Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တွင် မိုးကောင်းပြီး နေရာအချို့​ရေကြီး​

ရန်ကုန်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့်​ အနိမ့်ပိုင်းရပ်ကွက်အချို့တွင်ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကြောင်း ဒေသခံများကပြောသည်။

ရန်ကုန်မြို့ သမိုင်းလမ်းဆုံနှင့် ​နေရာအချို့တွင် ​ရေကြီး​နေသည်ကို ​အောက်တိုဘာ ၂၂ ရက်က​တွေ့ရစဥ်။ ။ဓါတ်ပုံ-People's Spring

ရောင်နီ/ People’s Spring

ရန်ကုန်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့်​ အနိမ့်ပိုင်းရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကြောင်း ဒေသခံများကပြောသည်။

သမိုင်းလမ်းဆုံ ပတ်ဝန်းကျင်၌ လမ်းမများပေါ်တွင် ရေတတ်မှုဖြစ်နေပြီး အခြားမြို့နယ်များတွင်လည်း ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသည်ဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

“မနေ့က ရေတတ်ပေမယ့် မနက်ကလာတော့ ဘာမှမရှိတော့ဘူး။ အခုကမိုးဆက်ရွာနေတော့ ထပ်တတ်လာတာ” ဟု သမိုင်းလမ်းဆုံ၌နေထိုင်သူတစ်ဦးကပြောသည်။

YBS ယာဉ်မောင်းတစ်ဦးကလည်း”မနေ့ကလမ်းပိုပိတ်တယ်။ ဒီနေ့လည်းပိတ်တော့ပိတ်တယ်။ ဒါပေမယ့်ရွေ့သေးတယ်။”ဟု​ပြောသည်။

ရွှေပြည်သာမြိုနယ်‌တွင်လည်း အောက်တိုဘာ ၂၁ ရက်မှစတင်၍ အနိမ့်ပိုင်းရပ်ကွက်များတွင် ရေတတ်လာကြောင်း ယင်းမြို့နယ်တွင်နေထိုင်သူတစ်ဦးကပြောသည်။

ရွှေပြည်သာမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းကာ လေပြင်းတိုက်ခတ်မှုကြောင့် အမှတ်(၂၄)ရပ်ကွက်၊ နှင်းပန်းလမ်းရှိ နေအိမ်များ အမိုးလန်ခြင်း၊ ရေနစ်မြုပ်ခြင်းများဖြစ်ခဲ့၍ကူညီကယ်ဆယ်မှုများပြုလုပ်ပေးခဲ့ရကြောင်း ရွှေပြည်သာမြို့နယ်မီးသတ်စခန်းက အောက်တိုဘာ ၂၁ ရက်တွင် အသိပေးထားသည်။

နိုင်ငံတကာမိုးလေဝသဌာနများ၏ အောက်တိုဘာလ (၂၂)ရက်နေ့၊ နံနက်ပိုင်း ခန့်မှန်းချက် များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသည့် လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ အပူပိုင်းမုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိလာပါသည်။ အဆိုပါ အပူပိုင်းမုန်တိုင်းငယ်သည် လာမည့် ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပိုမိုအားကောင်းလာကာ အနောက်မြောက်ဘက်သို့ ဦးတည်ရွေ့လျားနိုင်မည်ဟု ခန့်မှန်းရရှိ​ကြောင်း NUG ၏ လူသားချင်းစာနာမှု နှင့်သဘာဝ​​ဘေးအန္တရာယ်ကာကွယ်​ရေးဝန်ကြီးဌာနကခန့်မှန်းထားသည်။

ထိုမုန်တိုင်းငယ်၏ အရှိန်ကြောင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် မကွေးတိုင်းတို့တွင် နေရာအနှံ့အပြား၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ပဲခူးတိုင်းတို့တွင်နေရာကွက်၍မိုးကြီးခြင်းနှင့် ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်နေရာကျဲကျဲ မိုးရွာသွန်းခြင်းများ ဖြစ်ပေါ်နိုင်​ကြောင်း သတိ​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မှာအမေရိကန်သံအရာရှိသေဆုံးမှုနဲ့ ပတ်သက်ပြီးထိုင်းအမျိုးသမီးတဦးကို လူသတ်မှုနဲ့ စွဲချက်တင်ခဲ့ကြောင်း AP သတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

ရန်ကုန်မြို့မှာဇွန်လ၁၁ရက်နေ့လယ် ၁၂နာရီ ၁၈မိနစ်ခန့်က ငလျင်လှုပ်သွားပြီးအထပ်မြင့်အဆောက်အအုံတွေမှာပါသိသိသာသာ ခံစားလိုက်ရတယ်လို့မြို့ခံတွေကပြောပါတယ်။