Connect with us

Hi, what are you looking for?

News

မိုးဗြဲတွင် စစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့်ပစ်ရာလူနေအိမ်ပေါ်ကျပြီး ပြည်သူတစ်ဦးသေ ၊တစ်ဦးဒဏ်ရာအပြင်းအထန်ရ

“အခုမနက် အစောကတည်းက လက်နက်ကြီးသံတွေဆက်တိုက်ကြားနေတာ။၁၀ နာရီလောက်မှာတော့ ရပ်သွားတယ်”ဟု ၎င်းက ဆက်ပြောသည်။

မိုးဗြဲမြို့နယ်တွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့(အောက်တိုဘာ၂၄)နံနက်တွင် လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် လူနေအိမ်များပေါ်ကျရောက်ပြီး ပြည်သူတစ်ဦး သေဆုံးကာ၊ တစ်ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“လက်နက်ကြီး က လူနေအိမ်ပေါ်ကြတာ။အဲဒီအိမ်မှာရှိတဲ့ အမျိုးသမီးနှစ်ဦးစလုံး ထိတယ်။တစ်ယောက် က ဆုံးသွားပြီ။နောက်တစ်ယောက်က ဒဏ်ရာအပြင်းအထန်ရလို့ လွိုင်ကော်ဆေးရုံကို အခုပို့နေတယ်”ဟု မိုးဗြဲလူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိုးဗြဲအခြေစိုက် စစ်ကောင်စီတပ်ရင်း (၄၂၂)က ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒေသခံများအနေဖြင့် အမြန်ဆုံးတိမ်ရှောင်ရန် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း သတိပေးနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အခုမနက် အစောကတည်းက လက်နက်ကြီးသံတွေဆက်တိုက်ကြားနေတာ။၁၀ နာရီလောက်မှာတော့ ရပ်သွားတယ်”ဟု ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးအသုံးပြု၍ ကယားပြည်နယ်အတွင်း လူနေအိမ်များ ဘုရားကျောင်းများကိုပါပစ်ခတ်မှုများမကြာခဏပြုလုပ်လေ့ရှိသည်။

အောက်တိုဘာ ၇ ရက်ကလည်း လွိုင်ကော်မြို့နယ်ရှိ နမ့်ဘော်ဝမ်ရပ်ကွက် ၌ လက်နက်ကြီး ကျရောက်ခဲ့ရာ ပြည်သူတစ်ဦးသေဆုံးပြီး လေးဦးထက် မနည်းထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

Facebook