Connect with us

Hi, what are you looking for?

သတင်း

ကွတ်ခိုင်လေကြောင်းတိုက်ခိုက်မှု ကလေးငယ် တစ်ဦးအပါအဝင် သုံးဦးသေဆုံး၊ ၁၃ဦး ဒဏ်ရာရဟု TNLAထုတ်ပြန်

နိုဝင်ဘာ ၁၇ရက်ည ၁၁နာရီ ၄၇မိနစ်တွင် စစ်ကောင်စီက ကွတ်ခိုင်မြို့ ရပ်ကွက် (၄)ကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

(စစ်​ကောင်စီ ဗုံးကြဲ သတ်ဖြတ်မှု​ကြောင့်​သေဆုံးခဲ့​သော လသားက​လေးငယ် နှင့် အပျက်အစီးများ ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီ ဗုံးကြဲ သတ်ဖြတ်မှု​ကြောင့်​သေဆုံးခဲ့​သော လသားက​လေးငယ် နှင့် အပျက်အစီးများ ။ဓါတ်ပုံ-CJ)

▪️လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ပတ်အတွင်း TNLAထိန်းချုပ်ဒေသရှိ ပြည်သူ ၂၃ဦးထက် မနည်းသေဆုံး၊၅၀ နီးပါး ဒဏ်ရာရ

ထားမြတ်/People’s Spring

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ယမန်နေ့(နိုဝင်ဘာ ၁၇ရက်) ညတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦးနှင့် အမျိုးသမီး နှစ်ဦးသေဆုံးပြီး ၁၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

နိုဝင်ဘာ ၁၇ရက်ည ၁၁နာရီ ၄၇မိနစ်တွင် စစ်ကောင်စီက ကွတ်ခိုင်မြို့ ရပ်ကွက် (၄)ကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

“နှစ်လသားအရွယ်ကလေးရယ်၊ မိခင်ဖြစ်သူရယ် နောက်ပြီးတော့ သက်ကြီးရွယ်အိုတစ်ဦးရယ် သေဆုံးတာ။ လူနေအိမ်တွေပေါ် ချတာမို့ အထိအခိုက်အရမ်းများတယ်”ဟု ကွတ်ခိုင်မြို့ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရသူ ၁၃ဦးအနက် ၆ဦးမှာ အမျိုးသမီးများဖြစ်ပြီး နေအိမ် ၈လုံးလည်း ထိမှန်ပျက်စီးခဲ့ကြောင်း TNLAက ဖော်ပြသည်။

စစ်ကောင်စီတပ်သည် လေကြောင်းကိုအသုံးပြုပြီး နေ့စဥ်ရက်ဆက် ပြည်သူများကို ဦးတည် ဗုံးကြဲချတိုက်ခိုက်လျက်ရှိ၍ ပြည်သူများအနေဖြင့် စစ်ရေးသတိရှိရန် ၊ လူစုလူဝေးမပြုလုပ်ရန် ၊လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက် ရန် TNLAက ထပ်မံနှိုးဆော်ထားသည်။

စစ်ကောင်စီသည် ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ဒေသများရှိမြို့ရွာများကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ အရပ်သားသေဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိသည်။

ပြီးခဲ့သည့်နိုဝင်ဘာ ၁၁ရက်မှ ယမန်နေ့ညအထိ တစ်ပတ်အတွင်း TNLA သိမ်းပိုက်ထိန်းချုပ်ထားသည့် နောင်ချို၊ မိုးကုတ်၊ မိုင်းငေါ့၊ ကွတ်ခိုင်မြို့များအား စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့ရာ ကလေးငယ်များ အပါအဝင် ပြည်သူများစွာ သေဆုံးထိခိုက်ခဲ့သည်။

TNLA၏ ထုတ်ပြန်ချက်များအရ တစ်ပတ်အတွင်း ပြည်သူ ၂၃ဦးထက်မနည်း သေဆုံးကာ ၅၀ နီးပါး ဒဏ်ရာရရှိခဲ့သည်ကို တွေ့ရသည်။

လေကြောင်းတိုက်ခိုက်မှုအပြင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဒဏ်ရာရသူများလည်းရှိခဲ့သည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် တရုတ်နိုင်ငံကပြန်လာပြီးရက်ပိုင်းအတွင်း စစ်ရှုံးထားသည့်ဒေသများရှိ ပြည်သူလူထုနေထိုင်ရာများသို့ လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့် ပြုလုပ်နေသည်။

နိုဝင်ဘာ ၁၁ရက်တွင် မိုးကုတ်မြို့လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူ ၉ဦးသေဆုံးကာ ၁၃ဦး ဒဏ်ရာရခဲ့သည်။ နိုဝင်ဘာ ၁၂ရက် နောင်ချိုမြို့လေကြောင်းတိုက်ခိုက်ခံရမှုတွင် လည်း ပြည်သူ ၁၁ဦးသေဆုံးပြီး ၁၁ဦး ဒဏ်ရာရရှိခဲ့သည်။

နိုဝင်ဘာ ၁၃ရက် နောင်ချိုမြို့ လေကြောင်း တိုက်ခိုက်မှုတွင် အမျိုးသား ၄ဦး ဒဏ်ရာရခဲ့သည်။ နိုဝင်ဘာ ၁၇ရက် မိုင်းငေါ့မြို့ လေကြောင်း တိုက်ခိုက်မှုတွင် အမျိုးသမီး ၅ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်ရေး၊ နိုင်ငံရေး ဘက်ပေါင်းစုံက ရှုံးနိမ့်နေသည့် စစ်ကောင်စီကို တရုတ်အစိုးရက အသက်ဆက် ပေးနေသည့် သဘောကြောင့် စစ်ကောင်စီက တရုတ်အားကိုးဖြင့် မြန်မာပြည်သူများအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေသည်ဟု စစ်ရေး နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က သုံးသပ်သည်။

(စစ်​ကောင်စီ ဗုံးကြဲ သတ်ဖြတ်မှု​ကြောင့်​ အပျက်အစီးများ။ ဓာတ်ပုံ-CJ)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။