Connect with us

Hi, what are you looking for?

သတင်း

DANAမုန်တိုင်း အိန္ဒိယဘက်သို့ ရွေ့၊ မြန်မာတွင် မိုးအားလျော့

DANA မုန်တိုင်းသည် အိန္ဒိယနိုင်ငံကမ်းခြေဘက်သို့ ရွေ့လျားသွားခြင်းကြောင့် မြန်မာနိုင်ငံတွင် မိုးရွာသွန်းမှု သိသိသာသာပြန်လည်လျော့ကျသွားနိုင်သော်လည်း မြန်မာ့ကမ်းရိုးတန်း ဒေသများတွင် လှိုင်းကြီးနိုင်သေးကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM) က သတိပေးသည်။

ရန်ကုန်မြို့ သမိုင်းလမ်းဆုံနှင့် ​နေရာအချို့တွင် ​ရေကြီး​နေသည်ကို ​အောက်တိုဘာ ၂၂ ရက်က​တွေ့ရစဥ်။ဓာတ်ပုံ - People's Spring

လူအေး/People’s Spring

DANA မုန်တိုင်းသည် အိန္ဒိယနိုင်ငံကမ်းခြေဘက်သို့ ရွေ့လျားသွားခြင်းကြောင့် မြန်မာနိုင်ငံတွင် မိုးရွာသွန်းမှု သိသိသာသာပြန်လည်လျော့ကျသွားနိုင်သော်လည်း မြန်မာ့ကမ်းရိုးတန်း ဒေသများတွင် လှိုင်းကြီးနိုင်သေးကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM) က သတိပေးသည်။

ဘင်္ဂလားပင်လယ်အော်တွင် “DANA”အမည်ဖြင့် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နေပြီး အောက်တိုဘာ ၂၅ရက်တွင် အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေမြောက်ပိုင်းကို လေတိုက်နှုန်း တစ်နာရီလျှင် (၆၅)မိုင်မှ (၇၅)မိုင်ခန့်ဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု MOHADM က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် မြန်မာနိုင်ငံဒေသ အတော်များများတွင် မိုးရွာသွန်းမှု သိသိသာသာ ပြန်လည် လျော့ကျသွားနိုင်သည်ဟု ဆိုသည်။

ယနေ့ အောက်တိုဘာ ၂၄ရက်တွင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်သည်ဟု အသိပေးထားသည်။

ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားခြင်းမရှိသော်လည်း မုန်တိုင်း၏ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတလျောက်တွင် လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ပြီး လေတိုက်နှုန်းမှာလည်း တစ်နာရီလျှင် (၂၅) မိုင်မှ မိုင် (၄၀)ခန့်အထိ တိုက်ခတ်နိုင်ကြောင်း၊မြန်မာ့ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းဒေသများတွင် လှိုင်းကြီးခြင်းများ၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက် ကမ်းနီးကမ်းဝေး ရေလုပ်သားများအနေဖြင့် ပင်လယ်ပြင် ငါးဖမ်းထွက်ခြင်းကို ခေတ္တရပ်နားထားသင့်ကြောင်း MOHADNက အကြံပြုထားသည်။

“DANA”ဆိုင်ကလုန်းမုန်တိုင်းမဖြစ်မီ လေဖိအားနည်းရပ်ဝန်းဖြစ်နေချိန်၌ ရန်ကုန်တိုင်း၊ဧရာဝတီတိုင်းအပါအဝင် ဒေသအများအပြား၌ နေရာကွက်၍မိုးကြီးခဲ့သည်။

ရန်ကုန်တိုင်းအတွင်း မြို့နယ်များတွင် အောက်တိုဘာ ၂၁ရက် နံနက်မှစ၍ ရေကြီးနစ်မြုပ်မှုရင်ဆိုင်ခဲ့ရပြီး ယမန်နေ့ကစ၍ မိုးအားလျော့သွားပြီး ရေပြန်ကျနေသည်။

ဆက်စပ်သတင်းများ