Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရန်သူ့ဒုံးကျည်တွေကို လေဆာရောင်ခြည်နဲ့ ပစ်ချတဲ့ လေကြောင်း ကာကွယ်ရေးစနစ် အသုံးပြုနိုင်ဖို့ အစ္စရေး လုံးပန်းနေ

အစ္စရေးဟာ ရန်သူ ဒုံးကျည်တွေကို လေဆာရောင်ခြည်နဲ့ ပစ်ချနိုင်မယ့် လေကြောင်း ကာကွယ်ရေး စနစ်ကို လက်တွေ့ အသုံးပြုနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်။

ရန်သူ့ဒုံးကျည်တွေကို လေဆာရောင်ခြည်နဲ့ ပစ်ချတဲ့ လေကြောင်း ကာကွယ်ရေးစနစ် အသုံးပြုနိုင်ဖို့ အစ္စရေး လုံးပန်းနေ
ရန်သူ့ဒုံးကျည်တွေကို လေဆာရောင်ခြည်နဲ့ ပစ်ချတဲ့ လေကြောင်း ကာကွယ်ရေးစနစ် အသုံးပြုနိုင်ဖို့ အစ္စရေး လုံးပန်းနေ

အစ္စရေး လက်နက် နည်းပညာ သုတေသန ပညာရှင်တွေက Iron Beamလို့ ကုတ်ဒ်နာမည် ပေးထားတဲ့ ကာကွယ်ရေး စနစ်ကို တစ်နှစ်အတွင်း လက်တွေ့ ဖြန့်ကျက် အသုံးပြုနိုင်ဖို့ မျှော်လင့်နေပါတယ်။ အစ္စရေးဟာ ကမ္ဘာပေါ်မှာ အဆင့်အမြင့်ဆုံး စာရင်းဝင် လေကြောင်းကာကွယ်ရေး စနစ်တွေကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံပါ။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရန်သူတော် အီရန်နဲ့ လက်ဝေခံ ပြောက်ကျားတပ်ဖွဲ့တွေရဲ့ ဒုံးကျည် ခြိမ်းခြောက်မှုတွေကို ပိုမို တွေ့ကြုံလာတဲ့နောက် အစ္စရေးဟာ လေကြောင်း ကာကွယ်ရေး စွမ်းရည်ကို ထပ်ဆင့် မြှင့်တင်ဖို့ အားထုတ်လာတာ ဖြစ်ပါတယ်။

သုတေသနပြု လေ့လာနေဆဲ လေဆာ ရောင်ခြည် နည်းပညာကို လက်တွေ့ အသုံးချနိုင်တဲ့ အဆင့်ထိ မြှင့်တင်နိုင်ရေးအတွက် အစ္စရေး စစ်တပ် (IDF)ဟာ အခုသီတင်းပတ်ထဲမှာ ပြည်တွင်း ကာကွယ်ရေး နည်းပညာ လုပ်ငန်းတွေဖြစ်တဲ့ Rafel၊ Elbit Systems ကုမ္ပဏီတွေနဲ့ ဒေါ်လာ သန်း ၅၀၀ ကျော် တန်ဖိုးရှိတဲ့ စာချုပ်တွေ ချုပ်ဆိုခဲ့ပါတယ်။ Rafaelဟာ အစ္စရေးရဲ့ နာမည်ကျော် Iron Dome လေကြောင်းကာကွယ်ရေး စနစ်ကို ထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီပါ။

Iron Beamဟာ စွမ်းအင် အရမ်းမြင့်မြင့် အသုံးပြုပြီး ထုတ်လုပ်လိုက်တဲ့ လေဆာရောင်ခြည်တန်းတွေကို ပစ်မှတ်နေရာ တစ်ခုတည်းဆီကို သိပ်သည်းဆ များများနဲ့ ပစ်လွှတ်ပြီး ဖျက်ဆီးစေမှာ ဖြစ်ပါတယ်။ အဲဒီ စနစ်ဟာ ရန်သူ့ ဒုံးကျည်တွေ၊ ဒရုန်းတွေ၊ မော်တာကျည်ဆန်တွေကို ကြားဖြတ် ပစ်ချနိုင်မှာ ဖြစ်တယ်လို့ အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။

လေဆာရောင်ခြည်သုံး ကာကွယ်ရေး စနစ်တွေဟာ စစ်ဆင်တိုက်ခိုက်မှု နည်းပညာမှာ ခေတ်သစ်တစ်ခုဆီ ချဉ်းကပ်ခြင်းလည်း ဖြစ်တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် အီယဲလ် ဇာမားက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေးဟာ Iron Beam စနစ်ရဲ့ မူကြမ်းအဆင့် prototypeကို ၂၀၂၁ ကတည်းက ပြသခဲ့ပြီး အခုတော့ လက်တွေ့ အသုံးပြုနိုင်တဲ့ အဆင့်ကို ရောက်ရှိဖို့ အပူတပြင်း လုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။

လေ့လာသူတွေကတော့ Iron Beamဟာ အစ္စရေးအတွက် နောက်ထပ် လေကြောင်းကာကွယ်ရေး အလွှာတစ်ခု ထပ်မံ ဖြည့်တင်းပေးနိုင်ပြီး ထိရောက်မှု အရရော၊ ကုန်ကျစရိတ် အရပါ အကျိုးကျေးဇူးတွေ ရရှိစေနိုင်တယ်လို့ ပြောပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး ရည်ရွယ်ချက်တွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ဆီက အဆိုပြုချက် ၁၅ ခုကို အစ္စရေးက ပယ်ချခဲ့ပါတယ်။

ဘာသာပြန်ဆောင်းပါး

“အနောက်ဘက်ကမ်းမှာ အခြေချနေထိုင်သူအစွန်းရောက် အစ္စရေးနိုင်ငံသား ယီနွန်လေဗီ ( Yinon Levy)ကို ပါလက်စတိုင်းတက်ကြွလှုပ်ရှားသူ အော်ဒေဟ်ဟာသာလင်း(Awdeh Hathaleen) သေဆုံးမှုအတွက် လူသေမှု နဲ့ အစ္စရေးနိုင်ငံက ၂၀၂၆ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က စွဲချက်တင် လိုက်ပါတယ်။

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။