Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်ခရိုင်တွင် ယခုလဝက်အတွင်း တိုက်ပွဲ ၄၇ ကြိမ်ဖြစ်ဟု KNU အသိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေတွင် ယခုလဝက် အတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ၄၇ကြိမ်ဖြစ်ပွားခဲ့ကြောင်း KNU တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေတွင် ယခုလဝက် အတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ၄၇ကြိမ်ဖြစ်ပွားခဲ့ကြောင်း KNU တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၁ရက်မှအောက်တိုဘာ ၁၅ရက် အထိ စစ်ရေးသတင်းအကျဉ်းအား အသိပေးခဲ့ရာ လဝက်တိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၁၁ဦးသေဆုံးပြီး ၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ကို မဟာမိတ်ပူးပေါင်းတပ်များနှင့်အတူ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသော်လည်း ပူးပေါင်းတပ်မှ ထိခိုက်မှု ရှိ၊မရှိ အခြေအနေကို ဖော်ပြမထားပေ။

တိုက်ပွဲအတွင်း စစ်ကောင်စီ၏စစ်တန်းလျားအဆောက်အဦးတစ်လုံးနှင့် စစ်မော်တော်ယာဥ်တစ်စီး ဖျက်ဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက် မှုများ ပြုလုပ်ခဲ့ရာ အရပ်သား ပြည်သူနေထိုင်ရာ နေရာများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ စစ်ကောင်စီ၏ လေကြောင်း လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ပြည်သူ ၃ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့ပြီး နေအိမ်နှင့် သီးနှံစိုက်ခင်းပျက်စီးမှုများရှိခဲ့သည်ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။