Connect with us

Hi, what are you looking for?

သတင်း

ဆားတောင်မြို့တွင် စစ်သားနှင့်ပျူခေါင်းဆောင်သမီးမင်္ဂလာဆောင် ဒရုန်းဖြင့်တိုက်ခိုက်ခံရ

စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့တွင် စစ်သားနှင့်ပျူစောထီးခေါင်းဆောင်သမီး မင်္ဂလာပွဲကျင်းပနေစဥ် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

စစ်သားမင်္ဂလာဆောင်အား ဒရုန်းဖြင့်ဗုံးကြဲရန်ပြင်ဆင်နေစဥ်။ဓာတ်ပုံ - ကြောင်လက်သည်း

ဇေအောင်/People’s Spring

စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့တွင် စစ်သားနှင့်ပျူစောထီးခေါင်းဆောင်သမီး မင်္ဂလာပွဲကျင်းပနေစဥ် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၂၂ ရက် နံနက်က စစ်ကိုင်းမြို့နယ်၊ ရွှေဘို – မန္တလေးလမ်းပေါ်ရှိ ဆားတောင်မြို့တွင် စစ်ကောင်စီတပ်သားတစ်ဦးနှင့် ညောင်ငုတ်တိုပျူစောထီးကျေးရွာမှ ပျူခေါင်းဆောင်၏သမီးတို့ မင်္ဂလာဧည့်ခံပွဲ ကျင်းပနေစဥ် ဗုံးသီး ၈လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ကြောင်လက်သည်းတပ်ဖွဲ့တာဝန်ခံ ကိုဖတ်တီးက ပြောသည်။

Public Service Announcement

Public Service Announcement

“အထိုင်စခန်းက ရဲစခန်းထဲမှာ။ အာဝါဟလုပ်တာက စခန်းမြောက်ဘက် မျက်စောင်းထိုးက စာသင်ကျောင်းထဲမှာ အခမ်းအနားလုပ်တာ။ သတို့သား ခါးပေါက်တယ်။ လေးယောက် သေတယ်။”ဟု ၎င်းတာဝန်ခံက ဆိုသည်။

ထို့အပြင် မင်္ဂလာပွဲရှိ စစ်အုပ်စုနှင့်ပျူစောထီး ၁၆ ဦးခန့် ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ကြောင်လက်သည်းတပ်ဖွဲ့က အသိပေးသည်။

သို့သော် စစ်အုပ်စု၏ ထိခိုက်သေ​ဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ တိုက်ခိုက်မှုအား ကြောင်လက်သည်းတပ်ဖွဲ့နှင့်အတူ ဥပဒေ မီးတောက်တပ်ဖွဲ့၊ ဇာမဏီတပ်ဖွဲ့၊ Phoenix တပ်ဖွဲ့ ၊ ရွှေဘိုခရိုင်တပ်ရင်း (၁၅)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၂ ရက်က ဆားတောင်မြို့ ရဲစခန်းကို ကာကွယ်ရေးအဖွဲများက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ၍ စခန်းမသိမ်းနိုင်ခဲ့ပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့မှာ တိုက်ပွဲဖြစ်ပြီး တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားငါးဦးထက် မနည်းသေဆုံးပြီး လက်နက်ခဲယမ်းအချို့ရရှိတယ်လို့ ဆားတောင်မိုးကြိုးပြည်သူကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်ထဲကို စစ်ကြောင်းထိုးဖို့ကြိုးစားနေတဲ့ စစ်ကောင်စီစစ်ကြောင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်နေပြီး ဒေသတွင်းမှာ အန္တရာယ်ကြီးတဲ့ ပျူစောထီးခေါင်းဆောင်တစ်ဦးကို အရှင်ဖမ်းမိထားတယ်လို့ တန့်ဆည် PDF ဆီကနေ သိရပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ပျူစောထီးခေါင်းဆောင်အိမ်ကို ဝင်ရောက်တိုက်ခိုက်ရာ ပျူခေါင်းဆောင်အပါအဝင် ၅ ဦးသေဆုံးပြီး လက်နက် ၈ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့သရက်ခရိုင်အမှတ်(၃)တပ်ရင်း၊ငါးပြေမပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ဗိုလ်နဲ့ ရန်ဖြစ်လို့ အဖမ်းခံလိုက်ရတဲ့ မိတ္ထီလာကပျူ​စောထီးခေါင်းဆောင်ဒီကနေ့ညပြန်လွတ်လာတယ်လို့သတင်းရရှိပါတယ်။