Connect with us

Hi, what are you looking for?

သတင်း

အိန္ဒိယရဲ့ ဩရိသ ပြည်နယ်မှာ ဆိုင်ကလုန်းမုန်တိုင်း မဝင်ရောက်ခင် ကြိုတင်ပြင်ဆင်မှုတွေ အရေးတကြီး လုပ်ဆောင်

အိန္ဒိယ နိုင်ငံ အရှေ့ပိုင်းက ဩရိသ ပြည်နယ်ဟာ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မယ့် အခြေအနေအတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်စေပြီး ကျောင်းတွေကိုလည်း ပိတ်ထားခိုင်းလိုက်ပါတယ်။

အိန္ဒိယ နိုင်ငံ အရှေ့ပိုင်းက ဩရိသ ပြည်နယ်ဟာ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မယ့် အခြေအနေအတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်စေပြီး ကျောင်းတွေကိုလည်း ပိတ်ထားခိုင်းလိုက်ပါတယ်။

ဒါ့အပြင် ဩရိသ ပြည်နယ်ထဲက နာမည်ကျော် အပန်းဖြေ ကမ်းခြေမြို့ဖြစ်တဲ့ ပူရီမှာလည်း လာရောက် လည်ပတ်တဲ့ ဧည့်သည်တွေကို အမြန်ဆုံး ပြန်ကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။ အင်အားပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်း ဒါနာဟာ အခုသီတင်းပတ် အကုန်ကျရင် ဩရိသ ပြည်နယ် ကမ်းရိုးတန်းကို ဖြတ်ကျော်ပြီး ကုန်းတွင်းဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

လောလောဆယ်မှာတော့ ဆိုင်ကလုန်းဟာ ဘင်္ဂလား ပင်လယ်အော်မှာပဲ ရှိနေသေးပြီး လေတိုက်နှုန်းက တစ်နာရီ ၁၂၀ ကီလိုမီတာလောက်ထိ အားကောင်းနေတယ်လို့ ဆိုပါတယ်။ ဆိုင်ကလုန်း မုန်တိုင်းဟာ အောက်တိုဘာ ၂၄ ရက် ညပိုင်းလောက်ကျရင် အိန္ဒိယ ပိုင်နက်ထဲ ဖြတ်သန်း ဝင်ရောက်ဖွယ် ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

ဩရိသ ပြည်နယ်မှာတော့ မုန်တိုင်းအကြို ပြင်ဆင်မှုတွေကို စတင်နေပြီး ခရိုင်ပေါင်း ၁၄ ခုမှာ ကျောင်းတွေကိုသီတင်းပတ် အကုန်ထိ ပိတ်ခိုင်းထားပါတယ်။ ဒါ့အပြင် တံငါလှေတွေကိုလည်း ပင်လယ်ပြင် မထွက်ဖို့ ဆော်ဩထားပြီး မုန်တိုင်း သတိပေး ကြေညာချက်ကို အမြင့်ဆုံးအဆင့် ထုတ်ပြန်ထားပါတယ်။

ရေလွှမ်းမိုးမှုတွေ ကြုံတွေ့နိုင်တဲ့ ဧရိယာတွေမှာလည်း ဒေသခံတွေကို ယာယီ ရွှေ့ပြောင်းပေးမယ့် အစီအစဉ်တွေ စတင် လုပ်ဆောင်နေပါတယ်။ ပူရီမြို့က ကမ်းခြေတွေကို လာရောက်တဲ့ ကမ္ဘာလှည့် ခရီးသည်တွေနဲ့ မြို့ထဲက ထင်ရှားတဲ့ ဂျာဂန်နက်သ် ဘရားကျောင်းဆီ ရောက်ရှိလာတဲ့ အနယ်နယ် အရပ်ရပ်က ဝတ်ပြုသူတွေကိုလည်း မုန်တိုင်းမဝင်မီ ထွက်ခွာကြဖို့ အကြံပြု တိုက်တွန်းထားပါတယ်။

ဩရိသမှာတော့ မုန်တိုင်းဝင်ရောက်ပြီး နောက်ထပ် ၃ ရက်လောက်ထိ မိုးသည်းသည်းထန်ထန် ရွာသွန်းနိုင်ကြောင်း မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။ မုန်တိုင်းကြောင့် နေအိမ်တွေနဲ့ အဆောက်အအုံတွေ ထိခိုက်တာ၊ စိုက်ခင်းတွေ ပျက်စီးတာ၊ ဓာတ်တိုင်တွေ ပြိုလဲတာ၊ ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်တာမျိုး အခြေအနေတွေ ကြုံတွေ့မယ်လို့လည်း တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

ဩရိသဟာ ဆိုင်ကလုန်း မုန်တိုင်းတွေနဲ့ မစိမ်းလှတဲ့ ပြည်နယ်တစ်ခု ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အချိန်တွေ ကြာလာတာနဲ့အမျှ မုန်တိုင်းဒဏ် ခံနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပိုမိုအားကောင်းလာတာကြောင့် မုန်တိုင်းတွေအတွင်း ကြုံတွေ့တဲ့ ထိခိုက်ပျက်စီးမှု၊ သေကြေ ဒဏ်ရာရမှုတွေကို လျှော့ချလာနိုင်ကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အာသံပြည်နယ်မှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၈၀ နီးပါးထိ ရှိလာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆန္ဒပြ ကျောင်းသားတွေကို မောင်းပြန်ရိုင်ဖယ်နဲ့ ချိန်ရွယ်ခဲ့တဲ့ ရဲတစ်ဦးဟာ ရာထူးတာဝန်တွေကနေ ဆိုင်းငံ့ ခံခဲ့ရပါတယ်။

သတင်း

အိန္ဒိယရေပိုင်နက်ထဲကိုတရားမဝင်ဝင်ရောက်တယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ မြန်မာရေလုပ်သား ၂၆ ဦးကို အိန္ဒိယက မြန်မာနိုင်ငံပြန်ပို့လိုက်တာမှာ စစ်တပ်က အိမ်သို့ပြန်မပို့ပဲ စစ်သင်တန်းကျောင်းကို တန်းပို့လိုက်တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်​တွေက​ပြောပါတယ်။

ဆောင်းပါး

တကယ်တော့ ဒီစာက အိမ်နီးချင်းကောင်းပီပီ ထိုင်းနိုင်ငံကို ကြိုတင်သတိပေးနိုင်ဖို့ အထူးပြုရေးတဲ့စာပါ။လက်မ တင်လေးဖြစ်ဖြစ်၊ လက်တစ်လုံးအလိုဖြစ်ဖြစ် ကြိုပြီးအသိပေးနိုင်၊ သတိပေးနိုင်ရင် ဆုံးရှုံးနစ်နာမှုဘေးကနေ ရှောင်လွှဲနိုင်မယ် မဟုတ်လား။