Connect with us

Hi, what are you looking for?

News

ကော့ကရိတ်နယ်ထဲက စစ်ဘေးရှောင် သုံးထောင်ကျော်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီး ၅၀ ပါဝင်

အောက်တိုဘာလ အစောပိုင်းကစပြီး ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ အကြမ်းဖက်စစ်ကောင်စီတို့ကြား ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် ကော့နွဲ့၊ အံကလော်၊ မြို့ဟောင်း၊ ရွာသစ်စတဲ့ ကျေးရွာ ၁၀ ရွာက ဒေသခံပြည်သူ (၃၆၉၄) ဦး တိမ်းရှောင်ပြေးနေရပါတယ်။

တိုက်ပွဲကြောင့် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာက တိမ်းရှောင်ထွက်ပြေးနေရသူ ၃၀၀၀ ကျော်ရှိနေပြီး စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေ လိုအပ်နေကြောင်း တင်ပြလာတာတွေရှိတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ရဲ့ ကောက်ယူထားတဲ့ စာရင်းအရ သိရပါတယ်။

အောက်တိုဘာလ အစောပိုင်းကစပြီး ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ အကြမ်းဖက်စစ်ကောင်စီတို့ကြား ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် ကော့နွဲ့၊ အံကလော်၊ မြို့ဟောင်း၊ ရွာသစ်စတဲ့ ကျေးရွာ ၁၀ ရွာက ဒေသခံပြည်သူ (၃၆၉၄) ဦး တိမ်းရှောင်ပြေးနေရပါတယ်။

အဲ့ဒီအထဲမှာ ကိုယ်ဝန်ဆောင် အယောက် ၅၀ ပါရှိတယ်လို့ KHRG ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ စောလင်းထက်က ပြောပါတယ်။

“ထွက်ပြေးတိမ်းရှောင်နေရတဲ့ လူတွေက လောလောဆယ် လုံခြုံမှုရှိနေတယ်ပြောတယ်။ သူတို့တွေ အခြေခံအစားအစာနဲ့ဆေးဝါးတွေလိုအပ်တဲ့အကြောင်း တင်ပြတာရှိတယ်။ သူတို့ရဲ့အိမ်တွေ တဲတွေ အိုးခွက်ပန်းကန်တွေ အိမ်မွေးတိရိစ္ဆာန်တွေ ပျက်စီးသွားတာရှိပါတယ်။ နောက်ပြီးတော့ ဒီစစ်ကောင်စီနဲ့ BGF ကနေပြီးတော့ ဆိုင်ထဲက ပစ္စည်းတွေယူသွားတာတို့ သူတို့ရဲ့ အိမ်မွေးတိရိစ္ဆာန်ယူသွားတာတို့ အဝတ်အထည်ယူတာတို့ မှတ်တမ်းတွေရှိပါတယ်” လို့ KHRG ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ စောလင်းထက်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့သူတွေအတွက် အကူအညီအများကြီးလိုအပ်နေပြီး ကျေးရွာတွေထဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဝင်ရောက်တပ်စွဲနေရာယူထားကာ တားဆီးစစ်ဆေးမေးမြန်းတာ၊ အကူအညီပေးမှုကို တားဆီးပိတ်ပင်တာတွေကြောင့် သွားရောက်ကူညီလုပ်ဆောင်ဖို့ ခက်ခဲနေတယ်လို့ KHRG အဖွဲ့က ထုတ်ပြန်ထားတာပါ။

လတ်တလောမှာ နှစ်ဖက်စစ်ရေးတိုက်ပွဲတွေ ငြိမ်သက်နေပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ဒေသခံရွာသားတစ်ဦးအလောင်းကိုတော့ ဒီကနေ့မနက်ပိုင်းက တူးဖော်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဒေသခံရွာသားတွေကို ဖမ်းဆီးခေါ်ဆောင်ပြီး ဓားစာခံပြုလုပ်ထားတဲ့အပြင် ရွာအတွင်းမှာကျန်ရှိနေတဲ့ ရွာသားတွေအနေနဲ့ ထွက်ပြေးပါက ရွာကိုမီးရှို့ပစ်မယ်လို့ ပြောဆိုခဲ့တဲ့အပြင် ဒေသခံတွေရဲ့ နေအိမ်ဆိုင်ခန်းတွေကိုလည်း မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လု့ိ KHRG အဖွဲ့မှတ်တမ်းအရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

ထားဝယ်ဒေသအတွင်း လူသားချင်းစာနာထောက်ထားရေး၊ ပညာရေး လုပ်ငန်းများ ဆောင်ရွက်နေတဲ့ လူငယ် ၃ဦးကို စစ်တပ်က ဖမ်းဆီးပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့တာ ကြားသိရတဲ့အပေါ် ဝမ်းနည်းကြေကွဲကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်)က ဒီကနေ့ ထုတ်ပြန်ပါတယ်။