Connect with us

Hi, what are you looking for?

သတင်း

စဥ့်ကူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကိုင်းတိုင်း၌ အကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့် ဘီလူးစစ်ကြောင်းကို မန္တလေး PDF က ဖမ်းဆီးရမိ

စဥ့်ကူးမြို့ကို ဇူလိုင် ၁၇ ရက်က သိမ်းပိုက်နိုင်ခဲ့စဥ် စစ်ကိုင်းတိုင်း၌ အကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့် ဘီလူးစစ်ကြောင်းကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေး PDF၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။

(ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး)၏အချုပ်​ဆောင်ကို စစ်ကောင်စီက​အောက်တိုဘာ၂၈ ရက်တွင် လေကြောင်းမှတိုက်ခိုက်ပြီးနောက် အပျက်အစီးများကိုတွေ့ရစဥ်။ဓာတ်ပုံ-MDY PDF)
(ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး)၏အချုပ်​ဆောင်ကို စစ်ကောင်စီက​အောက်တိုဘာ၂၈ ရက်တွင် လေကြောင်းမှတိုက်ခိုက်ပြီးနောက် အပျက်အစီးများကိုတွေ့ရစဥ်။ဓာတ်ပုံ-MDY PDF)

▪︎စစ်တပ် လေကြောင်းတိုက်ခိုက်မှုတွင် ဘီလူးစစ်ကြောင်းမှ ၄ ဦး သေဆုံး

ဇေအောင်/People’s Spring

စဥ့်ကူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကိုင်းတိုင်း၌ အကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့် ဘီလူးစစ်ကြောင်းကို မန္တလေး PDF က ဖမ်းဆီးရမိခဲ့ပြီး ယမန်နေ့က လေကြောင်းတိုက်ခိုက်မှုတွင် ဘီလူးစစ်ကြောင်းမှ ၄ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။

စဥ့်ကူးမြို့ကို ဇူလိုင် ၁၇ ရက်က သိမ်းပိုက်နိုင်ခဲ့စဥ် စစ်ကိုင်းတိုင်း၌ အကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့် ဘီလူးစစ်ကြောင်းကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေး PDF၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။

(ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး)၏အချုပ်​ဆောင်ကို စစ်ကောင်စီက​အောက်တိုဘာ၂၈ ရက်တွင် လေကြောင်းမှတိုက်ခိုက်ပြီးနောက် အပျက်အစီးများကိုတွေ့ရစဥ်။ဓာတ်ပုံ-MDY PDF)
(ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး)၏အချုပ်​ဆောင်ကို စစ်ကောင်စီက​အောက်တိုဘာ၂၈ ရက်တွင် လေကြောင်းမှတိုက်ခိုက်ပြီးနောက် အပျက်အစီးများကိုတွေ့ရစဥ်။ဓာတ်ပုံ-MDY PDF)

“ကျွန်တော်တို့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဘီလူးစစ်ကြောင်းဆိုတာက အညာဒေသမှာစစ်ရာဇဝတ်မှု အများကြီး ကျူးလွန်ပြီးတော့ ပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ ဘီလူးစစ်ကြောင်းဖြစ်ပါတယ်။ ဒီဘီလူးစစ်ကြောင်းကို စဥ့်ကူးမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။”ဟု မန္တလေး PDF၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးရမိသည့် ဘီလူးစစ်ကြောင်းမှ စစ်သားအရေအတွက်ကိုမူ မသိရှိရပေ။

အောက်တိုဘာ၂၈ ရက်၊ ညနေ ၆ နာရီခွဲခန့်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ စစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိခဲ့သော ဘီလူးစစ်ကြောင်းမှ စစ်သားများအပါအဝင် စစ်သုံ့ပန်းများထားရှိရာ အချုပ်ဆောင်အား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ရာ စစ်သုံ့ပန်း၈ဦး အပါအဝင် ၁၂ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၆၀ဦးဝန်းကျင် ရှိခဲ့ကြောင်း မန္တလေး PDFက ထုတ်ပြန်ခဲ့သည်။

“သေဆုံးသွားတဲ့ စစ်သုံ့ပန်းစာရင်းထဲမှာ ဘီလူးစစ်ကြောင်းက ၄ ဦးပါပါတယ်။” ဟု မန္တလေး PDF၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။

အလားတူ သြဂုတ် ၁၄ရက်ကလည်း မန္တလေးတိုင်း၊ မိုးကုတ်နှင့် သပိတ်ကျင်းမြို့နယ်ကြားတွင် စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်းမှူး ဂျက်ဖိုက်တာအပါအဝင် ငါးဦးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၏ ရဲဘော်များက အရှင်ဖမ်းဆီးနိုင်ခဲ့သည်။

ဘီလူးစစ်ကြောင်းသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က အရာတော်မြို့နယ်၊ မလဲသာကျေးရွာသို့ ရဟတ်ယာဥ်နှစ်စီးဖြင့် အင်အား ၇၀ခန့်ရောက်ရှိလာပြီးနောက် စစ်ကိုင်းတိုင်းအတွင်း စစ်ကြောင်းထိုးခဲ့သည်။

(ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး)၏အချုပ်​ဆောင်ကို စစ်ကောင်စီက​အောက်တိုဘာ၂၈ ရက်တွင် လေကြောင်းမှတိုက်ခိုက်ပြီးနောက် အပျက်အစီးများကိုတွေ့ရစဥ်။ဓာတ်ပုံ-MDY PDF)
(ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး)၏အချုပ်​ဆောင်ကို စစ်ကောင်စီက​အောက်တိုဘာ၂၈ ရက်တွင် လေကြောင်းမှတိုက်ခိုက်ပြီးနောက် အပျက်အစီးများကိုတွေ့ရစဥ်။ဓာတ်ပုံ-MDY PDF)

နောက်တစ်ရက် ဖေဖော်ဝါရီ ၂၅ရက်တွင် မြင်းမူမြို့နယ်မြောက်ပိုင်းရှိ ပဒတ္တိုင်းရွာကို စီးနင်းစဉ် မိုင်းဆွဲတိုက်ခိုက်ရန် ကြိုးပမ်းသည့် ကိုမော်ကွန်းဆိုသူ ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကိုလည်း အပိုင်းပိုင်း ခုတ်ထစ်သတ်ဖြတ်ခဲ့သည်။

ထို့နောက် ဖေဖော်ဝါရီ ၂၆ရက်တွင် ကန်တော်ရွာ ဆက်လက်စီးနင်းစဉ် ကာကွယ်ရေးအဖွဲ့ဝင် လေးဦးကို ထပ်မံခေါင်းဖြတ်သတ်ခဲ့ကြသည်။

အရာတော်မှတဆင့် စစ်ကိုင်းနှင့် မြင်းမူနယ်ရှိ ကျေးရွာပေါင်း ၁၀ ရွာထက်မနည်း ဝင်ရောက်စီးနင်းပြီး မြင်းမူမြို့နယ် ပဒတ္ထိုင်း၊ ညောင်ပင်ရွာ၊ ကန်တော်၊ ကန်ပြားရွာ၊ ညောင်းရင်းရွာတို့မှ ဒေသခံ ပြည်သူ ၂၃ ဦးနှင့် ကာကွယ်ရေးအဖွဲ့ဝင်၅ ဦးကို သတ်ဖြတ်ခဲ့သည်။ သတ်ဖြတ်ခံရသူများအနက် အချို့မှာ ဦးခေါင်း၊ ခြေ၊ လက်နှင့် အင်္ဂါအစိတ်အပိုင်းများ ဖြတ်တောက်ခံခဲ့ရသည်။

၂၀၂၃ မတ်လ ၁ရက်က စစ်ကိုင်းမြို့နယ် တာတိုင်ရွာတွင် ဒေသခံပြည်သူ ၁၇ဦးအား သတ်ဖြတ်မှုမှာ နိုင်ငံတကာမီဒီယာများမှာပင် ​ဖော်ပြခဲ့သောဘီလူးစစ်ကြောင်း၏ ထင်ရှား​သည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်သည်။

တာတိုင်ရွာတွင် သတ်ဖြတ်ခံရသူ ၁၇ ဦးအနက် သုံးဦးမှာ အမျိုးသမီးများဖြစ်ကြပြီး ကျန်လူများမှာ အမျိုးသားများ ဖြစ်သည်။ အသက်အငယ်ဆုံးမှာ (၁၇)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး၊ အသက်ကြီးဆုံးအမျိုးသားမှာ (၆၇)နှစ်အရွယ်ဖြစ်သည်။ဘီလူးစစ်ကြောင်းမှူးဆိုသူက ၎င်းတို့စစ်ကြောင်းမှာ ဘီလူးစစ်ကြောင်းဟု တာတိုင်ရွာသားများအား စတင်ပြောဆိုမိတ်ဆက်ခဲ့သည်ဟု ဆိုသည်။ ထို့နောက် စစ်ကြောင်းထိုးကာ ကျေးရွာများ မီးရှို့ပြီးနောက် ဘီလူးစစ်ကြောင်းဟု စာရေးသားခဲ့သည်။

ထို့အပြင် ၂၀၂၃ မတ်လ ၅ ရက်က မြင်းမူမြို့နယ် လက္ကပင်ကျေးရွာတွင်ကျူးလွန်ခဲ့သည့် ဒေသခံရွာသား ၁၀ ဦးအား အစုလိုက်အပြုလိုက် သတ်ဖြတ်ခဲ့သည့်ဖြစ်ရပ်၊ ၂၀၂၃ ဩဂုတ်အတွင်း ဝက်လက်မြို့နယ်တွင် အရပ်သားပြည်သူ ခြောက်ဦး လည်လှီးအသတ်ခံရသည့် ဖြစ်ရပ်များလည်း ကျူးလွန်ခဲ့သေးသည်။

၂၀၂၃ မတ်လ ၃၀ရက်တွင် မြောင်မြို့နယ်၌ စစ်ကိုင်းခရိုင် တပ်ရင်းအမှတ် (၁)၏ ဒုတိယတပ်ရင်းမှူး ဗိုလ်ဆင်ရိုင်းအား ဘီလူးစစ်ကြောင်းက ခေါင်းဖြတ်သတ်ပြီး ပုခုံးပေါ်တင်သယ်သွားသည့် ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။