ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်အစပ် ဖယ်ခုံမြို့နယ်တွင်ယနေ့ည ၉ နာရီခွဲ ခန့်၌ အကြမ်းဖက်စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း(ခမရ) ၃၃၆ တပ်အား PDF ဖယ်ခုံဝင်တိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အနည်းဆုံးငါးဦးသေဆုံးပြီး လက်နက်ငါးလက် ရရှိခဲ့ကြောင်း PDF ဖယ်ခုံက ထုတ်ပြန်သည်။
အဆိုပါတိုက်ခိုက်မှုတွင်PDF ဖယ်ခုံဘက်မှ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီး ထိ့ခိုက်ကျဆုံးမှုမရှိကြောင်းလည်းထုတ်ပြန်ချက်တွင်ပါရှိသည်။
ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်နယ် အစပ် ဖြစ်သော ဖယ်ခုံ၊မိုးဗြဲ နှင့် ဒီမောဆို မြို့နယ်များအတွင်း စစ်ကောင်စီက စက်တင်ဘာလမှစ၍ စစ်အင်အားတိုးချဲ့၍ ထိုးစစ်ဆင်နေသော်လည်း စစ်ကောင်စီမှာ အထိနာလျက်ရှိသည်။
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီ၏ထောက်တိုင်များကို ဖျက်ဆီးခြင်း နှင့်အတူ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF နှင့် PDF ဖယ်ခုံမှပူးတွဲစစ်ဆင်ရေးများပြုလုပ်နေသည်။

Public Service Announcement


















































