Connect with us

Hi, what are you looking for?

သတင်း

ကျန်းမာရေးဆိုးရွားနေတဲ့ ဝန်ကြီးဦးဝင်းခိုင်ကို စစ်ကောင်စီ လွတ်ငြိမ်းပေး

ဦးဝင်းခိုင်ဟာ NLD အစိုးရ လက်ထက်မှာ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်ခန့်အပ်ခံရသူဖြစ်ပြီး စစ်တပ်အာဏာသိမ်းတဲ့နေ့မှာပဲ ဖမ်းခံရသူဖြစ်ပါတယ်။

ကျန်းမာရေးဆိုးရွားနေတဲ့ ဝန်ကြီးဦးဝင်းခိုင်ကို စစ်ကောင်စီ လွတ်ငြိမ်းပေး
ကျန်းမာရေးဆိုးရွားနေတဲ့ ဝန်ကြီးဦးဝင်းခိုင်ကို စစ်ကောင်စီ လွတ်ငြိမ်းပေး

ဆိုင်းမင်း/People’s Spring

မန္တလေး အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းချထားတဲ့ NLD အစိုးရ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင် ကျန်းမာရေးဆိုးရွားလာတာကြောင့် ဆေးရုံ မှာ အရေးပေါ်ကုသမှု ခံယူနေချိန်မှာ စစ်ကောင်စီက လွတ်ငြိမ်းပေး လိုက်တယ်လို့ သိရပါတယ်။

အသက် ၇၃ နှစ်အရွယ် ဦးဝင်းခိုင် ထောင်တွင်းမှာ ကျန်းမာရေးဆိုးရွာလာလို့ မန္တလေးဆေးရုံကြီး အထူး ကြပ်မတ်ကုသဆောင်မှာ ကုသမှု ခံယူနေချိန် ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီ က လွတ်ငြိမ်းခွင့် လာရောက်ဖတ်ကြားတာလို့ မန္တလေး စစ်ကောင်စီအုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူထံကသိရပါတယ်။

ဦးဝင်းခိုင်ရဲ့ နောက်ဆုံးအခြေအနေကိုတော့မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

ဦးဝင်းခိုင်ဟာ NLD အစိုးရ လက်ထက်မှာ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်ခန့်အပ်ခံရသူဖြစ်ပြီး စစ်တပ်အာဏာသိမ်းတဲ့နေ့မှာပဲ ဖမ်းခံရသူဖြစ်ပါတယ်။

အဲဒီနောက် အဂတိလိုက်စားမှုပုဒ်မတွေနဲ့ထောင်ဒဏ် ၂၈ နှစ်ချခံရပါတယ်။

အကျဉ်းကျခံနေရချိန် မှာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလုံလောက်လောက်မရခဲ့ဘူးလို့ သိရပါတယ်။

အောက်တိုဘာလ ပထမ ပတ်အတွင်းကလည်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေးဆိုးရွားလာပြီး မန္တလေးဆေးရုံကြီးအထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူရင်းဆုံးပါးခါနီးအချိန်ရောက်မှ စစ်ကောင်စီက ဆေးရုံမှာ လွတ်ငြိမ်းခွင့် လာရောက်ဖတ်ကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook