Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန် နျူကလီးယား အဆောက်အအုံတွေဟာ လွယ်ကူတဲ့ ပစ်မှတ်တွေ ဖြစ်လာပြီလို့ အစ္စရေး ကာကွယ်ရေး ဝန်ကြီးသစ်ဆို

အီရန်ရဲ့ နျူကလီးယား အဆောက်အအုံတွေဟာ ဘယ်တုန်းကမှနဲ့ မတူလောက်အောင် လွယ်ကူတဲ့ ပစ်မှတ်တွေ ဖြစ်လာနေပြီလို့ အစ္စရေး ကာကွယ်ရေး ဝန်ကြီးအသစ်က ပြောကြားလိုက်ပါတယ်။

အီရန်ရဲ့ နျူကလီးယား အဆောက်အအုံတွေဟာ ဘယ်တုန်းကမှနဲ့ မတူလောက်အောင် လွယ်ကူတဲ့ ပစ်မှတ်တွေ ဖြစ်လာနေပြီလို့ အစ္စရေး ကာကွယ်ရေး ဝန်ကြီးအသစ်က ပြောကြားလိုက်ပါတယ်။

ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုနဲ့ မူဝါဒရေးရာ အငြင်းပွားမှုတွေကြောင့် ဖယ်ရှားခံခဲ့ရသူ ယိုယက်ဗ်ဂဲလန့် နေရာမှာ ဆက်ခံတဲ့ အစ္စရေးကတ်ဇ်က အစ္စရေးဟာ အီရန်ရဲ့ နျူကလီးယား အဆောက်အအုံတွေကို တိုက်ခိုက်ချင်တယ်ဆိုရင် အရမ်းရိုးရှင်း လွယ်ကူတဲ့ အနေအထားမျိုးကို တွေ့နေရပြီလို့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားခဲ့ပါတယ်။

အစ္စရေး နိုင်ငံရဲ့ လုံခြုံရေးကို ထိပါးနိုင်တဲ့ ပြင်ပ ခြိမ်းခြောက်မှု မှန်သမျှကို ချေမှုန်းပစ်ရေးဆိုတဲ့ အစ္စရေးရဲ့ ဦးစားပေး ရည်မှန်းချက် အောင်မြင်ဖို့ အခုဆိုရင် လက်တစ်ကမ်းလောက်ထိ နီးစပ်လာနေပြီလို့ ကတ်ဇ်က ဆိုပါတယ်။

ကတ်ဇ်ရဲ့ မှတ်ချက်ဟာ အခုနှစ်အတွင်း အီရန်က အစ္စရေးကို ဒုံးကျည်တွေနဲ့ အစုလိုက် ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့ နှစ်ကြိမ်အတွင်း အစ္စရေးက လက်တုံ့ပြန်ရာမှာ အီရန်ရဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေကို ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း သတင်းတွေနဲ့လည်း ဆက်စပ်ဖွယ် ရှိပါတယ်။

Public Service Announcement

Public Service Announcement

သတင်းတွေအရ အစ္စရေးဟာ အီရန်အတွက် ရုရှားက ထောက်ပံ့ပေးထားတဲ့ S-300 လေကြောင်းကာကွယ်ရေး စနစ်အားလုံးကို ဖျက်ဆီးနိုင်ခဲ့ပြီး အဲဒီ အခြေအနေက အီရန်ရဲ့ လေကြောင်းရန် ကာကွယ်မှု စွမ်းရည်ကို သိသိသာသာ ချိနဲ့သွားစေတယ်လို့ သိရပါတယ်။

အစ္စရေး စစ်တပ်ကတော့ အဲဒီ စစ်ဆင်ရေးတွေအတွင်း ရန်သူရဲ့ ဘယ်လို ပစ်မှတ်တွေကို ချေမှုန်းခဲ့သလဲ ဆိုတာကို တိတိကျကျ မှတ်ချက်ပေးမထားပါဘူး။

အစ္စရေးက အီရန်ဟာ နျူကလီးယား လက်နက်တွေ တည်ဆောက်ဖို့ ကြံစည်နေတယ်လို့ နှစ်အတော်ကြာ စွပ်စွဲနေခဲ့ပြီး အီရန်ကတော့ စွမ်းအင်ကဏ္ဍ အတွက်သာ နျူကလီးယား နည်းပညာကို အသုံးပြုဖို့ ရည်ရွယ်ထားတာပါလို့ တုံ့ပြန် ငြင်းဆိုထားပါတယ်။

ကိုးကား: NDTV

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ရဲ့ ရေနံ ကုန်သွယ်ရေးအပေါ် ပိတ်ဆို့ထားမှုတွေကို အမေရိကန် အစိုးရက ဖြေလျှော့ပေးလိုက်ပါတယ်။

နိုင်ငံတကာ

အီရန်-အမေရိကန် ငြိမ်းချမ်းရေး ဆွေးနွေးမှုရဲ့ ကနဦး တွေ့ဆုံမှု အစီအစဉ်တွေဟာ စိတ်ကျေနပ်စရာ တိုးတက်မှုမျိုးတွေနဲ့ အောင်အောင်မြင်မြင် ပြီးဆုံးခဲ့တယ်လို့ အစည်းအဝေး ဖြစ်မြောက်အောင် ကူညီခဲ့တဲ့ ကာတာနဲ့ ပါကစ္စတန် အစိုးရတွေက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

၂၀၂၃အောက်တိုဘာကစပြီး ဂါဇာစစ်ပွဲအတွင်း ပါလက်စတိုင်းသတင်းထောက် အနည်းဆုံး ၂၆၀ ဦး သေဆုံးခဲ့

နိုင်ငံတကာ

လက်ဘနွန်မှာ အစ္စရေးက တိုက်ခိုက်မှုတွေ မရပ်တဲ့အတွက် ဟောမုဇ် ရေလက်ကြားကို ပြန်ပိတ်လိုက်ကြောင်း အီရန်စစ်တပ်က ကြေညာခဲ့ပါတယ်။