Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေ

ပုလောမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာပြီး တိုက်ပွဲပြင်းထန်နေကာ စစ်ကောင်စီက လေကြောင်းမှအပြင်းအထန်ပစ်ခတ်နေ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ​ဒေသခံအချို့က​ပြောသည်။

ပု​​လောမြို့နယ်မှ PDF အချို့ ​ရှေ့တန်းတ​နေရာ၌ တိုက်ပွဲဝင်​နေစဥ်။ ဓါတ်ပုံ-Palaw PDF

လူအေး၊​ကျော်စွာ/People’s Spring

ပုလောမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာပြီး တိုက်ပွဲပြင်းထန်နေကာ စစ်ကောင်စီက လေကြောင်းမှအပြင်းအထန်ပစ်ခတ်နေ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ​ဒေသခံအချို့က​ပြောသည်။

ပုလောမြို့နယ်အတွင်း မီးလောင်ချောင်းကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်နေရာများကို မြိတ်မြို့မှာဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းက အောက်တိုဘာလ၁၄ရက်နေ့မှစတင်ကာ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။ယနေ့

Public Service Announcement

Public Service Announcement

(အောက်တိုဘာလ၁၆ရက်)‌မွန်းလွဲပိုင်းတွင် လေကြောင်းမှပါအပြင်းအထန်ပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။

” အကုန်ပတ်ရမ်းပစ်နေတာပါ။ ဒေသခံတွေလည်း ရွာတွေမှာမနေရဲတော့ဘူး။ အကုန်ပြေးကြရတာပါ။ ဒေသခံတွေထိခိုက်တာလည်းရှိနေတယ်”ဟု ပုလောမြို့နယ်ဒေသခံတစ်ဦးကပြောသည်။

တိုက်ပွဲပြင်းထန်နေပြီး လတ်တလောစစ်ရေးအခြေအနေကို ပြောကြားနိုင်ခြင်းမရှိသေးကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်းသတင်းနှင့်ပြန်ကြားရေးကလည်း ပုလောမြို့နယ်အတွင်းရှိ မြိတ်-ပုလော ပြည်ထောင်စုလမ်းပိုင်းတွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူများပါ အသုံးပြု၍ တိုက်ခိုက်လျက်နေကြောင်း အသိပေးထားသည်။

“လေကြောင်းပစ်ကူက ဒီနေ့ ၁၆ ရက်နေ့မှ စသုံးတာပါ။ နှစ်ကြိမ်ရှိပါပြီ။ တိုက်ပွဲတွေဖြစ်နေတာက ကြဲရွာနဲ့ မီးလောင်ချောင်းတဝိုက်မှာပါ”ဟု ပုလော PDF၊ မြိတ်ခရိုင် တပ်ရင်း(၁) မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြော သည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့်စပ်လျဥ်းပြီး စစ်ရေးဆိုင်ရာ လုံခြုံရေးသတိ ပြုရမည်ဖြစ်၍ အသေးစိပ်အခြေအနေများကို ဖြေကြားနိုင်ခြင်းမရှိသေးဟု ၎င်းက ဆက်ပြောသည်။

ထို​ကြောင့်မိဘပြည်သူများအနေဖြင့်မြိတ်-ပုလော-ထားဝယ် ပြည်ထောင်စုလမ်းပိုင်းအား အသုံးပြု၍ ခရီးသွားလာခြင်း မပြုလုပ်ရန်လည်း မေတ္တာရပ်ခံထားသည်။

ထိုအပြင် သတင်းမီဒီယာများအနေဖြင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးကို ထိခိုက်စေနိုင်သည့် သတင်းရေးသားခြင်း မျိုး မပြုလုပ်ကြပါရန်လည်း အနူးအညွတ်မေတ္တာရပ်ခံထားသည်။ တိုက်ပွဲနှင့် ပတ်သက်သည့် အသေးစိတ်အချက် အလက်ကို မိမိတို့အနေဖြင့် သင့်လျော်သည့်အချိန်တွင် တရားဝင်ထုတ်ပြန်မည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။