သည်ကို တွေ့ရကြောင်း၊ သေဆုံးစစ်သား ၈ ဦးအနက် စစ်ကောင်စီတပ်သား အလောင်း၆ လောင်းကို မြေမြုပ်ထားခဲ့ကြောင်း ရေစကြိုပကဖက ထပ်မံအသိပေးသည်။

စက်တင်ဘာ ၂၁ရက်ကလည်း ရေစကြိုမြို့နယ်၊ ဆင်မရဲရွာပျူစောထီးစခန်းအား တော်လှန်ရေးပူးပေါင်းတပ်များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၄ ဦး သေဆုံးပြီး ၂ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများရရှိခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။