Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာမြို့တွင် စစ်အုပ်စုက ဆိုင်ကယ်များအား အဓမ္မစစ်ဆေးငွေညှစ်နေ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် စစ်ကောင်စီ၏ ယာဥ်စစ်ဆေးရေးအဖွဲ့က ဆိုင်ကယ်များအား အဓမ္မစစ်ဆေးငွေညှစ်နေ ကြောင်း မြို့ခံများက ပြောသည်။

ရေကျော်နေသည့်လမ်းမှ ရှောင်ကွင်းသွားလာနေရသော ပြည်သူများအား တွေ့ရစဥ်။ဓာတ်ပုံ - CJ

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် စစ်ကောင်စီ၏ ယာဥ်စစ်ဆေးရေးအဖွဲ့က ဆိုင်ကယ်များအား အဓမ္မစစ်ဆေးငွေညှစ်နေ ကြောင်း မြို့ခံများက ပြောသည်။

မိတ္ထီလာမြို့တွင် စစ်ကောင်စီတပ်သား၊ ရဲ၊ ယာဥ်ထိန်းရဲနှင့်ပျူစောထီးများက လက်နက်များကိုင်ဆောင်၍ ဆိုင်ကယ်များအား စစ်ဆေးငွေညှစ်နေကြောင်း၊ ယာဥ်မောင်းလိုင်စင်၊ ယာဥ်လိုင်စင်၊ ဦးထုပ်၊ ဘက်မှန် အပြည့်အစုံပါသော်လည်း ပြစ်ချက်ရှာကာ ငွေညှစ်နေကြောင်း မိတ္ထီလာမြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“အနည်းဆုံးငါးထောင်တောင်းတယ်။ ပတ်မောင်းနေရတယ်။”ဟု မိတ္ထီလာမြို့ခံတစ်ဦးက ပြောသည်။

ယမန်နေ့ကလည်း ကျောင်းဆင်းချိန် ကျောင်းလာကြိုသူများအား ပစ်မှတ်ထားဖမ်းဆီးနေ၍ ဆိုင်ကယ်များမှာ ရေကျော်နေသည့်လမ်းမှပတ်၍ မောင်းနှင်နေရကြောင်း မိတ္ထီလာမြို့ခံများက ပြောသည်။

မြို့ပေါ်နေထိုင်သူများမှာ ဖမ်းနေကျနေရာများအားသိ၍ ရှောင်တိမ်းနိုင်သော်လည်း ကျေးရွာများမှ မြို့ပေါ်တက်စျေးလာဝယ်သူများမှာ ယာဥ်စစ်ဆေးရေးအဖွဲ့နှင့်တည့်တည့်တိုး၍ ဖမ်းဆီးငွေညှစ်ခံရကြောင်း ဒေသခံများက ပြောသည်။

မိတ္ထီလာမြို့သည် စစ်ကောင်စီ၏ လေတပ်စခန်းအပါအဝင် စစ်အုပ်စုတပ်စခန်းများ အများအပြားရှိပြီး ကာကွယ်ရေးအဖွဲ့များ လာရောက်တိုက်ခိုက်မည်ကိုစိုးရိမ်၍ မြို့ဝင်မြို့ထွက်များ၌ပါ စစ်ဆေးတင်းကြပ်နေကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သိုးခြံဘူတာအနီးက လုပ်ငန်းနဲ့ ဆိုင်ခန်း ၃၀ကို ဖယ်ရှားပေးဖို့ အာဏာသိမ်းစစ်တပ်ရဲ့လက်အောက်က မြန်မာ့မီးရထားက စာပို့ထားကြောင်း နီးစပ်သူတွေက ပြောပါတယ်။

သတင်း

လူထုဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ကို အလေးထားပြီး ခေတ်စနစ်ပြောင်းလဲရေး ရှေးရှုဖို့တိုက်တွန်း

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ စစ်တပ်ထောက်ပို့ယာဥ်က ဝင်တိုက်လို့ မူလတန်း ကျောင်းဆရာမ ၁ ဦးသေဆုံးပြီး ကျောင်းသူ ၁ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။