Connect with us

Hi, what are you looking for?

သတင်း

တရုတ်က မင်းအောင်လှိုင်ကို နိုင်ငံတော်အဆင့် State Visit ဖိတ်ကြားခြင်းမဟုတ်ဘဲ ဒေသတွင်းဆွေးနွေးပွဲတက်ရောက်စေခြင်းသာဖြစ်ဟုဆို

တရုတ်နိုင်ငံဘက်မှ မည်သည့်ဌာန၊ မည်သို့သော အဆင့်ရှိသူက NUG ကို ပြန်လည်သတင်းစကားပေးပို့ခဲ့သည်ကိုမူ ရှင်းရှင်းလင်းလင်းမသိရပေ။

(အာဏာသိမ်း​ခေါင်း​ဆောင် နိုဝင်ဘာ ၅ ရက်တွင် တရုတ်သို့​ရောက်ရှိ​နေစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)
(အာဏာသိမ်း​ခေါင်း​ဆောင် နိုဝင်ဘာ ၅ ရက်တွင် တရုတ်သို့​ရောက်ရှိ​နေစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)

▪︎“ဒီခရီးစဥ်က တရုတ်နဲ့ မြန်မာပြည်သူလူထုအကြား၊ တရုတ်-မြန်မာဆက်ဆံရေးကို အထောက်အကူဖြစ်ဖို့ထက် အဖုအထစ်ဖြစ်သွားနိုင်ဖို့လို့ကို စစ်ကောင်စီကိုပဲ မျက်နှာမူပြီးဆက်ဆံတဲ့ ဆက်ဆံရေးမျိုး ဖြစ်နေလားဆိုတာကို ကျွန်မတို့ စိုးရိမ်မှုရှိတယ်ဆိုတဲ့အကြောင်းကိုတော့ ကျွန်မတို့ အကြောင်းကြားထားပြီးဖြစ်တယ်”

-NUG နိုင်ငံခြားရေးဝန်ကြီး

အီယိုရီ/People’s Spring

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ လက်ရှိ တရုတ်ခရီးစဥ်သည် နိုင်ငံတော်တရားဝင်ခရီးစဥ်(State ​Visit)မဟုတ်ဘဲ တရုတ်နိုင်ငံ ပြည်နယ်တစ်ခု၌ ပြုလုပ်သော ဒေသတွင်းဖိုရမ်(Regional Forum)တစ်ခုကို တက်ရောက်စေခြင်းသာဖြစ်သည်ဟု တရုတ်နိုင်ငံဘက်မှ သတင်းစကားပြန်လည်ရရှိခဲ့ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် ချင်းအမျိုးသားတပ်ဦး CNF တို့က ယနေ့(နိုဝင်ဘာ ၅ရက်)ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်ရာ NUG နိုင်ငံခြားရေးဝန်ကြီးက ယနေ့စတင်သော စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ တရုတ်ခရီးစဥ်နှင့်ပတ်သက်၍ ဖြေကြားခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ကျွန်မတို့ သဘောထားက အင်မတန်မှ ရှင်းလင်းပါတယ်။ ဒီတွေ့ဆုံမှု၊ ဒီလိုမျိုးဖိတ်ကြားမှု ဒီခရီးစဥ်က တရုတ်နဲ့ မြန်မာပြည်သူလူထုအကြား၊ တရုတ်-မြန်မာဆက်ဆံရေးကို အထောက်အကူဖြစ်ဖို့ထက် အဖုအထစ်ဖြစ်သွားနိုင်ဖို့လို့ကို စစ်ကောင်စီကိုပဲ မျက်နှာမူပြီးဆက်ဆံတဲ့ ဆက်ဆံရေးမျိုး ဖြစ်နေလားဆိုတာကို ကျွန်မတို့ စိုးရိမ်မှုရှိတယ်ဆိုတဲ့အကြောင်းကိုတော့ ကျွန်မတို့ အကြောင်းကြားထားပြီးဖြစ်တယ်။ နောက်ပိုင်း သိရသလောက်က state visit မဟုတ်ဘူး။ ပြည်နယ်တစ်ခုမှာပဲ​လုပ်တဲ့ regional forum တစ်ခုကို တက်ရောက်တာသာလျှင်ဖြစ်တယ်ဆိုတာကို ကျွန်မတို့ သတင်းစကားပြန်ရရှိခဲ့တာ ရှိပါတယ်”ဟု နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။

တရုတ်နိုင်ငံဘက်မှ မည်သည့်ဌာန၊ မည်သို့သော အဆင့်ရှိသူက NUG ကို ပြန်လည်သတင်းစကားပေးပို့ခဲ့သည်ကိုမူ ရှင်းရှင်းလင်းလင်းမသိရပေ။ သို့သော် NUG သည် တရုတ်နှင့် ဆက်ဆံရေးချန်နယ်များထားရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

“သို့သော် ဒီ channel တွေက အသံတွေကို ဘေဂျင်း(တရုတ်အစိုးရ)အနေနဲ့ ဘယ်လောက်အထိ နားထောင်သလဲ ဆိုတာကတော့ ကျွန်မတို့အနေနဲ့ အခုအချိန်အထိ အကြီးအကျယ်စိန်ခေါ်မှု ရှိနေဆဲပဲဖြစ်ပါတယ်”ဟု ဝန်ကြီး ဒေါ်ဇင်မာအောင်က ယနေ့သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ယနေ့(နိုဝင်ဘာ ၅ ရက်) နံနက်အစောပိုင်းတွင် တရုတ်သို့ ထွက်ခွာသွားပြီး နိုဝင်ဘာ ၆-၇ရက်များတွင် ကူမင်းမြို့၌ ပြုလုပ်မည့် ကျင်းပမည့် (၈)ကြိမ်မြောက် မဲခေါင်ဒေသခေါင်းဆောင်များ GMS(Greater Mekong Subregion) ထိပ်သီးညီလာခံ တက်ရောက်မည်ဟု သိရသည်။ မင်းအောင်လှိုင်၏ အဆိုပါခရီးစဥ်သည် စစ်အာဏာသိမ်းမှု ၄နှစ်နီးပါးအတွင်း တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ်သွားရောက်ခြင်းဖြစ်သည်။

မင်းအောင်လှိုင်၏ တရုတ်ခရီးစဥ်မတိုင်မီ ယင်းခရီးစဥ်နှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ပေးရန် NUG က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနထံ မေတ္တာရပ်ခံစာ ပေးပို့ခဲ့ကြောင်း သိရသည်။တရုတ်နိုင်ငံအနေဖြင့် ယင်းသို့ ဖိတ်ကြားခြင်း၊ဆောင်ရွက်ခြင်းက စစ်ကောင်စီကို အသိအမှတ်ပြုလိုက်သလို မဖြစ်ရန် လိုအပ်ကြောင်းလည်း မေတ္တာရပ်ခံစာ၌ ဖော်ပြထားသည်ဟု ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။

GMSထိပ်သီးညီလာခံကို တရုတ်ဝန်ကြီးချုပ် Li Qiang ဦးဆောင်ကျင်းပမည်ဖြစ်ပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ဝန်ကြီးချုပ် Li နှင့်သာ တွေ့ဆုံခွင့်ရှိမည်ဖြစ်ကာ သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံခွင့် ရမည်မဟုတ်ကြောင်း သတင်းရင်းမြစ်အချို့က ပြောသည်။

တရုတ်နိုင်ငံက စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် စစ်ကောင်စီကို ထိတွေ့ဆက်ဆံနေမှုမှာ နှစ်နိုင်ငံအကြား Bilateral ဆက်ဆံမှုအဆင့်သို့ မရောက်ရှိသေးဘဲ ဒေသတွင်းနိုင်ငံများပါဝင်သော Multilateral ဘောင်အတွင်း၌ပင် ရှိသေးကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူ၊ ဆောင်းပါးရှင် Otto က သုံးသပ်ထားသည်။

စစ်​ကောင်စီ ဝါဒဖြန့် တယ်လီဂရန်များ နှင့်မီဒီယာများတွင်မူအာဏာသိမ်း​ခေါင်း​ဆောင်၏ တရုတ်ခရီးစဥ်ကို နိုင်ငံ​တော်အဆင့် ခရီးစဥ်ဖြစ်ပြီး တရုတ်နိုင်ငံအကြီးအကဲများက ကြိုဆိုကြသည်ဟု ​ရေးသားဝါဒဖြန့်​နေကြသည်။ အာဏာသိမ်း​ခေါင်း​ဆောင် တရုတ်သို့ ​နေပြည်​တော်​လေဆိပ်မှ နိုဝင်ဘာ ၅ ရက် မနက်အ​စော ထွက်ခွာသွား​ပြီး ၂ နာရီ ခန့်အကြာတွင် ​လေဆိပ်၌ လက်လုပ်မိုင်း​ပေါက်ကွဲခဲ့သည်။ လက်လုပ်မိုင်း​ပေါက်ကွဲမှုသတင်းကို စစ်​ကောင်စီက ဖုံးကွယ်ထားပြီး အ​သေခံ ဒရုန်း ၂ စင်း ကို ​လေဆိပ် ပြင်ပတွင် စစ်​ကောင်စီက ပစ်ချဖျက်ဆီးနိုင်ခဲ့သည်ဟု သတင်းထုတ်လွှင့်ဖြန့်ချီ​နေသည်။

ဆက်စပ်သတင်းများ

သတင်း

မလေးရှားနိုင်ငံရောက် မြန်မာတိုင်းရင်းသားညွန့်ပေါင်းအဖွဲ့ COBEM နဲ့ NGO အဖွဲ့တွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပြီး မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ့်အစီအစဉ်နဲ့ မလေးရှားဝန်ကြီးချုပ်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံမယ့် အစီအစဉ်တွေကို ဒီကနေ့ (စက်တင်ဘာ ၂၄) ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၄ရက်နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စက်တင်ဘာ-၂၄၊၂၀၂၆။People’s Spring တိုင်းမ်(Time )မဂ္ဂဇင်းနဲ့ အင်တာဗျူးအတွက် မြန်မာ စစ်အာဏာရှင်မင်းအောင်လှိုင်ရဲ့ဓာတ်ပုံကို နေပြည်တော်မှာကျွန်တော်သွားရိုက်ပေးခဲ့ပါတယ်။ အနောက်နိုင်ငံ အခြေစိုက် မီဒီယာ တစ်ခုအတွက် သူ့ကို အခုလို ဓာတ်ပုံရိုက်ခွင့်ရတာ ပထမဆုံး(စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​နေပြည်​တော်ကိုသွားပြီးမင်း​အောင်လှိုင်ကိုဓါတ်ပုံရိုက်တာ)လည်း ဖြစ်နိုင်ပါတယ်။ သူ့လက်ထောက် တစ်ယောက်က ‘သမ္မတကို ဘယ်လိုပုံစံမျိုးနဲ့ ရှိစေချင်သလဲ’ဆိုပြီးကျွန်တော့်ကို လာမေးပါတယ်။...

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

Facebook